August 2023

ဖရူးဆိုက ခရစ်ယာန်ဘုရားကျောင်းကို စစ်တပ်လေယာဉ်နဲ့ ဗုံးကြဲ

ဖရူးဆို – ဩဂုတ်(၁၈) ကယားပြည်နယ်၊ဖရူဆိုမြို့နယ် ထီးသော်ကူးကျေးရွာက စစ်ရေးပစ်မှတ်မဟုတ်တဲ့ ခရစ်ယာန် ဘုရားကျောင်း(၁)ကျောင်းကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တဲ့အတွက် ထိခိုက် ပျက်စီးမှုတွေရှိခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ(၁၂) ရက်နေ့ ည(၈)နာရီဝန်းကျင်မှာ တိုက်လေယာဉ်(၁)စီးန့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ထီးသော်ကူးကျေးရွာက “သနားခြင်းမယ်တော်” ဘုရားကျောင်းအဆောက်အအုံ အပြင် ဘုရားကျောင်းဝင်းအတွင်းက တခြားအဆောက်အအုံတွေနဲ့ ခြံစည်းရိုးအုတ်တံတိုင်းတွေပါ ထိခိုက်ပျက်စီးမှုတွေနဲ့…

“ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ စစ်ကောင်စီဗိုလ်တစ်ယောက်က ရွာသားတွေကိုခေါ်ပြီး PDF တွေကို ပြောပေးပါပေါ့။ သူတို့(စစ်သားတွေ)ကို လာမတိုက်ပါနဲ့ ဆိုတဲ့ဟာ သူတို့အစည်းအဝေးခေါ်ပြောတာရှိတယ်။ သူတို့မှာ အကြောက် တရားတွေ ရှိနေတယ်”

ပြည်သူ့ခုခံတွန်းလှန်စစ် အားကောင်းတဲ့ တနင်္သာရီတိုင်းထဲမှာ စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်ခွဲကျော်ကာလအ တွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ မြို့တွေအနီးတဝိုက်အထိ ရောက်ရှိနေရာယူလာကြသလို စစ်ကောင်စီ တပ်နဲ့ ထိတွေ့တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာတာပါ။ ဒေသတွင်းသုတေသနအဖွဲ့အစည်းတစ်ခုရဲ့ အဆိုအရ တနင်္သာရီတိုင်းရှိ ဒေသအများအပြားမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ စိုးမိုးထားနိုင်ပြီး မကြာခဏ တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီတပ်ဟာ တိုက်ခိုက်ရေးဗျူဟာ ပြောင်းလဲလာတယ်လို့ ထုတ်ပြန်ပါပါတယ်။ ဒါကြောင့် တနင်္သာရီတိုင်းအတွင်း နှစ်ဖက်စစ်ရေး အခြေအနေ၊ စစ်ကောင်စီတပ်ရဲ့…

ညောင်လေးပင်မှာ စစ်တပ်လက်နက်ကြီးထိလို့ အရပ်သား ၆ ဦး သေဆုံး ၇ ဦး ဒဏ်ရာရ

ညောင်လေးပင်၊ သြဂုတ်(၁၈) ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင် တပ်မဟာ (၃)ထဲကို ပြီးခဲ့တဲ့ ၄ ရက်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောင်းသား ၂ ဦး အပါအဝင် အရပ်သားပြည်သူ ၆ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက သြဂုတ် ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်…

ထားဝယ်အရှေ့တောဒေသမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေ

ထားဝယ်၊ သြဂုတ်(၁၈) တိုက်ပွဲတွေ ငြိမ်သက်နေတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အရှေ့တောဒေသကို စစ်ကောင်စီတပ်ကနေ စစ်ကြောင်းထိုးလာတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတယ်လို့ ထားဝယ်စုပေါင်းစစ်ကြောင်း တာဝန်ခံဗိုလ်ယက္ခက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၈၀ နီးပါး ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၆ ရက်နေ့ နေ့လည် ၁ နာရီလောက်မှာ သင်္ကန်းတုန်းကျေးရွာထဲ ဝင်ရောက်လာတဲ့အတွက်…

