ကိုလံဘို – ဩုတ်(၂၄)
အဆိုးရွားဆုံးဘဏ္ဍာရေး အကျပ်အတည်းတွေကနေ ပြန်လည်နာလန်ထူအောင် ကြိုးစားနေတဲ့ သီရိလင်္ကာဟာ ဘင်္ဂလားဒေ့ရှ်ဆီကချေးယူထားတဲ့ အမေရိကန်ဒေါ်လာသန်း(၂၀၀) ထဲက သန်း (၅၀) ကိုပြန်လည်ပေးချေခဲ့ပြီဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်က ပြောပါတယ်။
သီရိလင်္ကာဟာ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု အလွဲအမှားနဲ့ ကိုဗစ်အကျိုးဆက်တွေဖြစ်ပေါ်ခဲ့တဲ့ နှစ်တွေအတွင်း ဘဏ္ဍာရေးအကျပ်အတည်းကို ရင်ဆိုင်ဖြေရှင်းချိန်မှာ အိမ်နီးချင်းနိုင်ငံတွေက ဝင်ရောက်ကူညီပေးတဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ်ဘဏ်နဲ့ ၂၀၂၁ ခုနှစ်မှာ လဲလှယ်ရေးသဘောတူညီမှု (Swap agreement) မှာ အဲဒီချေးငွေလည်း တစိတ်တပိုင်းပါဝင်ခဲ့တာပါ။
လူဦးရေ(၂၂) သန်းနေထိုင်တဲ့ ကျွန်းနိုင်ငံဟာ မတ်လအတွင်း အတည်ပြုရရှိထားတဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) ဆီက ကုစားရေအတွက်ပေးအပ်တဲ့ ကန်ဒေါ်လာ(၂.၉) ဘီလျံနဲ့ အတူ ပြန်လည်နာလည်ထူနိုင်ဖို့ကို ကြိုးစားအားထုတ်နေတာဖြစ်တယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာလည်း သူတို့ရဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းကျဆင်းမှုနဲ့ နိုင်ငံတကာငွေကြေး တန်ဖိုးကျဆင်းမှုတွေကြားမှာ စီးပွားရေးအကျပ်အတည်းက ကာကွယ်ဖို့ အမေရိကန်ဒေါ်လာ (၄.၇) ဘီလျံချေးငွေရယူဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ IMF ရဲ့ ခွင့်ပြုချက်ရရှိထားပါတယ်။
ဒီလနှောင်းပိုင်းမှာ ပြန်လည်ပေးအပ်မယ့် နောက်ထပ်ပေးချေမှုနဲ့အတူ ဘင်္ဂလားဒေ့ရှ်ဟာ သီရိလင်္ကာအစိုးရဆီက ချေးငွေတွေကို ဒီနှစ်အတွင်း ပြန်လည်ရရှိဖို့ မျှော်လင့်ထားတယ်လို့ ဘင်္ဂလားဒေရှ့်ဘဏ်ရဲ့ နိုင်ငံခြားငွေလဲလှယ်ရေးဌာနက ရိုက်တာကို ပြောခဲ့ပါတယ်။
Ref:Reuters