August 23, 2023

ရုရှားနိုင်ငံအတွင်း ယူကရိန်းရဲ့တိုက်ခိုက်မှုတွေကို မထောက်ခံဘူးလို့ အမေရိကန်ပြောကြား

ဝါရှင်တန်၊ သြဂုတ်(၂၄) မော်စကိုကိုတိုက်ခိုက်ဖို့ ကြိုးစားနေတဲ့ ယူကရိန်းရဲ့မောင်းသူမဲ့ လေယာဉ်တွေကို ရုရှားကပစ်ချခဲ့ တယ်လို့ ရုရှား အာဏာပိုင်တွေက ပြောဆိုခဲ့ပြီးနောက် အမေရိကန်က ရုရှားနိုင်ငံအတွင်း တိုက် ခိုက်မှုတွေကို မထောက်ခံဘူး လို့ ဩဂုတ်လ (၂၃) ရက်နေ့ အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။ ရုရှားနိုင်ငံအတွင်းသွားရောက်တိုက်ခိုက်မှုတွေကို တွန်းအားပေးတာ ဒါမှမဟုတ် ထောက်ခံတာ မျိုးလည်း မလုပ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာန…

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ချေးငွေတွေထဲက ကန်ဒေါ်လာသန်း(၅၀) ကို သီရိလင်္ကာစတင်ပေးချေ

ကိုလံဘို – ဩုတ်(၂၄) အဆိုးရွားဆုံးဘဏ္ဍာရေး အကျပ်အတည်းတွေကနေ ပြန်လည်နာလန်ထူအောင် ကြိုးစားနေတဲ့ သီရိလင်္ကာဟာ ဘင်္ဂလားဒေ့ရှ်ဆီကချေးယူထားတဲ့ အမေရိကန်ဒေါ်လာသန်း(၂၀၀) ထဲက သန်း (၅၀) ကိုပြန်လည်ပေးချေခဲ့ပြီဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်က ပြောပါတယ်။ သီရိလင်္ကာဟာ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု အလွဲအမှားနဲ့ ကိုဗစ်အကျိုးဆက်တွေဖြစ်ပေါ်ခဲ့တဲ့ နှစ်တွေအတွင်း ဘဏ္ဍာရေးအကျပ်အတည်းကို ရင်ဆိုင်ဖြေရှင်းချိန်မှာ အိမ်နီးချင်းနိုင်ငံတွေက ဝင်ရောက်ကူညီပေးတဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ်ဘဏ်နဲ့ ၂၀၂၁ ခုနှစ်မှာ လဲလှယ်ရေးသဘောတူညီမှု…

အာဖရိကနိုင်ငံတွေဟာ စက်မှုလုပ်ငန်းတွေကို ပိုမိုအလိုရှိတယ်လို့ တရုတ်ဆို

ပေကျင်း – ဩဂုတ်(၂၄) အာဖရိကနိုင်ငံတွေဟာ တရုတ်နိုင်ငံရဲ့ အခြေခံအဆောက်အအုံတွေတည်ဆောက်ပေးတာကနေ ဒေသတွင်းစက်မှုလက်မှု လုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်ပေးစေလိုတယ်လို့ တောင်အာဖရိကမှာ ကျင်းပခဲ့တဲ့ BRICS ဘရစ်စ် ထိပ်သီးအစည်းအဝေးအပြီးမှာ တရုတ်သံတမန်ကပြောပါတယ်။ “အာဖရိက ပေါင်းစည်းမှုဟာ အရှိန်မြင့်နေပြီဖြစ်ပြီး ၎င်းနိုင်ငံအများအပြားက ကျွန်တော်တို့ရဲ့ အာရုံစိုက်မှုအပြောင်းအလဲကို ထည့်သွင်းစဉ်းစားဖို့ တရုတ်နိုင်ငံကို တောင်းဆိုထားပါတယ်” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာဖရိကရေးရာဌာန ညွှန်ကြားရေးမှူးချုပ် ဝူပင်က ပြောခဲ့ပါ…

