ပြည်သူ့ခုခံတွန်းလှန်စစ် အားကောင်းတဲ့ တနင်္သာရီတိုင်းထဲမှာ စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်ခွဲကျော်ကာလအ တွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ မြို့တွေအနီးတဝိုက်အထိ ရောက်ရှိနေရာယူလာကြသလို စစ်ကောင်စီ တပ်နဲ့ ထိတွေ့တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာတာပါ။ ဒေသတွင်းသုတေသနအဖွဲ့အစည်းတစ်ခုရဲ့ အဆိုအရ တနင်္သာရီတိုင်းရှိ ဒေသအများအပြားမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ စိုးမိုးထားနိုင်ပြီး မကြာခဏ တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီတပ်ဟာ တိုက်ခိုက်ရေးဗျူဟာ ပြောင်းလဲလာတယ်လို့ ထုတ်ပြန်ပါပါတယ်။

ဒါကြောင့် တနင်္သာရီတိုင်းအတွင်း နှစ်ဖက်စစ်ရေး အခြေအနေ၊ စစ်ကောင်စီတပ်ရဲ့ စစ်ရေးဗျုဟာ ပြောင်းလဲ လာမှု၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ နယ်မြေစိုးမိုးနိုင်မယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီး တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) တာဝန်ခံ ကိုစတားနဲ့ ဆက်သွယ်မေးမြန်းချက်။

၁။အရင်ဆုံးအနေနဲ့ တနင်္သာရီတိုင်းရဲ့ စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

လောလောဆယ်ကတော့ ထားဝယ်ခရိုင်ဘက်မှာပဲ လှုပ်ရှားမှုတွေ ရှိနေတယ်။ ဘိတ်ခရိုင်မှာဆို ပလောမြို့နယ် မှာ PDFတွေက ပြည်ထောင်စုလမ်းပိုင်းနဲ့ နီးစပ်တဲ့နေရာတွေမှာ လှုပ်ရှားမှုရှိတယ်။ တပ်စွဲထားတဲ့နေရာတွေ ရှိတော့ အဲဒီဘက်ကို လှုပ်ရှားမှုရှိတယ်။ ဘုတ်ပြင်းဘက်လည်း ပုံမှန်ပဲ။

 ၂။ စစ်ကောင်စီဘက် ဒီနောက်ပိုင်း စစ်ကြောင်းထိုးတာတွေ ရှိသေးလား။ တိုက်ပွဲတွေကရော ဘယ်နေရာ တွေမှာ ဆက်လက်ဖြစ်ပွားနေလဲ။

သူတို့ဘက်ကတော့ ကျွန်တော်တို့ဘက်က လှုပ်ရှားမှုကိုမူတည်ပြီး တုံ့ပြန်လာတဲ့သဘောမျိုးပဲ ရှိတယ်။ ထား ဝယ်ဘက်မှာဆိုလည်း စစ်ကြောင်းထိုးနေတာ ရှိတယ်။ ပုလောဘက်မှာဆိုလည်း သူတို့ထိန်းချုပ်ထားတဲ့ နေရာ ကိုပိုပြီး နီးကပ်လာတော့ အဲဒီအပေါ်သူတို့ဘက်က တပ်ရင်းပြင်ဆင်လာတဲ့ ပုံစံမျိုးရှိတယ်။ ကျွန်တော်တို့ လှုပ် ရှားတဲ့အပေါ်မှာ လိုက်ပြီး တန်ပြန်လုပ်တဲ့သဘောမျိုးဖြစ်တယ်ပေါ့။

 ၃။ ဆိုတော့ အရင်လို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့ဝင်တွေ ရှိတဲ့ နေရာတွေကို စစ်ကြောင်း မထိုးနိုင်တော့ဘူးဆိုတဲ့ သဘောလား။

