ကိပ်တောင်း – ဩဂုတ်(၂၅) 

ဘရစ်စ်အဖွဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေဟာ ဆော်ဒီ၊အီရန်၊အီသီယိုးပီးယား၊အီဂျစ် ၊အာဂျင်တီးနားနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုတွေကို သူတို့နဲ့အတူပူးပေါင်းပြီး ဩဇာ အာဏာကြီးထွား လာဖို့အတွက်ဖိတ်ခေါ်ခဲ့ကြပါတယ်။ 

ဒီချဲ့ထွင်တာဟာ ဘရစ်စ်ကိုစိတ်ဝင်စားနေတဲ့ နိုင်ငံဒါဇင်ပေါင်းများစွာကို ဝင်ခွင့်ရှာစေဖို့ လမ်းခင်းနိုင်ပြီး ပထဝီဝင်နိုင်ငံရေးအရ ခွဲဝေမှုအားကောင်းလာစေဖို့ ပေကျင်းနဲ့ မော်စကိုတို့ က အနောက်အုပ်စုကို တွန်းပေးပေးနေဖို့ အလားအလာရှိတဲ့ တန်ပြန်ချိန်ညှိမှုအဖြစ် ပုံသွင်းဖို့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။ 

ဘရစ်စ်ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးကိုလက်ခံကျင်းပနေတဲ့ တောင်အာဖရိက သမ္မတက ကိုယ်စားလှယ်လောင်းအဖွဲ့ဝင်သစ်တွေကိုလည်း ကြေညာထားပါတယ်။ 

“ဘရစ်စ်ဟာ တရားမျှတသောကမ္ဘာနှင့် အားလုံးပါဝင်ပြီး သာယာဝပြောသောကမ္ဘာကိုတည် ဆောက်ရန် ၎င်း၏ကြိုးပမ်းမှုကဏ္ဍသစ်တစ်ခုစတင်ခဲ့သည်” လို့ သူကပြောပါတယ်။

ကိုယ်စားလှယ်လောင်းအသစ်တွေကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ(၁) ရက်နေ့မှာ အဖွဲ့ဝင်အဖြစ် တရားဝင်လက်ခံမှာဖြစ်ပြီး တောင်အာဖရိက သမ္မတ ရမ်မာဖိုဆာနဲ့ ဘရာဇီးလ် သမ္မတတို့က အနာဂတ်မှာ တခြားအဖွဲ့ဝင်အသစ်တွေပါဝင်နိုင်ဖို့ တံခါးဖွင့်ပေးထားတယ်လို့ ဆိုပါတယ်။ 

“ဒီတိုးချဲ့မှုလုပ်ငန်းစဉ်ရဲ့ပထမအဆင့်အတွက်ကျွန်ုပ်တို့သဘောတူညီချက်ရှိပြီးအခြားအဆင့် များကိုတော့ နောက်ဆက်တွဲ ဆက်လက်လုပ်ဆောင်မည်” လို့တောင်အာဖရိက သမ္မတ ရမ်မာဖို ဆာက သတင်းစာရှင်းလင်းပွဲတစ်ခုမှာပြောခဲ့ပါတယ်။ 

ယူကရိန်းပဋိပက္ခကြောင့် ရုရှားနဲ့ အနောက်နိုင်ငံတွေကြား တင်းမာမှုတွေ ကြီးထွားလာနေတာ သိသာစေတဲ့ ရည်ညွှန်းချက်ဖြစ်တဲ့ နျူကလီးယားစစ်ပွဲ အန္တရာယ်ရှိနေတာကြောင့် ဂလိုဘယ် လိုက်ဇေးရှင်းရဲ့ ကတိကဝတ်တွေ မအောင်မြင်တဲ့အတွက် ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုကို ပြန်လည်အသက်သွင်းဖို့အချိန်တန်ပြီလို့ ဘရာဇီးလ် သမ္မတက ပြောပါတယ်။

အာရပ်စော်ဘွားများပြည်ထောင်စုသမ္မတကတော့ နိုင်ငံအနေနဲ့ အစုအဖွဲ့ရဲ့(NDB) ဘဏ်မှာ အဖွဲ့ ဝင်ဖြစ်နေပြီး နိုင်ငံကို အဖွဲ့ဝင်အသစ်အဖြစ်ပါဝင်ခွင့်ပြုတဲ့အတွက် ကျေးဇူးတင်တယ်လို့ ဆိုခဲ့ပါ တယ်။ 

“ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအားလုံးနှင့် လူအားလုံး၏ သာယာဝပြောရေး၊ ဂုဏ်သိက္ခာနှင့် အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်လုပ်ဆောင်ရန် ကျွန်ုပ်တို့ မျှော်လင့်ပါသည်” လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဘရစ်စ်အဖွဲ့ဝင်တွေဟာ ကမ္ဘာ့လူဦးရေ ၄၀ ရာခိုင်နှုန်းနဲ့ ကမ္ဘာလုံးဆိုင်ရာ စုစုပေါင်း ပြည်တွင်း ထုတ်ကုန်ရဲ့ လေးပုံတစ်ပုံခန့်ရှိပေမယ့် စည်းလုံးညီညွတ်သော အနေအထားကို အခြေချဖို့ ပျက် ကွက်ခဲ့တဲ့အတွက် ကမ္ဘာ့နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ ပါဝင်ကစားမှုအောက်မှာ နှစ်ပေါင်းများစွာ ကျန်ရစ်ခဲ့တာဖြစ်ပါတယ်။ 

တရုတ်သမ္မတ ရှီကျင့်ဖျင်က “ယခုလိုအဖွဲ့ဝင်အဖြစ် တိုးချဲ့မှုဟာ သမိုင်းဝင်ဖြစ်သည်” လို့ ကြေညာချက်အပြီး မိန့်ခွန်းမှာထည့်သွင်းပြောဆိုခဲ့ပြီး ဘရစစ်နိုင်ငံတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် ပိုမိုကျယ်ပြန့်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တိုက် တွန်းခဲ့ပါတယ်။

လက်ရှိမှာတော့ နိုင်ငံပေါင်း(၄၀) ကျော်ဟာ ဘရစ်စ်မှာပါဝင်ဖို့ စိတ်ဝင်စားတယ်လို့ ဖော်ပြထား ပြီး တောင်အာဖရိက အရာရှိ(၂၂) ဦးက တရားဝင်လက်ခံဖို့ တောင်းဆိုထားပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.