TLT Tv||- ကမ္ဘာ့သတင်းဌာနကြီးတွေမှာ တစ်ပတ်အတွင်း ဖော်ပြခဲ့ကြတဲ့ နောက်ဆုံးရသတင်း
https://youtu.be/n0Z6Z4BYZ6E
https://youtu.be/n0Z6Z4BYZ6E
မြိတ်၊ သြဂုတ်(၁၃) တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်ထဲမှာ စစ်တပ်အာဏာသိမ်းကာလအတွင်း နာမည်ဆိုးနဲ့ကျော်ကြားတဲ့ စစ်တပ်ဒုဗိုလ်မှူးကြီး မျိုးမင်းထွန်းကို မြိတ်ခရိုင်စီမံကောင်စီအဖွဲ့ဝင် ၁ အဖြစ်ကနေ ထုတ်ပယ်ခံလိုက်ရတယ်လို့ ခရိုင်ကောင်စီအဖွဲ့နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒုဗိုလ်မှူးကြီးမျိုးမင်းထွန်းကို ပြီးခဲ့တဲ့ဇွန်လကတည်းက ခရိုင်ကောင်စီအဖွဲ့ဝင်ကနေ ထုတ်ပယ်ပြီးနောက် မူလတာဝန်ဖြစ်တဲ့ မြိတ်မြို့နယ်၊ ရွှေဒူးကျေးရွာရှိ အမှတ် ၁၂ တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်းမှာ ဒုကျောင်းအုပ်အဖြစ် စစ်ဘက်ဆိုင်ရာ တာဝန်ပြန်လည် ထမ်းဆောင်နေရတာပါ။ မြိတ်ခရိုင်ကောင်စီအဖွဲ့နဲ့…
တနင်္သာရီ၊ သြဂုတ်(၁၃) တနင်္သာရီတိုင်းဒေသကြီးထဲမှာ ပြီးခဲ့တဲ့ ဇူလိုင်လတစ်လအတွင်း စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၁၈၆ ဦးကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးခဲ့သလို အသတ်ခံရတဲ့ အရပ်သား ၉ ဦး ရှိတယ်လို့ ဒေသအခြေစိုက်သုတေသနအဖွဲ့ ဖြစ်တဲ့ FE5 Tanintharyi က ထုတ်ပြန်ပါတယ်။ အရပ်သားပြည်သူတွေဟာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးစဉ် လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရတာ၊ စစ်ကြောင်းချီတက်ရာ လမ်းတစ်လျှောက် ပေါ်တာဆွဲခံရတာ၊…
ကော့ကရိတ်၊ သြဂုတ်(၁၃) အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီရဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က တပ်ဖွဲ့ဝင်တွေဟာ စစ်ကောင်စီခွင့်ပြုချက်နဲ့ လုံခြုံရေးကင်းလှည့်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA တပ်ဖွဲ့ဝင်တွေဟာ အခုရက်ပိုင်းထဲမှာပဲ သထုံခရိုင်အုပ်ချုပ်ရေး နယ်မြေဖြစ်တဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ မွန်ကျေးရွာတချို့နဲ့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ မွန်ကျေးရွာတချို့တို့မှာ လုံခြုံရေးကင်းလှည့်ဆောင်ရွက်မှုတွေ ထပ်တိုးလုပ်ဆောင်လာတာပါ။ မွန်ပြည်သစ်တပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ဇူလိုင်ဒုတိယပတ်ကစပြီး မုဒုံမြို့နယ်၊…
နေပြည်တော်၊ သြဂုတ်(၁၃) နိုင်ငံတော်အာဏာအရပ်ရပ်ကို လက်နက်အားကိုးနဲ့ မတရားသိမ်းယူထားတဲ့ စစ်ခေါင်းဆောင်ဟာ စစ်ရေးအပြင် အုပ်ချုပ်ရေးစီမံခန့်ခွဲမှုတွေမှာ စစ်ဗိုလ်ချုပ်တွေကို နေရာပိုပေးလာတယ်လို့ နိုင်ငံရေးအကဲ ခတ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တိုင်းပြည်မတည်ငြိမ်မှု အကြောင်းပြချက်နဲ့ နိုင်ငံတော်ကို အရေးပေါ်ကာလအဖြစ် သြဂုတ် ၁ ရက်နေ့က ဇန်နဝါရီ ၃၁ ရက်နေ့အထိ ၆ လ သက်တမ်းထပ်တိုးထားတဲ့ စစ်ကောင်စီဟာ ကောင်စီအဖွဲ့ကို ပြန်…