ထားဝယ်မှာတော့ထိုးတယ်။ ကျန်တဲ့ဘိတ်ခရိုင်မှာတော့ မရှိဘူး။ ကော့သောင်းခရိုင်မှာ မရှိဘူး။ PDF တွေရှိတဲ့ နေရာတော့ သူတို့သိထားပြီးသားလေ။ သူတို့စစ်ကြောင်းထိုးတယ်ဆိုတာက အရေးကြီးတဲ့ VIPလမ်းကြောင်း တွေ ရှိမယ်ဆိုရင် လမ်းထဲယူရင် ယူမယ်။ သီးခြားလာတာတော့ မရှိဘူး။ ပြီးရင် တပ်အချိန်းအပြောင်းတွေ ရှိမယ်။ ရိက္ခာပို့မယ့် လတွေရှိမယ်။ အဲဒီလိုလတွေဆို သူတို့စစ်ကြောင်းပုံစံနဲ့ထိုးတယ်။ သီးသန့်စခန်းတွေကို တိုက်ခိုက်တဲ့ပုံစံမျိုးကတော့ တော်တော်လေး နည်းသွားတာရှိတယ်။

၄။ စစ်ကောင်စီဘက်က စစ်ရေးဗျူဟာ ပြောင်းလဲလာတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။ ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။

ပြောင်းလဲလာတယ်ဆိုတာက သူတို့အင်အားရောပေါ့။ အဓိက တိုင်းထဲမှာရှိနေတဲ့ စစ်ကောင်စီအင်အားက လည်း ကျွန်တော်တို့ထက် စစ်ရေးတင်းမာနေတဲ့ ပြည်နယ်တို့ဘက်ကို ပိုထားတာရှိတယ်။ ဒီဘက်မှာလည်း သူတို့ရဲ့တိုက်ခိုက်ရေးရဲဘော်က အရေအတွက်မှာပဲ ရှိတယ်။ တကယ့်မြေပြင်မှာက လူအင်အားပဲရှိပေမယ့် တိုက်ခိုက်ရေးအင်အား အရမ်းနည်းသွားတယ်။ စစ်ကြောင်းထိုးလာတာတွေမှာ ကြည့်ရသလောက် သက်ကြီး ရွယ်အိုတွေ ပါလာတာလည်း တွေ့ရတယ်ဆိုတော့ ထိုးတဲ့အပိုင်းကို အဲဒီလောက်မလုပ်နိုင်တော့ဘူး။ သူတို့ ဘက်က ခံစစ်ကိုပိုပြင်လာတဲ့ သဘောတော့ တွေ့ရတာပဲ။

၅။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ဘယ်လိုမဟာဗျူဟာ၊ နည်းဗျူဟာတွေနဲ့ ဆက်လက် တိုက်ပွဲဝင်သွားဖို့ ပြင်ဆင်ထားပါသလဲ။

ကျွန်တော်တို့ရဲ့ တစ်နှစ်တာစီမံချက်တွေရှိတယ်။ မဟာဗျူဟာတွေက ဆုံးဖြတ်ထားတဲ့ တိုက်ခိုက်ရေးလုပ်ငန်း တွေရှိတယ်။ ဒါတွေကို တစိုက်မတ်မတ်လုပ်နေတာပဲ။ ကျွန်တော်တို့ဘက်ကတော့ အရှေ့ကိုတက်ဖို့ပဲ ရှိတယ်။ လောလောဆယ်တချို့မြို့နယ်တွေမှာတော့ စစ်ရေးမပူဘူး သာမန်ဖြစ်တယ်ဆိုပေမယ့် ကျွန်တော်တို့ရဲ့ စစ်ရေးရည်မှန်းချက်အတိုင်း တစိုက်မတ်မတ်သွားနေတယ်။ ပုလောဘက်မှာလည်း သူတို့ပစ်တာ ရှိတယ်။ သူတို့ပစ်တာက တစ်နေရာထဲမဟုတ်ဘူး။ ပတ်ဝိုင်းပစ်နေတာမျိုးလည်းရှိတယ်။  တနင်္သာရီဘက်မှာလည်း အပစ်ခံနေရတာရှိတယ်။ မြို့ကြီးတွေမှာ အပစ်ခံရတာက ပုလောနဲ့တနင်္သာရီမှာရှိတယ်။ ကျန်တဲ့မြို့နယ်ဘက် တွေမှာတော့ အနည်းစုဖြစ်နေတာ။ လောင်းလုံမှာဆို ဌာနဆိုင်ရာအဆောက်အအုံတွေ သွားပစ်ခတ်တာရှိ တယ်။ ထားဝယ်မှာကျတော့ သူတို့ ဝန်ကြီးအိမ်ရာတို့၊ လွှတ်တော်အဆောက်အဦးတို့ ဒါတွေသွားပစ်ခတ်တာ ရှိတယ်။

