သားဖြစ်သူ ထားဝယ်သပိတ်ဦးဆောင်သူကို ဖမ်းမမိလို့ ဖခင်ဖမ်းဆီးအမှုဖွင့်ခံရ
လောင်းလုံး၊ သြဂုတ်(၁၅) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ပြင်းထိန်ကျေးရွာနေ ထားဝယ်ခရိုင်သပိတ်ကော်မတီ ဦးဆောင် ကိုမင်းလွင်ဦးရဲ့ ဖခင်ဖြစ်သူကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က)နဲ့ ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့က သပိတ်ဦးဆောင်သူ ကိုမင်းလွင်ဦးကို လာဖမ်းတဲ့ စစ်ကောင်စီတပ်ဟာ သားဖြစ်သူကို မတွေ့တာကြောင့် ဖခင်ဖြစ်သူ ဦးအောင်ဖေကို နေအိမ်မှာပဲ ရိုက်နက်ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ အဲဒီနောက်…