China's President Xi Jinping is welcomed at the Union Buildings ahead of the opening remarks of the BRICS emerging economies meeting, in Pretoria, South Africa August 22, 2023. REUTERS/Alet Pretorius

ပေကျင်း – ဩဂုတ်(၂၄)

အာဖရိကနိုင်ငံတွေဟာ တရုတ်နိုင်ငံရဲ့ အခြေခံအဆောက်အအုံတွေတည်ဆောက်ပေးတာကနေ ဒေသတွင်းစက်မှုလက်မှု လုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်ပေးစေလိုတယ်လို့ တောင်အာဖရိကမှာ ကျင်းပခဲ့တဲ့ BRICS ဘရစ်စ် ထိပ်သီးအစည်းအဝေးအပြီးမှာ တရုတ်သံတမန်ကပြောပါတယ်။ 

“အာဖရိက ပေါင်းစည်းမှုဟာ အရှိန်မြင့်နေပြီဖြစ်ပြီး ၎င်းနိုင်ငံအများအပြားက ကျွန်တော်တို့ရဲ့ အာရုံစိုက်မှုအပြောင်းအလဲကို ထည့်သွင်းစဉ်းစားဖို့ တရုတ်နိုင်ငံကို တောင်းဆိုထားပါတယ်” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာဖရိကရေးရာဌာန ညွှန်ကြားရေးမှူးချုပ် ဝူပင်က ပြောခဲ့ပါ တယ်။

လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်အစောပိုင်းမှာ စတင်ခဲ့တဲ့ အာဖရိကတိုက်လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်(AfCFTA) ကိုထည့်သွင်းစဉ်းစားပြီး အာဖရိကနိုင်ငံတွေကို အနာဂတ်မှာ အကောက်ခွန်ခဲ့ ကုန်သွယ်မှုပြုလုပ်နိုင်စေဖို့အတွက် ပြောင်းလဲမှုလိုအပ်တယ်လို့ သူကဆိုခဲ့တာ ပါ။

ဩဂုတ်လ(၂၂) ရက်ကနေ (၂၄) ရက်နေ့အထိကျင်းပမယ့် ဘရစ်စ် အထူးဆွေးနွဲပွဲမှာ အာဖရိက ခေါင်းဆောင်တွေနဲ့ အာဖရိကစက်မှုထွန်းကားရေးဆိုင်ရာ အစီအစဉ်တွေကတစ်ဆင့် ဆွေးနွေး သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

တရုတ်နိုင်ငံပိုင်ဘဏ်အများစုကလည်း ၂၀၀၀ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း အာဖရိကနိုင်ငံတွေကို ဒေါ်လာ(၁၆၀) ဘီလျံထုတ်ချေးဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။ 

ဖွံ့ဖြိုးဆဲနိုင်ငံတွေကို အခြေခံအဆောက်အအုံတွေပံ့ပိုးဖို့အတွက် ၂၀၁၃ ခုနှစ်မှာ ရှီက ခါးပတ် တစ်ကွင်းလမ်းတစ်စင်းအစီအစဉ်ကို စတင်ခဲ့ပြီးနောက် ချေးငွေကတိကဝတ်တွေ တိုးမြင့်ခဲ့ ပေမယ့် ၂၀၁၆ ခုနှစ်မှာ ဒေါ်လာ(၂၈.၄)ဘီလျံကနေ ၂၀၂၀ ခုနှစ်(၁.၉) ဘီလျံအထိ သိသိသာသာ ကျဆင်းသွားပါတယ်။ 

အရေးပေါ်ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး အရေးတကြီးဆွေးနွေးမှုကို လာမယ့်နှစ်မှာ ကျင်းပမယ့် တရုတ်နဲ့ အာဖရိကဝန်ကြီးတွေကြား ပုံမှန်အစည်းအဝေးဖြစ်တဲ့ တရုတ်-အာဖရိက ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်အထိမစောင့်နိုင်တော့ဘူးလို့ ဝူကဆိုထားပါတယ်။ 

အာဖရိကအခြေစိုက် တရုတ်အသေးစားနဲ့ အလတ်စားကုမ္ပဏီတွေအနေနဲ့လည်း ရင်းနှီးမြှုပ်နှံ မှုတွေ တိုးမြင့်လာမှာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောထားပါတယ်။ 

“ကမ္ဘာ့စီးပွားရေး၊ ဒါမှမဟုတ် တရုတ်စီးပွားရေးနဲ့ ပတ်သက်လို့ ဘာပဲဖြစ်ဖြစ် တရုတ်ကုမ္ပဏီတွေက အာဖရိကကို စွန့်စားသွားဖို့ ဆန္ဒရှိပါတယ်” လို့ ဝူက ပြောခဲ့ပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.