မြဝတီ – စက်တင်ဘာ(၄)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ခရိုင်ရုံး ဒရုန်းနဲ့ဗုံးကြဲချခံခဲ့ရတဲ့အတွက် ဒုဗိုလ်မှူးကြီး အောင်ကျော်မင်း အပါအဝင် (၅) ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဖြစ်စဉ်မှာ စက်တင်ဘာလ(၃) ရက်နေ့ ညနေပိုင်းမှာ မြဝတီမြို့နယ်ခရိုင်ရုံး ဒရုန်းနဲ့ ဗုံးကြဲခံခဲ့ရပြီးနောက် စစ်တပ်နဲ့ထွေအုပ်တို့ လာရောက်စစ်ဆေးစဉ်ထပ်မံဗုံးကြဲချခံရတဲ့ အတွက် ထိခိုက်သေဆုံးရှိခဲ့တာပါ။

“ကျွန်တော်ကြားတာကဒရုန်းနဲ့လာပစ်တာပထမအကြိမ်ပစ်တာစာရေးတယောက်ဒဏ်ရာရတယ်။အဲတာကို ခရက နဲ့ သူ့လူတွေ ​လာကြည့်တာအဲ့မှာ သူတို့ထိတာ။ ရဲမှူးကမဆုံးသေးဘူး မဲဆောက်ဆေးရုံသွားတယ်။” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဗုံးကြဲခံခဲ့ရတဲ့အတွက် စစ်ကောင်စီ ဒုဗိုလ်မှူးကြီး အောင်ကျော်မင်း၊ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ခရိုင်ဦးစီး ဦးထွန်းထွန်းငြိမ်း၊ထွေအုပ်စာရေး ဦးပြည့်ဖြိုးအောင်၊ ယာဉ်ထိန်းရဲအုပ် နေလင်းစိုးတို့ သေဆုံးသွားတယ်လို့ ကနဦးသတင်းတွေအရသိရပါတယ်။

လက်တလောမှာတော့ ထိခိုက်ဒဏ်ရာရရှိသူတွေကို မြဝတီဆေးရုံမှာ ဆေးကုသပေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့မှာ သွားရောက်ဆေးကုသသူတွေရှိတယ် လို့ ဆိုထားပေမယ့် သံလွင်တိုင်းမ် အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

သတင်း-သံလွင်တိုင်းမ်

ဓာတ်ပုံ -CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.