 ၆။ ဒီလို အခြေအနေမှာ စစ်ကောင်စီတပ်ဘက်က ဘာတွေ လုပ်လာနိုင်မယ်လို့ မြင်ပါသလဲ။ ဖြတ်လေးဖြတ် ကရော ဘယ်လိုလုပ်တာတွေ ရှိနေလဲ။

သူတို့ဘက်က စစ်ရေးအနေအထားအရ အသာစီးမရတော့ဘူးဆိုရင် နည်းလမ်းပေါင်းစုံနဲ့ ပြည်သူတွေကို ပိုပြီးအကြောက်တရားတွေ ရိုက်သွင်းလိမ့်မယ်။ ပိုပြီးဖမ်းဆီးတာတွေ၊ နှိပ်စက်သတ်ဖြတ်တာတွေ၊ လှုပ်ရှား တာတွေ ပိုပြီးလုပ်လာလိမ့်မယ်။ သူတို့ဘက်က ထွက်ပေါက်မရှိတဲ့အခြေအနေတွေ အခုလည်း လုပ်နေပါပြီ။ နောက်ဆိုရင် ပိုတောင်ဆိုးလာမယ့်အနေအထား ရှိတယ်။ ကျေးလက်ဒေသထက်စာရင် မြို့ပြတွေကို သူတို့ ပိုပြီးဂရုစိုက်လာတယ်။ မြို့ကြီးတွေမှာနေထိုင်တဲ့ လူတွေကတော့ ပိုပြီးတော့ နောက်ပိုင်းမှာပိုပြီး ကျပ်တည်း လာကြဖို့ အခြေအနေ ရှိတယ်။ ပုလောဘက်မှာဆို ရွာသားတွေရှိတယ်။ ကျေးရွာလူထုလိုအပ်ချက်အရ ရိက္ခာ တွေ၊ ဆန်လိုအပ်ရင် ကုန်စည်ပို့ဆောင်တဲ့ အပိုင်းကို ရွာသူရွာသားတွေရှိနေတော့ ဖြတ်လိုက်မယ်မထင်ဘူး။  အဓိက သူတို့ထောက်ပို့ လမ်းကြောင်းကို ဖြတ်လိုက်မယ်။ သူတို့တော်လှန်ရေးအင်အားစုဘက်ကို သူတို့မရမက စုံစမ်းဖော်ထုတ်တာရှိတယ်။ သူတိုသံသယနဲ့ အပြစ်ပေးအရေးယူတာတွေ လုပ်လာတာ တွေ့ရတယ်။

၇။ မြို့ပြတွေ တိုက်ခိုက်လာနိုင်တဲ့ အခြေအနေတွေရှိနေတာဆိုတော့ မြို့ပြပြည်သူတွေကို ဘာတွေ ပြောပြ ချင်တာ ရှိမလဲ။

အဓိကက ကျွန်တော်တို့မှာ အရေးကြီးတာ သတင်းအချက်အလက်ပေါ့နော်။ စစ်ကောင်စီက သူတို့ထိန်းချုပ် ထားတဲ့ ဒေသတွေမှာ လုံခြုံရေးနဲ့ပတ်သက်တဲ့ အစီအမံတွေ ရှိတယ်။ ဒါတွေက အချိန်နဲ့တပြေးညီ သိထားဖို့ လိုတယ်။ သူတို့တပ်အင်အား ဘယ်လောက်ရှိမလဲ။ ပြီးတော့နယ်မြေရဲ့ ပထဝီအနေအထားပေါ့။ ဒါတွေက ဒေသမှာရှိတဲ့ ပြည်သူတွေရဲ့ သတင်းပေးမှုအပေါ် အများကြီးအားကိုးနေရတာရှိတယ်။ ဒါလေးတွေလည်း ပိုပြီးဆောင်ရွက်ပေးနေတာ ရှိတယ်။ သူတို့နဲ့နီးစပ်တဲ့ တပ်စခန်းတွေ ရှိတယ်။ အဲဒီအနီးအနားမှာနေထိုင်တဲ့ သူတွေက တတ်နိုင်သမျှ လုံခြုံတဲ့နေရာမှာ ပြောင်းရွှေ့ဖို့လိုတယ်။ အတတ်နိုင်ဆုံးကတော့ ဒီနေရာတွေနဲ့ဝေး ဝေးမှာ နေထိုင်ကြဖို့က အန္တရာယ်အကင်းဆုံးပါပဲလို့ ပြောချင်တယ်။

