စင်ကာပူ၊ သြဂုတ်(၁၈)
စင်ကာပူနိုင်ငံမှာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးစီးနင်းရှာဖွေမှုတွေအတွင်း နိုင်ငံခြား ၁၀ ဦးကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ငွေသား၊ အိမ်ခြံမြေများ၊ ဇိမ်ခံကားတွေနဲ့ အခြားသော ပိုင်ဆိုင် မှုတွေအပါအဝင် စင်ကာပူဒေါ်လာ ၁ ဘီလီယမ်တန်ဖိုးရှိ ပစ္စည်းတွေကို သိမ်းဆည်းခဲ့ပါတယ်။
ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ နိုင်ငံ့မြို့တော်တစ်လျှောက်မှာ တစ်ပြိုက်နက်တည်း ဝင်ရောက်စီးနင်း မှုတွေ ပြုလုပ်ခဲ့ပြီး သံသယတရားခံတွေကိုလည်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
စုစုပေါင်း ခန့်မှန်းတန်ဖိုး စင်ကာပူဒေါ်လာ ၈၁၅ သန်းကျော်၊ နေအိမ်ပေါင်း၉၄လုံးနဲ့ ယာဉ်အစီး ရေ ၅၀ တို့ကို ချိတ်ပိတ်ကြောင်းလည်း အမိန့်ထုတ်ပြန်ခဲ့တာပါ။
ဒါ့အပြင် ဘဏ်အကောင့်များ၊ ငွေသား၊ ဇိမ်ခံအိတ်များ၊ လက်ဝတ်ရတနာ၊ လက်ပတ်နာရီများ၊ လျှပ်စစ်ကိရိယာတွေနဲ့ အခြားအကျိုးသက်ရောက်မှုရှိစေတဲ့ ပိုင်ဆိုင်မှုတွေကို ဖော်ပြထားတဲ့ စာရွက်စာတမ်းတွေလည်း သိမ်းဆည်းမှုမှာ ပါဝင်တယ်လို့ ဆိုပါတယ်။
စင်ကာပူရဲတပ်ဖွဲ့က ပြောကြားချက်အရ ဖမ်းဆီးခံရတဲ့နိုင်ငံခြားသားတွေဟာ အသက် ၃၁ နှစ် မှ ၄၄ နှစ်အ ရွယ်တွေရှိကြပြီး တရုတ်၊ တူရကီ၊ ဆိုက်ပရစ်၊ ကမ္ဘောဒီးယား၊ ဗန်နူယာကျူစတဲ့ နိုင်ငံတွေက ဖြစ်ကြတယ်လို့ သိရပါတယ်။
Ref,Reuters