အဆိုတော်ဗျူဟာကို စစ်တပ်ထောင်ဒဏ်နှစ်(၂၀) ချမှတ်

ရန်ကုန် – ဩဂုတ်(၂၃) လျှပ်စစ်မီးပြတ်တောက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီကိုဝေဖန်ပြောဆိုခဲ့တဲ့ အဆိုတော် ဗျူဟာကို အင်းစိန်စစ်ခုံရုံးက ထောင်ဒဏ်နှစ်(၂၀)ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေ က သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ မေလ(၂၅) ရက်နေ့က ရန်ကုန်မြို့မှာ လျှပ်စစ်မီးပုံမှန်မရရှိတဲ့ ကိစ္စနဲ့ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာမှာ တင်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးခံခဲ့ရတာပါ။ အဆိုတော်ဗျူဟာကို စစ်ကောင်စီက ပုဒ်မ – ၅၀၅(က)နဲ့…

PDF တပ်ရင်းတွေကို ဒရုန်းအစင်း(၄၀၀) ကျော် NUG ဖြန့်ဝေ

မော်လမြိုင် – ဩဂုတ်(၂၃) အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူတွေထောက်ပံ့ထားတဲ့ တော်လှန်ရေးရန်ပုံငွေတွေကို စုစည်းပြီး တိုင်းနဲ့ပြည်နယ်အသီးသီးမှာရှိတဲ့ PDF တပ်ရင်းတွေထံ ဒရုန်းအစင်းရေ(၄၀၀) ကျော်ဖြန့်ကျက်ပို့ဆောင်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ပို့ဆောင်ထားတဲ့ ဒရုန်းတွေဟာ ရှေ့တန်းစစ်မြေပြင်တွေမှာ ထောက်လှမ်းရေး၊တိုက်ခိုက်ရေးနဲ့ ဝါဒဖြန့်ချီရေးတာဝန်တွေကို ဆောင်ရွက်နေတယ်လို့ ဆိုထားပါတယ်။ လက်တလောမြေပြင်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေကို အထိအနာဆုံးဖြစ်စေတဲ့ ဒရုန်းတပ်ရင်းတွေလည်း NUG လက်အောက်ခံ ကာကွယ်ရေးဝန်ကြီးဌာနမှာ ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ သိရပါတယ်။…

ကျိုက်ထိုမှာ BGF ဦးစီးဖွင့်ထားတဲ့ လောင်းကစားဝိုင်းကို စစ်တပ်ဝင်စီး၊ လူမမိလို့ ဆိုင်ကယ်အစီး ၄၀ သိမ်းဆည်း

ကျိုက်ထို၊ သြဂုတ်(၂၃) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အလယ်သောင်ကျေးရွာမှာ ကရင်နယ်ခြားစောင့် BGF ဘက်ကဦးစီးဖွင့်ထားတဲ့ လောင်းကစားဝိုင်းတစ်ခုကို စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီးနောက် လူမမိတဲ့အတွက် ဆိုင်ကယ်အစီး ၄၀ သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ BGF အရာရှိတစ်ဦးဖြစ်တဲ့ကိုဝင်းစိုး ဦးဆောင်ပြုလုပ်တဲ့ လောင်းကစားဝိုင်းကို သြဂုတ် ၂၁ ရက်နေ့ နေ့လည် ၁ နာရီအချိန်လောက်မှာ စစ်ကောင်စီတပ်နဲ့ရဲအင်အား ၃၀…

ကျုံဒိုးမှာ လက်နက်ကြီးကျလို့ အရပ်သား ၁ ဦး သေဆုံး

ကျုံဒိုး၊ သြဂုတ်(၂၃) ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ် ၊ တောင်ကြာအင်းကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁ ဦး သေဆုံးခဲ့တယ်လို့ KNU ဒူးပလာယာခရိုင်က သြဂုတ် ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်လောက်က ကျုံဒိုးမြို့နယ် ၊ တောင်ကြာအင်းတံတားထိပ်လမ်းအနီး အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်ကို…

စစ်အာဏာသိမ်း (၉၃၃)ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၉၆၆ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ်(၂၃) AAPP ရဲ့ သြဂုတ်(၂၂)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၃၃)ရက်အတွင်း ပြည်သူ (၃၉၆၆)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၄၃၈၇ဦးရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၅၁၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀)…