၈။ စစ်တပ်ရဲ့ လက်ရှိအခြေအနေကို နောက်ဆုံးအနေနဲ့ ပြည်သူတွေကို ဘာတွေ ပြောပြချင်တာရှိမလဲ။

ထားဝယ်ဘက်မှာ ပကာရီရွာထဲမှာ တာဝန်ကျနေတဲ့ဗိုလ်တစ်ယောက်က အစည်းအဝေးခေါ်တယ်။ ပကာရီမှာ PDF တွေရှိတာ သိပါတယ်ပေါ့ ။ PDFတွေ လက်နက်မကိုင်ပဲ အရပ်ဝတ်နဲ့သွားလာလှုပ်ရှားလို့ရတယ်။ အဓိက က သူတို့ကို ပစ်တာတွေ၊ ပြသာနာရှာတာမလုပ်ပဲ ရွာသားတွေကလည်း ကြောက်လန့်ပြီးမသွားပဲ ကိုယ့်နေရာ ကိုယ်ပြန်လာလို့ရတယ်။ အဓိကက PDF တွေကို ပြောပေးပါပေါ့။ သူတို့ကို လာမတိုက်ပါနဲ့ ဆိုတဲ့ဟာ သူတို့အ စည်းအဝေးခေါ်ပြောတာရှိတယ်။ သူတို့မှာအကြောက်တရားတွေ ရှိနေတယ်။ မဖြစ်မနေ တိုက်ပွဲထွက်ရတာ တော့ ရှိတာပေါ့။ အဓိကက သူတို့ကိုလာမတိုက်ပါနဲ့ PDF တွေလည်း အရပ်ဝတ်နဲ့ လွတ်လွတ်လပ်လပ်သွား လာလို့ရတယ်။ အေးအေးချမ်းချမ်းနေကြရအောင်လို့ ပြောလာတာရှိတယ်။

အဓိကက တစ်နိုင်င်လုံးအတိုင်းအတာနဲ့ စစ်မျက်နှာက အကုန်ဖွင့်နေတယ်လို့ ပြောလို့ရတော့ သူတို့မှာ တပ်စ ခန်းကထွက်လိုက်တာနဲ့ ရန်သူရဲ့နယ်မြေထဲ ရောက်သွားတာပေါ့။ နေရာတိုင်းမှာ သူတို့ကို ခုခံတော်လှန်နိုင်တဲ့ စစ်မျက်နှာတွေ အများကြီးရှိနေတယ်။သူတို့ရဲ့ လုံခြုံမှုက မရှိတော့ဘူး။ သူတို့ရဲ့အင်အားကလည်း အများကြီး လျော့နည်းလာတာရှိတယ်။ စိတ်ဓာတ်ရေးရာကလည်း သူတို့ကျဆင်းလာပြီ။ ဖြစ်နိုင်ရင် စစ်မတိုက်ချင်တော့ ဘူး။ အမြန်သူတို့ငြိမ်းချမ်းရေးတစ်ခုကို လိုချင်တယ်ဆိုတဲ့ အနေအထားမျိုးရောက်သွားပြီဆိုတဲ့ စိတ်ဓာတ်ရေး ရာအရရော၊ စုဖွဲ့မှုအရတော့ အင်မတန်ကျဆင်းနေပြီ သူတို့က တိုက်ခိုက်ရေးဘက်ကို အားမသန်တော့ဘူး ဆိုတာ တော်တော်များများတွေ့လာရတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.