ASEAN leaders pose for a group photo during the ASEAN summit held in Phnom Penh, Cambodia November 11, 2022. REUTERS/Cindy Liu

စင်္ကာပူ – စက်တင်ဘာ(၅) 

မြန်မာ့အရေး အကျပ်အတည်းတွေအပါအဝင် တခြားသော ကိစ္စရပ်တွေကို ဆွေးနွေးမယ့် (၄၃) ကြိမ်မြောက် အာဆီယံအစည်းအဝေးကို စင်္ကာပူဝန်ကြီးချုပ်က ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင် တက်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။ 

စက်တင်ဘာလ(၅) ရက်နေ့မှာ ကျင်းပမယ့် အစည်းအဝေးမှာ မြန်မာ့အရေးအပြင် တရုတ်ရဲ့ အသစ်ထုတ်ပြန်တဲ့ မြေပုံကိစ္စတွေကိုပါ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။ 

တရုတ်အစိုးရရဲ့ မြေပုံထုတ်ပြန်မှုကြောင့် တောင်တရုတ်ပင်လယ်အရေးမှာ တင်းအားတွေမြင့် တက်နေချိန် ဒီအစည်းအဝေးထွက်ပေါ်လာခဲ့တာပါ။

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးရုံးရဲ့ ထုတ်ပြန်ချက်အရ အာဆီယံဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု ဗိသုကာ ဆက်လက်ထိန်းသိမ်းဖို့နဲ့ ဗဟိုချက် အားကောင်းစေဖို့အတွက် သေချာမယ့် နည်းလမ်း တွေဆွေးနွေးသွားဖို့ရှိတယ်လို့ သိရပါတယ်။ 

“ဒေသတွင်းနှင့် နိုင်ငံတကာ ဖြစ်ပေါ်တိုးတက်မှုများအပေါ် အမြင်များဖလှယ်သွားမည်ဖြစ်ပြီး မြန်မာ့အရေးလည်း ပါဝင်မည်” လို့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

(၄၃) ကြိမ်ြမြောက်အာဆီယံ အစည်းအဝေးကို စင်္ကာပူဝန်ကြီးချုပ်အပါအဝင် ယာယီဝန်ကြီးချုပ် လောရန့်စ်ဝန်လည်း တက်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အာဆီယံအစည်းအဝေးကို ပြင်ပမိတ်ဖက်တွေဖြစ်တဲ့ ဩစတြေးလျ၊ကနေဒါ၊တရုတ်၊ အိန္ဒိယ၊ဂျပန်၊ တောင်ကိုရီးယားနဲ့ အမေရိကန် နိုင်ငံတွေလည်း တက်ရောက်ကြမှာဖြစ်တယ်လို့ သိရပါတယ်။

ထိုင်ဝမ်အရှေ့ဘက်မှာ နောက်ထပ်(၁၀)ခုမြောက် ဒက်ရှ်နယ်နိမိတ်အထိ ပါဝင်ဖော်ပြထားတဲ့ တရုတ်မြေပုံအသစ်ဟာ တောင်တရုတ်ပင်လယ်အားလုံးနီးပါးနဲ့ အိန္ဒိယ၊ရုရှားတို့မှာရှိတဲ့ ကုန်းမြေ ဧရိယာအများအပြားကို ပိုင်ဆိုင်တယ်လို့ ဆိုထားသလို အိန္ဒိယ၊မလေးရှား၊ထိုင်ဝမ်၊အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့ကတော့ ကန့်ကွက်ထားတယ်လို့ ဆိုပါတယ်။ 

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.