စစ်ကောင်စီပြောတဲ့ နိုင်ငံရေးရည်မှန်းချက်ကို EAO တွေ အယုံအကြည်မရှိ
နေပြည်တော်၊ သြဂုတ်(၂၅) စစ်ကောင်စီရဲ့ နိုင်ငံရေးရည်မှန်းချက်ဖြစ်တဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်အပေါ် နွေဦးတော်လှန်ရေးမှာ လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO ခေါင်းဆောင်တွေက စိတ်မဝင်စားဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။ ၉ လကျော်ကြာ ရပ်တန့်ထားပြီးမှ ပြန်လည်ပြုလုပ်လာတဲ့ စစ်ကောင်စီရဲ့ ၂၂ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက မိမိတို့ရဲ့နိုင်ငံရေးရည်မှန်းချက်ဖြစ်တဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကို…