ကျိုက်မရော၊ သြဂုတ်(၂၁)
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့ခလိန်ကျေးရွာနဲ့ကြာအင်းချောင်းကျေးရွာကြားမှာ သြဂုတ် ၂၀ ရက်နေ့ ညနေပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အသက် ၄၅ နှစ်အရွယ် ကော့ခလိန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်မင်းကို ကော့ခလိန်ကျေးရွာကနေ ကြာအင်းချောင်းကျေးရွာကို ကားနဲ့ပြန်လာချိန်မှာ အမည်မသိသေနတ်သမားတွေက အနောက်ကနေလိုက်ပြီး ပစ်ခတ်ခဲ့တာပါ။
သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဟာ ယာပုခုံးနဲ့ဇက်ပိုးနားမှာ ကျည်ထိမှန်ဒဏ်ရာ ၂ ချက်ရရှိသွားပြီး မော်လမြိုင်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
ဒါပေမဲ့ အဲဒီပစ်ခတ်မှုမှာ ဦးဇော်မင်းနဲ့အတူ လိုက်ပါလာတဲ့ ဇနီးဖြစ်သူကတော့ ထိခိုက်မှုတစ်စုံတစ်ရာ မရှိဘူးလို့ ဒေသခံတွေက ပြောဆိုပါတယ်။
ကော့ခလိန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်မင်းကို ဘယ်အဖွဲ့အစည်းက ပစ်ခတ်ခဲ့လဲဆိုတာ လက်ရှိအချိန်အထိ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
ကျိုက်မရောမြို့နယ်မှာ စစ်တပ် အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲဖြစ်ပွားတာတွေရှိနေပြီး နှစ်ဖက်ထိခိုက်သေဆုံးတာတွေလည်း ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media