ခါတွမ်း – ဩဂုတ်(၁၈)
ဆူဒန်နိုင်ငံမှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ဧပြီလကစပြီး အရပ်သား(၁)သန်းကျော်ဟာ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် နိုင်ငံအတွင်းက လူ(၃.၄)သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM)ရဲ့ဩဂုတ်လ(၁၅) ရက်နေ့ မှာထုတ်ပြန်ထားတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ပြည်တွင်းစစ်ဆိုးရွားစွာဖြစ်နေတဲ့ ဆူဒန်နိုင်ငံက လွတ်မြောက်သွားသူတွေဟာ အီဂျစ်၊လစ်ဗျား၊ ချဒ်၊အလယ်အာဖရိကသမ္မတနိုင်ငံ၊ တောင်ဆူဒန်နဲ့ အီသီယိုးပီးယား အပါအဝင် ဒေသတွင်းမှာ ရှိတဲ့ တခြားနိုင်ငံတွေကို ရောက်ရှိခဲ့ကြတာပါ။
ပြီးခဲ့တဲ့ ဧပြီလလယ်မှာ ဆူဒန်စစ်တပ်နဲ့ အရံထောက်ပံ့ရေးတပ်(RSF) တို့ကြား တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး မိတ်ဖက်ပြည်သူ့စစ်တွေဟာ အရပ်သားတွေကို သတ်ဖြတ်တာ၊ အိမ်တွေကိုလုယက်တာနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရပြီး ပြည်သူတွေဟာ နိုင်ငံကအစုလိုက်အပြုံလိုက်ထွက်ခွာခဲ့ရတဲ့အတွက် လူသားမျိုးနွယ်အပေါ် ကျူးလွန်နဲ့ ရာဇဝတ်မှုတွေကို စွဲချက်တင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
“လယ်သမားတွေက သူတို့အတွက်နဲ့ အိမ်နီးနားချင်းတွေအတွက် ကောက်ပဲသီးနှံတွေစိုက်ဖို့ အချိန်နှောင်းနေပြီ။ ဆေးဘက်ဆိုင်ရာ ထောက်ပံ့မှုတွေကလည်း ရှားပါးတယ်၊ အခြေအနေက ထိန်းမနိုင်သိမ်းမရ ဖြစ်နေပါတယ်” လို့ ကုလသမဂ္ဂ အေဂျင်စီတွေက ပြောခဲ့ပါတယ်။
ဒါ့အပြင် “ရပ်နားဖို့ အချိန်တန်ပါပြီ။ ပစ်ခတ်တိုက်ခိုက်မှုတွေ ချက်ချင်းရပ်ဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။ ဆူဒန်ပြည်သူများဟာ ငြိမ်းချမ်းရေးနှင့် လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ ကယ်ဆယ်ရေးများကို သာတူညီမျှရရှိရန် လိုအပ်ပါသည်။ နိုင်ငံတကာအသိုက် အဝန်း က ယနေ့ အရှိန်အဟုန်မြှင့်၍ အဆင့်တိုင်းတွင် ပါဝင်ဆောင်ရွက်ကာ ဆူဒန်ကို လမ်း ကြောင်းမှန် ပေါ် ပြန်လည်ရောက်ရှိစေဖို့နှင့် စစ်ပွဲကို အဆုံးသတ်ရန် လုပ်ဆောင်ရမှာ ဖြစ်တယ်” လို့ ကုလ သမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ပွဲလေးလတာအတွင်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုအပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံ ရမှုဖြစ်စည်တွေလည်း (၅၀) ရာခိုင်နှုန်းတိုးမြင့်လာပြီး အကူအညီမလုံလောက်မှု၊လျှပ်စစ်မီး ပြတ်တောက်မှုနဲ့ တိုက်ပွဲတွေကြောင့် ပျက်စီးသွားတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေဟာ လည်း အဆိုးရွားဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။
“ကျွန်ုပ်တို့၏ကိုယ်ပိုင်စာရင်းအင်းများအရနှင့် ကျား-မအခြေခံအကြမ်းဖက်မှုတွင် လုပ်ဆောင် နေသော မိတ်ဖက်အများအပြားကလည်း ပဋိပက္ခစတင်ကတည်းက အကြမ်းဖက်မှုတွေဟာ (၅၀%) တိုးလာကြောင်းနှင့် ၎င်းဟာ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်ပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုဖြစ်တယ်” လို့ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့(UNFPA) ရဲ့ ဒေသဆိုင်ရာ ဒါရိုက်တာ လိုင်ဘာဘာကာက ပြောခဲ့ပါတယ်။
အခုချိန်မှာ အမျိုးသမီး(၂၆၀၀၀၀) ဟာကိုယ်ဝန်ရှိနေပြီး (၁)သိန်းနီးပါးက လာမယ့်သုံးလ အတွင်း ကလေးမွေးဖွားဖို့ မျှော်လင့်ရပေမယ့် ဆေးရုံတွေကို ဘေးကင်းလုံခြုံစွာပို့ဆောင်ဖို့ အပါအဝင် အရေးကြီးတဲ့ ဝန်ဆောင်မှုတွေမပါဘဲ သူတို့ရဲ့ ဘဝတွေနဲ့ အနာဂတ်မျိုးဆက်သစ် တွေဖြစ်လာမယ့် ကလေးငယ်တွေဟာ ဆိုးရွားစွာ အန္တရာယ်ရှိနေတယ်လို့ သူကပြောပါသေး တယ်။
တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးနဲ့ မိန်းကလေးငယ်(၄.၂)သန်းလောက်ဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရနိုင်ခြေပိုများတယ်လို့ ကုလသမဂ္ဂက ဇူလိုင်လအတွင်းမှာ ထုတ်ဖော်ပြောဆိုထား ပြီး ကျူးလွန်သူတွေဟာ တာဝန်ခံရမှာဖြစ်သလို ဒီလိုအကြမ်းဖက်မှုတွေကို ရှင်းရှင်းလင်းလင်းနဲ့ ပြတ်ပြတ်သားသား ရှုတ်ချရမယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ရဲ့ပြောခွင့်ရပုဂ္ဂိုလ် လစ်သရိုဇယ်က ဆိုထားပါတယ်။
Ref: CNN