မွန်ပြည်နယ်မှာ လူပေါင်း ၁၀,၀၀၀ ကျော် ရေဘေးသင့်၊ အရေးပေါ်အကူညီ လိုအပ်နေ
ဘီးလင်း ၊ ဩဂုတ်လ (၁၁) မွန်ပြည်နယ်ထဲမှာ သြဂုတ်လဆန်းပိုင်းကစပြီး ဖြစ်ပွားနေတဲ့ ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့် ပြည်သူ ၁၀,၀၀၀ ကျော်ကို ယာယီကယ်ဆယ်ရေးစခန်းတွေထံ ပြောင်းရွှေ့ထားရတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မွန်ပြည်နယ်ရဲ့ ဘီးလင်း၊ ကျိုက်ထို၊ ကျိုက်မရောမြို့နယ်တို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး အဲဒီထဲမှာ ဘီးလင်းမြို့နယ်ဟာ ရေကြီးမှုဒဏ်ကို…