အာဏာသိမ်းကာလ နှစ်နှစ်ခွဲကျော်အတွင်း တစ်စထက်တစ်စ မြန်နှုန်းမြင့်လာနေတဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးတိုက်ပွဲကြားမှာ နိုင်ငံတကာ ဖိအားနဲ့အတူ နယ်မြေတည်ငြိမ်ရေးကို ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက အသည်းအသန် ကြိုးပမ်းနေရပါတယ်။ ဒီအခြေအနေမှာ သမ္မတအိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေသူ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ လက်နက်အားကိုးပြီး သွေးစွန်းလက်နဲ့ အဓမ္မအရယူထားတဲ့ နိုင်ငံ့အာဏာကို မစွန့်လွတ်နိုင်ဘူးဆိုတာ အချက်အလက်တွေက ပြနေပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့မှာ…
သံဖြူဇရပ်၊ သြဂုတ်(၁၃) မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာ၊ ရွာသာယာကျေးရွာအနီးမှာ သြဂုတ် ၁၁ ရက်နေ့ မနက်ပိုင်းက မြေသယ်ယာဉ်နဲ့ လိုက်ပါလာတဲ့ ရိုဟင်ဂျာ ၁၄၅ ဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရေးမြို့နယ်ကနေ သံဖြူဇရပ်မြို့နယ်သို့ မောင်းနှင်လာတဲ့ မြေသယ်ယာဉ် ၄ စီးမှာ ရိုဟင်ဂျာတွေ လိုက် ပါလာတယ်ဆိုတဲ့ သတင်းအရ…
မော်လမြိုင် – ဩဂုတ်(၁၂) မိုးဆက်တိုက်ရွာသွန်းမှုကြောင့် တောင်ကျရေ အဆမတန်မြင့်တက်လာပြီး ကျောင်းသားလက်ရုံးတပ်တော် ဗဟိုလေ့ကျင့်ရေးကွင်းမှာ ရှိတဲ့ ရုံးအဆောက်အအုံတချို့နဲ့ ရုံးလုပ်ငန်းသုံးပစ္စည်းတွေ ပျက်စီးဆုံးရှုံးမှုရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ပျက်စီးဆုံးရှုံးမှုတွေမှာ စိုက်ပျိုးထားတဲ့အခင်းတွေလည်း ပါဝင်သွားသလို တခြားပစ္စည်းတွေနဲ့ ကာလတန်ဖိုး ကျပ်သိန်း(၁၀၀) နီးပါးအထိရှိခဲ့တယ်လို့ သိရပါတယ်။ ကျောင်းသားလက်ရုံးတပ်တော်ဟာ စစ်အာဏာရှင်တော်လှန်ရေး လုပ်ငန်းတွေလုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံတဝှမ်းက တက္ကသိုလ်ကျောင်းသားတွေဦးဆောင်ဖွဲ့စည်းထားတဲ့ တော်လှန်ရေး အင်အားစုဖြစ်ပါတယ်။ ဓာတ်ပုံ –…
ဆိုးလ်၊ သြဂုတ်(၁၃) ကိုရီးယားကျွန်းဆွယ်မှာ တိုက်ခတ်နေတဲ့ အပူပိုင်းမုန်တိုင်း ခါနွန်ကြောင့် မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား တို့မှာ မိုးသည်းထန်စွာရွာသွန်းမှု ဆက်လက်ဖြစ်ပေါ်နေပြီး ပြုံယမ်းအစိုးရ အနေနဲ့ ရေကြီးရေလျှံခြင်းကြောင့် ပျက်စီးမှုတွေကို သတိပေးချက်အဖြစ် ကြေငြာထားပါတယ်။ မြောက်ကိုရီးယားကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးနောက်မှာ အဲဒီမုန်တိုင်းဟာ အပူပိုင်းမုန်တိုင်း ငယ်အဖြစ်သို့ ပြောင်းလဲသွားခဲ့တာပါ။ မုန်တိုင်းနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားစစ်တပ်နဲ့ အာဏာရပါတီတို့ဟာလည်း မုန်တိုင်းကြောင့် ဖြစ်ပေါ်နိုင်တဲ့ အကျိုးဆက်တွေနည်းပါရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့…
ရောမ – ဩဂုတ်(၁၃) တက်စလာသူဌေး အီလွန်မက်စ်နဲ့ Facebook ပိုင်ရှင် မက်ဇူကာလတ်တို့ရဲ့ ထိုးသတ်ပွဲကို အီတလီ မှာရှေ့ခေတ်ရောမအပြင်အဆင်နဲ့ ထင်ရှားတဲ့နေရာမှာ ကျင်းပသွားဖို့ရှိတယ်လို့ စီစဉ်သူတွေက ဩဂုတ်လ(၁၁) ရက်နေ့မှာ ပြောခဲ့ပါတယ်။ အီတလီနိုင်ငံရဲ့ ယဉ်ကျေးမှုဝန်ကြီးက ကြီးကျယ်တဲ့ ရန်ပုံငွေပွဲနဲ့ သမိုင်းဝင် အမှတ်ရစေတဲ့ ပွဲကြီး အဖြစ် ဖော်ပြထားပြီး ပွဲကျင်းပတာနဲ့ ပတ်သက်ပြီး မက်စ်နဲ့ စကားပြောထားတယ်လို့…