မော်စကို – စက်တင်ဘာ(၅) 

တူရကီ သမ္မတအာဒိုဂန်ဟာ ရုရှားခေါင်းဆောင် ပူတင်နဲ့ ဩဂုတ်လ(၄) ရက်နေ့က ရုရှားပင်လယ် နက် အပန်းဖြေစခန်း ဆိုချီမှာ တွေ့ဆုံစဉ် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာအကျပ်အတည်းကို လျော့ပါးစေဖို့ အကူအညီအဖြစ် ယူကရိန်းဆန်စပါးတင်ပို့မှု သဘောတူညီချက်ပြန်လည်ရရှိရေး ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။ 

ကုလသမဂ္ဂနဲ့ တူရကီတို့ ကြားဝင်စေ့စပ်ပေးပြီးနောက် တစ်နှစ်အကြာ ဇူလိုင်လမှာ ရုရှားက သဘောတူညီချက်မှ နုတ်ထွက်ခဲ့တာကြောင့် တူရကီနိုင်ငံကိုယ်တိုင် အစားအစာနဲ့ ဓာတ်မြေ ဩဇာတင်ပို့မှုမှာ အတားအဆီတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး လိုအပ်နေတဲ့ နိုင်ငံတွေကို ယူကရိန်းရဲ့ စပါး အလုံအလောက် မရရှိကြောင်းကို ပြစ်တင်ပြောဆိုခဲ့တာပါ။ 

ပူတင်ကို သဘောတူညီချက်အတိိုင်း လိုက်နာစေဖို့ တိုက်တွန်းချိန်မှာ အရင်က အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ သမ္မတအာဒိုဂန်နဲ့ ဆွေးနွေးပွဲဟာ မော်စကို စံတော်ချိန် နေ့လည်ပိုင်းမှာ ကျင်းပမှာဖြစ်တယ်လို့ ကရင်မလင်ပြောခွင့်ရ ဒီမီထရီ ပက်စကော့က ပြောခဲ့ပါတယ်။

အာဒိုဂန်ရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ လုံခြုံရေးအကြံပေး အကြီးအကဲက အေဟာဘာရုပ်သံလိုင်းနဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ဦးဆောင်မှုအခန်းကဏ္ဍက ပါဝင်နေတယ်လို့ ဆိုပါတယ်။ 

“လက်ရှိအနေအထား စပါးတင်ပို့မှုသဘောတူညီချက်ကို တနင်္လာနေ့ထိပ်သီးဆွေးနွေးပွဲမှာ ဆွေးနွေးမှာဖြစ်ပါတယ်။ ကျွန်တော်တို့ သတိထားနေပေမယ့် အောင်မြင်မှုရဖို့ မျှော်လင့်ပါတယ်” လို့သူက ပြောခဲ့ပါတယ်။ 

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ ရုရှားရဲ့ ယူကရိန်းကို အပြည့်အဝ ကျူးကျော်ဝင်ရောက်မှုကြောင့် ပိုမိုဆိုးရွားလာခဲ့တဲ့ ကမ္ဘာ့စားနပ်ရိက္ခအကျပ်အတည်းကို ဖြေလျော့ဖို့ သဘောတူညီချက်ဟာ ယူကရိန်းမှ စပါးတွေကို ပင်လယ်နက် ဖြတ်ပြီး ကမ္ဘာ့စျေးကွက်ကို ပို့ဆောင်ဖို့ ရည်ရွယ်တာဖြစ် တယ်လို့ သိရပါတယ်။ 

ရုရှားနဲ့ ယူကရိန်းတို့ဟာ စိုက်ပျိုးရေးထွက်ကုန်တွေမှာ ကမ္ဘာ့အဓိက နိုင်ငံနှစ်ခုဖြစ်ပြီး ဂျုံ၊ မုယာ၊ ပြောင်း၊မုန့်ညှင်းဆီ၊နေကြာစေ့နဲ့ နေကြာဆီစျေးကွက်တွေမှာ အဓိက ဦးဆောင်သူတွေလည်း ဖြစ်ပါတယ်။ 

အနောက်နိုင်ငံတွေက ရုရှားရဲ့ အစားအစာနဲ့ ဓာတ်မြေဩဇာတွေ တင်ပို့ရာမှာ လွယ်ကူချောမွေ့ စေဖို့ ကုလသမဂ္ဂနဲ့ တစ်ချိန်တည်း သဘောတူထားတဲ့ သီးခြားစာချွန်လွှာကို ဖြည့်ဆည်ပေးပါက စပါးသဘောတူညီချက်ကို ရုရှားက ပြန်သွားနိုင်တယ်လို့ ပူတင်က ဆိုထားပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် မော်စကိုရဲ့ အစားအစာနဲ့ ဓာတ်မြေဩဇာ တင်ပို့မှုမှာ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေ မခံရပေမယ့် ငွေပေးချေမှု၊ ထောက်ပံ့ပို့ဆောင်မှုနဲ့ အာမခံအပေါ် ကန့်သတ်မှုတွေကြောင့် တင်ပို့မှုကို အနှောင့်အယှက်ဖြစ်စေတယ်လို့ သိရပါတယ်။

အာဒိုဂန်ရဲ့ ဆွေးနွေးပွဲ မတိုင်ခင်မှာ ယူကရိန်းနိုင်ငံရဲ့ အဓိက စပါးတင်ပို့တဲ့ ဆိပ်ကမ်းတွေထဲက တစ်ခုကို ရုရှားဟာ ညတွင်းချင်း လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိ သူတွေက ပြောခဲ့ပါတယ်။

ယူကရိန်းနိုင်ငံ အိုဒါဆာဒေသက ဒန်အူဘီမြစ်ဆိပ်ကမ်းမှာ (၃) နာရီကြာ ဒရုန်းနဲ့ တိုက်ခိုက်မှု တစ်ခုဖြစ်ပွားခဲ့ပြီး ဂိုဒေါင်တွေနဲ့ ထုတ်လုပ်ရေး အဆောက်အအုံတွေကို ထိမှန်ကာ မောင်းသူမဲ့ လေယာဉ်အပျက်အစီးတွေကြောင့် အရပ်သား အခြေခံအဆောက်အအဦးအများအပြား မီးလောင်ခဲ့တယ်လို့ ဒေသအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အဲဒီသဘောတူညီချက်ကို ပြန်လည်အသက်သွင်းဖို့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလာဗရော့ကို ခိုင်မာတဲ့ အဆိုပြုချက်တစ်ခုပေးပို့ခဲ့တယ်လို့ ဩဂုတ်လ(၃၀) ရက်နေ့က ပြောခဲ့ပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.