August 24, 2023

လူစည်ကားတဲ့နေရာမှာ ကျောင်းဆရာမတစ်ဦးမတရားပြုကျင့်သတ်ခံရပြီးနောက် လုံခြုံရေးကင်မရာတွေ ပိုမိုတိုးမြှင့်တပ်ဖို့ ဆိုးလ်မြို့တော်ဝန်ပြော

ဆိုးလ်၊ သြဂုတ်(၂၅) လွန်ခဲ့တဲ့သီတင်းပတ်အတွင်းက လူစည်းကားရာ တောင်တက်လမ်းတစ်ခုမှာ ကျောင်းဆရာမ တစ်ဦးကို မတရား ပြုကျင့်ကာ ရက်ရက်စက်စက် သတ်ဖြတ်မှုဖြစ်ပြီးတဲ့နောက်မှာ မြို့တော်ရှိ ပန်းခြံတွေမှာ စောင့်ကြည့်ရေးကင် မရာတွေကို တိုးမြှင့်တပ်ဆင်သွားမယ်လို့ ဆိုးလ်မြို့တော်ဝန် က သြဂုတ်လ ၂၃ ရက်နေ့မှာ ပြောကြားလိုက်ပါ တယ်။ ရဲတပ်ဖွဲ့အနေနဲ့ သံသယတရားခံကို သြဂုတ်(၂၃)ရက်နေ့မှာပဲ သတ်မှတ်ဖော်ထုတ်နိုင်ခဲ့တာပါ။ CCTV တပ် ဆင်ထားခြင်းမရှိတဲ့…

ဆော်ဒီနဲ့ အီရန်အပါအဝင် တခြားနိုင်ငံတွေကို ဖွံ့ဖြိုးဆဲကမ္ဘာ့အစုအဖွဲ့မှာပါဝင်ဖို့ ဘရစ်စ်ဖိတ်ခေါ်

ကိပ်တောင်း – ဩဂုတ်(၂၅) ဘရစ်စ်အဖွဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေဟာ ဆော်ဒီ၊အီရန်၊အီသီယိုးပီးယား၊အီဂျစ် ၊အာဂျင်တီးနားနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုတွေကို သူတို့နဲ့အတူပူးပေါင်းပြီး ဩဇာ အာဏာကြီးထွား လာဖို့အတွက်ဖိတ်ခေါ်ခဲ့ကြပါတယ်။ ဒီချဲ့ထွင်တာဟာ ဘရစ်စ်ကိုစိတ်ဝင်စားနေတဲ့ နိုင်ငံဒါဇင်ပေါင်းများစွာကို ဝင်ခွင့်ရှာစေဖို့ လမ်းခင်းနိုင်ပြီး ပထဝီဝင်နိုင်ငံရေးအရ ခွဲဝေမှုအားကောင်းလာစေဖို့ ပေကျင်းနဲ့ မော်စကိုတို့ က အနောက်အုပ်စုကို တွန်းပေးပေးနေဖို့ အလားအလာရှိတဲ့ တန်ပြန်ချိန်ညှိမှုအဖြစ် ပုံသွင်းဖို့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။…

ထိုင်း-တရုတ်ဖောက်လုပ်မယ့် ရထားလမ်းစီမံကိန်း ပထမတဖြတ်ကို ၂၀၂၆ ခုမှစ်မှာစတင်ဖို့ ရည်မှန်း

ဘန်ကောက် – ဩဂုတ်(၂၅) ထိုင်းနိုင်ငံခြားဖြတ်အစိုးရရဲ့ ထုတ်ပြန်ျခက်မှာ ဘန်ကောက်ခရိုင် ဒေသန္တရနဲ့ နခွန်ရချာဆီမှာ ခရိုင်ဒေသန္တရကို ဖြတ်သန်းသွားမယ့် ထိုင်း-တရုတ် ရထားစီမံကိန်း ပထမတဖြတ်ကို လာမယ့် ၂၀၂၆ ခုနှစ်မှာ စတင်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။ ရထားလမ်းစီမံကိန်းရဲ့ ဒုတိယတဖြတ်ကို နခွန်ချာဆီမှာမှ နွန်ခိုင်အထိ ဖောက်လုပ်သွားမှာ ဖြစ်ပြီး ၂၀၂၈ ခုနှစ်မှာ စတင်နိုင်မယ်လို့ ဆိုထားကာ စီမံကိန်း…

