BGF တပ်နယ်(၂)က တပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာ
ကော့ကရိတ် – ဩဂုတ်(၂၄) တောင်ပိုင်းစစ်ဒေသ၊စစ်ဒေသခွဲအမှတ်(၃)အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ကော်ဘရာစစ်ကြောင်း-P29907ထံ နယ်ခြားစောင့်တပ်(BGF) တပ်နယ်-၂ က တပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ ပူးပေါင်းလာတယ်လို့ NUG ကထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ(၁၇) ရက်နေ့က အလင်းဝင်လာတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က သူ့ကို ငွေကျပ်သိန်း(၄၀) ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ တပ်သားအောင်ကိုဦးဆိုသူဟာ ကကပံ့လက်အောက်ခံတောင်ငူမြို့နယ်၊အမှတ်-(၉၃၀) ထောက်ပံ့ရေးတပ်ရင်းကဖြစ်ပြီး သူနဲ့အတူ M16-A1သေနတ်(၁)လက်၊M16-A1 ကျည်ဘောက်(၅)ဘောက် နဲ့…