ပေါင်မှာ ဆိုင်ကယ်မရပ်ပေးလို့ဆိုပြီး ဒေသခံ ၂ ဦး ပစ်ခတ်ဖမ်းဆီးခံရ
ပေါင်၊ သြဂုတ်(၂၀) မွန်ပြည်နယ်၊ ပေါင်မြို့၊ ကဒုံစီးရပ်ကွက်၊ မြို့ဝင်ကြေးဘီးခွန်ကောက်ခံရေးဂိတ်အနီးမှာ သြဂုတ် ၁၈ ရက်နေ့ ညနေပိုင်းက ဆိုင်ကယ်မရပ်ပေးလို့ဆိုပြီး အရပ်သားပြည်သူ ၂ ဦး ပစ်ခတ်ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ ညနေ ၃ နာရီအချိန်လောက်မှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ခရီးသွားမော်တော် ယာဉ်တွေကို စစ်ဆေးနေစဉ် ကျွဲခြံကျေးရွာကနေ ပေါင်မြို့ထဲ မောင်းဝင်လာတဲ့…