August 2023

တရုတ်နိုင်ငံရဲ့ CellX မှ ဓာတ်ခွဲခန်းထုတ် အသားတွေကို စမ်းသပ်စီမံကိန်းအဖြစ် စတင် မိတ်ဆက်

ပေကျင်း – ဩဂုတ်(၁၁) ရှန်ဟိုင်းစက်မှုဇုန်အတွင်း မထင်မှတ်ထားတဲ့ စမ်းသပ်မှုနောက်မှာ CellX ကုမ္ပဏီဟာ တိရိစ္ဆာန် တွေရဲ့ ဆဲလ်းတွေကတဆင့် ဓာတ်ခွဲခန်းအတွင်းထုတ်လုပ်တဲ့ အသားကို ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဓာတ်ခွဲခန်းက ထုတ်လုပ်တဲ့ အဲဒီအသားတွေကို တစ်ပွဲစာထုတ်လုပ်ဖို့ အမေရိကန်ဒေါ်လာ (၁၃.၈၇) ဒေါ်လာထက်နည်းတဲ့ ပမာဏ ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။ ၂၀၂၀ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ ကုမ္ပဏီဟာ…

စစ်ကောင်စီ ခံစစ်အနေအထားကိုရောက်ရှိသွားပြီလို့ KNLA ဗိုလ်မှူးချုပ်ပြော

ကော်သူးလေ – ဩဂုတ်(၁၀) အာဏာသိမ်းစစ်ကောင်စီဟာ ထိုးစစ်ဆင်တာတွေလုပ်ဆောင်နိုင်စွမ်းမရှိတော့ဘဲ ခံစစ် အနေအထားကိုရောက်ရှိနေပြီး KNLA ဘက်က နယ်မြေတွေပိုမိုထိန်းချုပ်လာနိုင်တယ်လို့ KNLA စစ်ဦးစီး မှူး ပထမတန်း ဗိုလ်မှူးချုပ် စောတာမလာသောက ပြောပါတယ်။ ဒီနေ့ သြဂုတ်လ(၁၀) ရက်နေ့က အွန်လိုင်းကနေ ပြုလုပ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)ရဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောခဲ့တာပါ။ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေထဲမှာ မြောက်ဘက်ခြမ်းက…

ပြည်သူတွေကို နိုင့်ထက်စီးနင်းလုပ်တဲ့ PDF ရဲဘော်တွေကို ပြတ်ပြတ်သားသား ဖယ်ရှားပစ်မယ် လို့ ဦးရည်မွန်ပြော

မော်လမြိုင် – ဩဂုတ်(၁၀) PDF ကသာ အသက်စွန့်တိုက်ပွဲဝင်နေရတာ ဖြစ်တဲ့အတွက် PDF တွေဟာ ပြည်သူထက် ခေါင်းတလုံးပိုမြင့်တယ်ဆိုတဲ့ အတွေးအခေါ်ကို ဖယ်ထားကြပြီး လက်နက်ကိုင်ကာ ပြည်သူတွေ အပေါ် နိုင့်ထက်စီးနင်းလုပ်တဲ့ ရဲဘော်တွေကို ပြတ်ပြတ်သားသားဖယ်ရှားပစ်မယ်လို့ NUG ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ခွဲမှူး သင်တန်း အပတ်စဉ်(၂) သင်တန်းသားရဲဘော်တွေကို ဝန်ကြီးရဲ့…

ဖမ်းဆီးခံ ပညစ်ဒေသခံ ၁၀ ဦး အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေ

လောင်းလုံး၊ သြဂုတ်(၁၀) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ပညစ်ကျေးရွာကနေ ထားဝယ်ကိုဆေးကုသဖို့သွားတဲ့ ဒေသခံ ၁၀ ဦးဟာ ဖမ်းဆီးခံရပြီး ၆ ရက်အကြာတဲ့အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပညစ်ကျေးရွာနေဦးမြင့်နဲ့ မိသားစုဝင်တွေအပါအဝင် ဒေသခံ ၁၀ ဦးဟာ ပြီးခဲ့တဲ့ သြဂုတ် ၄ ရက်နေ့က ပညစ်ကျေးရွာကနေ ထားဝယ်မြို့ပေါ်သို့ ဆေးကုသဖို့သွားစဉ် စစ်ကောင်စီတပ်ရဲ့…

စစ်အာဏာသိမ်း (၉၂၀)ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၉၀၈ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ်(၁၀) AAPP ရဲ့ သြဂုတ်(၉)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၂၀)ရက်အတွင်း ပြည်သူ (၃၉၀၈)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၄၂၃၈ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၅၀၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး…

မွန်ပြည်နယ်မှာ လျှပ်စစ်မီး ပိုမိုပြတ်တောက်လာ

မော်လမြိုင်၊ သြဂုတ်(၁၀) မွန်ပြည်နယ်အတွင်းမှာ နွေရာသီကာလထက် လက်ရှိမိုးတွင်းကာလအတွင်း လျှပ်စစ်မီး ဆိုးရွားစွာ ပြတ်တောက်မှုနဲ့ ကြုံနေရတယ်လို့ SME လုပ်ငန်းရှင်တွေနဲ့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့နွေရာသီကာလတုန်းက စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းကနေ ရပ်ကွက်၊ ကျေးရွာတွေကို အုပ်စုတွေခွဲကာ တစ်ကြိမ်လျှင် ၂ နာရီ တစ်ရက်ကို လျှပ်စစ်မီး ၈ နာရီလောက် ဖြန့်ဝေပေးခဲ့တာပါ။ ဒါပေမယ့်…

မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုကျူးလွန်းမှု တစ်နေ့တခြား ပိုမိုပြင်းထန်လာတယ်လို့ စုံစမ်းရေးအဖွဲ့ပြော

စစ်ကိုင်း၊ သြဂုတ်(၁၀) အာဏာသိမ်းစစ်တပ်နဲ့ သူ့ရဲ့အပေါင်းအပါတွေက စစ်ရာဇဝတ်မှုတွေကို ကြိမ်ရေတိုးမြှင့်ကာ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ် ဆေးရေးအဖွဲ့ (IIMM) က ဩဂုတ် ၈ ရက်နေ့မှာ အစီရင်ခံစာထုတ်ပြန်ပါတယ်။ အစီရင်ခံစာအရ အရပ်သားတွေနဲ့ ဖမ်းဆီးရမိတဲ့ တိုက်ပွဲဝင်သူတွေကို အစုလိုက်အပြုံလိုက် ကွပ်မျက်တာတွေ ပိုတိုးလာခဲ့တဲ့အပြင် အရပ်သားနေအိမ်တွေနဲ့ အဆောက်အဦးတွေကို ရည်ရွယ်ချက်ရှိရှိ အကြီးအကျယ်…

ရေးမြို့နယ်အစင်ပစ်ခတ်မှုမှာ ရာအိမ်မှူးအပါအဝင် ၂ ဦး သေဆုံး ၃ ဦး ဒဏ်ရာရ

ရေး၊ သြဂုတ်(၁၀) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာ ဦးချစ်ဆွေလက်ဖက်ရည်ဆိုင်မှာ သြဂုတ် ၉ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့တဲ့ပစ်ခတ်မှုအတွင်း ရာအိမ်မှူးအပါအဝင် ၂ ဦး သေဆုံး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဦးချစ်ဆွေလက်ဖက်ရည်ဆိုင်မှာ အစင်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ ပြည်သူစစ်အဖွဲ့တွေရှိနေချိန် သေနတ်သမား ၂ ဦးက ဆိုင်ကယ်နဲ့လာပြီး…