ပေကျင်း – ဩဂုတ်(၂၂) 

တရုတ်နိုင်ငံရဲ့ အစိုးရဝန်ထမ်းတစ်ဦးဟာ အမေရိကန်အတွက် သူလျှိုလုပ်ပေးနေတယ်လို့ စွပ်စွဲကာ တစ်လအတွင်း ဒုတိယအကြိမ် သူလျှိုလုပ်တာဖြစ်တယ်လို့ ဩဂုတ်လ(၂၁) ရက်နေ့က ကြေညာခဲ့ပါတယ်။ 

အာဏာပိုင်တွေက နိုင်ငံတော်လုံခြုံရေး ခြိမ်းခြောက်မှုလို့ ယူဆတဲ့ အရာတွေကို အပြစ်ပေး အရေးယူဖို့ အရင်ကထက် ပိုမို ပြစ်ဒဏ်ချမှတ်ဖို့သူလျှိုဥပဒေကို ပြီးခဲ့တဲ့လက အကောင် အထည်ဖော်ထားတာပါ။ 

ဝန်ကြီးဌာနတစ်ခုမှာ အလုပ်လုပ်နေတဲ့ အသက်(၃၉) နှစ်အရွယ် ဟောင်ရဲ့ အမှုကို နိုင်ငံတော် လုံခြုံရေးဝန်ကြီးဌာနက(MSS) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

သူဟာ ဗီဇာလျှောက်ထားချိန်မှာ အမေရိကန်သံရုံးဝန်ထမ်းတစ်ဦးနဲ့ သိကျွမ်းခဲ့ပြီး ရင်းနှီးတဲ့ ဆက်ဆံရေးရှိခဲ့ကာ ဂျပန်နိုင်ငံမှာ ပညာသင်ကြားနေတာဖြစ်တယ်လို့ ဝန်ကြီးဌာနက ဆိုထား ပါတယ်။ 

အဲဒီနောက် သံရုံးဝန်ထမ်းက ဟောင်ကို တရုတ်နိုင်ငံပြန်ခါနီးမှာ အမေရိကန်အေဂျင်စီအတွက် သူလျှိုလုပ်ဖို့ စည်းရုံးတဲ့ ဗဟိုထောက်လှမ်းရေးအေဂျင်စီ(CIA) အရာရှိတစ်ဦးနဲ့ မိတ်ဆက်ပေး ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 

ဟောင်က ညွှန်ကြားချက်အတိုင်းအစိုးရမှာ အလုပ်မဝင်ခင် အမေရိကန် လေ့ကျင့်ရေးတွေကို သင်ယူကာ စာချုပ်ချုပ်ခဲ့တာဖြစ်ပြီး ရန်ပုံငွေစုဆောင်းဖို့ CIA အရာရှိတွေနဲ့ ဟောင်က လျှို့ဝှက် အဆက်အသွယ်တွေပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါ တယ်။

ဩဂုတ်လအစောပိုင်းကလည်း MSSဟာ ငွေကြေးအတွက် အဓိက လျှို့ဝှက် အချက်အလက် တွေပေးအပ်တဲ့ အသက်(၅၂) နှစ်အရွယ် ဇမ်းလို့ အမည်ရတဲ့ CIA သူလျှိုမှုကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ထားပါတယ်။ 

ဇမ်းဟာ ရောမမြို့မှာရှိတဲ့ အမေရိကန်သံရုံးမှာ စခန်းချနေတဲ့ CIA အေးဂျင့်နဲ့ မိတ်ဖွဲ့ကာ ပညာ သင်ကြားဖို့ အီတလီကို စေလွှတ်ခံရကာ အဲဒီအေးဂျင့်ဟာ ဇမ်းနဲ့ သူရဲ့ မိသားစုကို အမေရိကန် ကိုပြောင်းရွှေဖို့ လျော်ကြေးငွေအများအပြားနဲ့ အကူအညီပေးကာ တရုတ်စစ်တပ်နဲ့ ပတ်သက် တဲ့ အချက်အလက်တွေပေးဆောင်ဖို့ စည်းရုံးခဲ့တာဖြစ်တယ်လို့ MSS ကပြောပါတယ်။ 

တရုတ်ရဲ့ မကြာခင်ကပြုလုပ်ခဲ့တဲ့ သူလျှိုနှိမ်နင်းရေး ဥပဒေ ပြန်လည်ပြင်ဆင်မှုဟာ နိုင်ငံတွေ ကြား ဆက်ဆံရေးကျဆင်းသွားတဲ့အတွက် တရုတ်မှာရှိတဲ့ အမေရိကန်စီးပွားရေးလုပ်ငန်း အများအပြားကို လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့တယ်လို့ သိရပါတယ်။ 

ဥပဒေသစ်အရ သူလျှိုအဖွဲ့တွေနဲ့ အေးဂျင့်တွေကို အမှီပြုတာ၊စာရွက်စာတမ်း၊ဒေတာ၊ ပစ္စည်းနဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ အကျိုးစီးပွားတွေနဲ့ သက်ဆိုင်တဲ့ အရာတွေကို ခွင့်ပြုချက်မရှိဘဲ ရယူတာ ဟာ သူလျှိုမှုကျူးလွန်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.