ယင်းမာပင် – ဩဂုတ်(၂၄)

ယင်းမာပင်ခရိုင် တပ်ရင်း(၁၆)၊သမန်းကျားတပ်ခွဲ(၃) ကို စစ်ကောင်စီရဲတပ်ရင်း(၂၈)မှ ဝမ်ပေါင်မှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သားတစ်ဦး သေနတ်(၂)လက်နဲ့ အလင်းဝင်ရောက်လာတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

လက်တလောမှာတော့ ပြည်သူတွေဘက်ကို ခိုလှုံလာတဲ့ ရဲတပ်သားကို ယင်းမာပင်ခရိုင်တပ်ရင်း (၁၆) သမန်းကျားမှ ဆုငွေသိန်း(၅၀) ချီးမြင့်ကာ ကူညီစောင့်ရှောက်ထားတယ်လို့ အသိပေးထားပါတယ်။

စစ်အာဏာရှင်ရဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်တွေကို မကြိုက်တော့တဲ့အတွက် ရဲနဲ့ စစ်သားတွေဟာ ပြည်သူတွေနဲ့ ပိုမိုပူးပေါင်းတာ တွေရှိလာတယ်လို့ NUG ကပြောထားပါတယ်။

ဓာတ်ပုံ – ယင်းမာပင်ခရိုင်တပ်ရင်း(၁၆)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.