ဝမ်ပေါင်မှာ လုံခြုံရေးယူနေတဲ့ ရဲတပ်သားတစ်ဦး သေနတ်(၂)လက်နဲ့ အလင်းဝင်လာ

ယင်းမာပင် – ဩဂုတ်(၂၄) ယင်းမာပင်ခရိုင် တပ်ရင်း(၁၆)၊သမန်းကျားတပ်ခွဲ(၃) ကို စစ်ကောင်စီရဲတပ်ရင်း(၂၈)မှ ဝမ်ပေါင်မှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သားတစ်ဦး သေနတ်(၂)လက်နဲ့ အလင်းဝင်ရောက်လာတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ လက်တလောမှာတော့ ပြည်သူတွေဘက်ကို ခိုလှုံလာတဲ့ ရဲတပ်သားကို ယင်းမာပင်ခရိုင်တပ်ရင်း (၁၆) သမန်းကျားမှ ဆုငွေသိန်း(၅၀) ချီးမြင့်ကာ ကူညီစောင့်ရှောက်ထားတယ်လို့ အသိပေးထားပါတယ်။ စစ်အာဏာရှင်ရဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်တွေကို မကြိုက်တော့တဲ့အတွက် ရဲနဲ့ စစ်သားတွေဟာ…

BGF တပ်နယ်(၂)က တပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာ

ကော့ကရိတ် – ဩဂုတ်(၂၄) တောင်ပိုင်းစစ်ဒေသ၊စစ်ဒေသခွဲအမှတ်(၃)အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ကော်ဘရာစစ်ကြောင်း-P29907ထံ နယ်ခြားစောင့်တပ်(BGF) တပ်နယ်-၂ က တပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ ပူးပေါင်းလာတယ်လို့ NUG ကထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ(၁၇) ရက်နေ့က အလင်းဝင်လာတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က သူ့ကို ငွေကျပ်သိန်း(၄၀) ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ တပ်သားအောင်ကိုဦးဆိုသူဟာ ကကပံ့လက်အောက်ခံတောင်ငူမြို့နယ်၊အမှတ်-(၉၃၀) ထောက်ပံ့ရေးတပ်ရင်းကဖြစ်ပြီး သူနဲ့အတူ M16-A1သေနတ်(၁)လက်၊M16-A1 ကျည်ဘောက်(၅)ဘောက် နဲ့…

ISP Myanmar ရဲ့ ပြင်ပဆက်ဆံဆက်သွယ်ရေး ဒါရိုက်တာ ဦးအောင်သူငြိမ်း

“ထိုင်းမှာတော့ အစိုးရအသစ်ဖွဲ့ပြီးပေမယ့် တကယ်ပြောရရင် အဟောင်းပဲ။ အစိုးရအဟောင်းက လူတွေများတော့ လုံခြုံရေးပေါ်လစီတို့၊ နယ်စပ်ရေးရာကိစ္စတွေလည်း သိပ်ပြောင်းလဲမယ်လို့ မထင်ဘူးပေါ့” ထိုင်းလွှတ်တော် နှစ်ရပ်လုံးရဲ့ ထောက်ခံမဲကြောင့် ဖွေထိုင်းပါတီက အသက် ၆၀ အရွယ် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး ဆီရက်သာ သာဗီဆင်ဟာ ထိုင်းနိုင်ငံရဲ့ အယောက် ၃၀ မြောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။ ဖွေထိုင်းပါတီဟာ ရွေးကောက်ပွဲမှာ မဲအများဆုံးရရှိခဲ့တဲ့ Move…

ဘီးလင်းမှာ မြေမြှုပ်မိုင်းထိလို့ အမျိုးသမီးတစ်ဦးဒဏ်ရာရ

ဘီးလင်း၊ သြဂုတ်(၂၄) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မရမ်းကုန်းကျေးရွာမှာ သြဂုတ် ၂၃ ရက်နေ့ မနက်ပိုင်းက အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့မနက် ၈ နာရီအချိန်ခန့်က မရမ်းကုန်းကျေးရွာနေ အသက် ၅၀ ဒေါ်ဝါဝါနုဟာ ကျေးရွာအလွန်ရှိ သူပိုင်ခြံထဲကို လမ်းလျှောက်လာစဉ် ခြံအနားအရောက်မှာ မြေမြှုပ်မိုင်းနင်းမိခဲ့တာပါ။ မြေမြှုပ်မိုင်းနင်းမိတာကြောင့် ဒေါ်ဝါဝါနုဟာ ဝဲဘက်နားပေါက်ပြဲပြီး…

စစ်အာဏာသိမ်း (၉၃၄)ရက်အတွင်း သတ်ဖြတ်ခံရသူ ၄၀၀၀ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ်(၂၄) AAPP ရဲ့ သြဂုတ်(၂၃)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၃၄)ရက်အတွင်း ပြည်သူ (၄၀၀၀)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၄၄၁၀ဦးရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၅၁၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀)…