စစ်အာဏာသိမ်း (၉၂၈)ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၉၄၉ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ်(၁၈) AAPP ရဲ့ သြဂုတ်(၁၇)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၂၈)ရက်အတွင်း ပြည်သူ (၃၉၄၉)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၄၃၄၇ဦးရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၅၁၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀)…

မွန်ပြည်နယ်ရေကြီးမှုကြောင့် ပျက်စီးသွားတဲ့ မိုးစပါးစိုက်ခင်း ၃၀,၀၀၀ နီးပါး ပြန်စိုက်ဖို့ အခက်ကြုံ

ဘီးလင်း၊ သြဂုတ်(၁၈) မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ မိုးစပါးစိုက်ဧက ၃၀,၀၀၀ နီးပါး ပြန်လည်စိုက်ပျိုးဖို့ အခက်ကြုံနေရတယ်လို့ တောင်သူလယ်သမားတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မွန်ပြည်နယ်ရဲ့ ကျိုက်ထို၊ဘီးလင်းနဲ့ ကျိုက်မရောမြို့နယ်တို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် မိုးစပါးစိုက်ခင်း သောင်းချီ ပျက်စီးဆုံးရှုံးတွေ ဖြစ်ပေါ်ခဲ့တာပါ။ အဲဒီထဲမှာ ရေကြီးနစ်မြုပ်မှုဒဏ်ကို အချိန်…

ရေးချောင်းဖျားဒေသအတွင်း တပ်မဟာ ၈ ဖွဲ့စည်းမယ့်ကိစ္စ KNU ငြင်းဆို

ရေးချောင်းဖျား၊ သြဂုတ်(၁၈) မွန်ပြည်နယ်တောင်ပိုင်း ရေးချောင်းဖျားဒေသမှာ တပ်မဟာ ၈ ဖွဲ့စည်းမယ့်ကိစ္စအပေါ် အဖွဲ့အစည်းအတွင်း ဆွေးနွေးတာမရှိဘူးလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပဒိုစောတောနီးက သံလွင်တိုင်းမ်ကို အတည်ပြုပြောဆိုပါတယ်။ တစ်ကျော့ပြန် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးတိုက်ပွဲမှာ ပါဝင်နေတဲ့ ဝါရင့်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းဖြစ်တဲ့ KNU အနေနဲ့ ရေးချောင်းဒေသမှာ တပ်မဟာ ၈ ဖွဲ့စည်းသွားမယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတာပါ။ ပြီးခဲ့တဲ့…

မြဝတီ လက်ခတ်တောင်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးများ

မြဝတီ၊ သြဂုတ်(၁၈) ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ပြန်လည်သိမ်းပိုက်ရရှိနိုင်ဖို့အတွက် အပြင်းအထန် ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဟာ ထိခိုက်ကျဆုံးမှု များပြားပြီးနောက် တပ်ပြန်ဆုတ်သွားတယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေထံကနေ သိရပါတယ်။ စစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်ဟာ လက်ခတ်တောင်တာဝါတိုင်စခန်းကို ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်နေ့မှာ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတွေအသုံးပြုပြီး ထိုးစစ်ဆင်လာတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား…

ကျိုက်ထို KRF တပ်ဖွဲ့ဝင်တစ်ဦးရဲ့ ယောက္ခမနေအိမ်ကို စစ်ကောင်စီချိပ်ပိတ်

ကျိုက်ထို၊ သြဂုတ်(၁၈) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ မြောက်ပိုင်းရပ်ကွက်၊ မင်္ဂလာလမ်းရှိ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF တပ်ဖွဲ့ဝင် ကိုရဲသွေးညီရဲ့ ယောက္ခမနေအိမ်ကို စစ်ကောင်စီက လာရောက်ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေနဲ့ သထုံခရိုင် PDF တာဝန်ခံထံကနေ သိရပါတယ်။ စစ်ကောင်စီတပ်၊ ရဲတွေအပါအဝင် မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက သြဂုတ် ၁၇ ရက်နေ့ မနက် ၁၀ နာရီအချိန်လောက်မှာ ကိုရဲသွေးညီနေထိုင်ဖူးတဲ့ ယောက္ခမနေအိမ်ကို…