ဂျကာတာ – ဩဂုတ်(၁၆) 

ရဲတပ်ဖွဲ့လုံခြုံရေးဌာနချုပ်ကို တိုက်ခိုက်ဖို့ကြံစည်မှုနဲ့ သံသယရှိသူ (IS) သစ္စာခံတစ်ဦးကို အင်ဒို နီးရှားအကြမ်းဖက်မှု တန်ပြန်ရေးအဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဩဂုတ်လ(၁၅) ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံ ဒန်ဆက်စ်(Densus 88) အကြမ်းဖက်မှု တန်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက အဲဒီအမျိုးသားကို မြို့တော်ဂျကာတာ အပြင်ဘက်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဝင်ရောက်စီးနင်းခဲ့ ချိန်မှာ IS အလံ၊ခဲယမ်းမီးကျောက်တွေနဲ့ လက်နက်(၁၆) လက်တို့ကိုရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုခဲ့ တာပါ။

နိုင်ငံပိုင်မီးရထားကုမ္ပဏီတစ်ခုမှ ဝန်ထမ်းဖြစ်တဲ့ သံသယရှိသူဟာ ရဲဌာနကို တိုက်ခိုက်ဖို့သူ့ရဲ့ အစီအစဉ်ကို အာဏာပိုင်တွေဆီမှာ ထွက်ဆိုခဲ့ပေမယ့် အသေးစိတ်ကိုတော့ ပြောတာမရှိခဲ့ပါဘူး။

သံသယရှိသူဟာ ဆိုရှည်မီဒီယာပေါ်မှာ IS လိုလားတဲ့ အကြောင်းအရာတွေကို တင်ထား ပြီး အစွန်းရောက်ဝါဒအတွက် တယ်လီဂရမ်ကတဆင့် ရန်ပုံငွေရှာဖွေတာတွေရှိခဲ့တယ်လို့သိရပါ တယ်။ 

“ISIS ရဲ့လှုပ်ရှားမှု ဒါမှမဟုတ် ISIS ကိုထောက်ခံသူတွေရဲ့ စုဝေးမှုတွေဟာ ကျွန်တော်တို့ မျက်စိ နဲ့ မမြင်ရရင်တောင် ဘယ်တော့မှ ရပ်တန့်သွားမှာမဟုတ်ပါဘူး”လို့ ပြောရေးဆိုခွင့် ရှိသူ ကပြော ခဲ့ပါတယ်။ 

ဒါ့အပြင် တွေ့ရှိခဲ့တဲ့ အထောက်အထားတွေကြောင့် အံ့အားသင့်ခဲ့ရတယ်လို့လည်း သူက သတင်း စာရှင်းလင်းပွဲမှာ ပြောပါသေးတယ်။ 

“ဆက်စပ်မှုနည်းသည့် အဆိုပါသံသယရှိသူအား ဖမ်းဆီးလိုက်ခြင်းဟာ ၂၀၂၃ ခုနှစ်အစက တည်းက အကြမ်းဖက်လှုပ်ရှားမှုနည်းပါးပြီးနောက် နိုင်ငံအတွင်း သေးငယ်ပေမယ့် အလွန်အစွန်း ရောက်သော လူနည်းစုတွေရဲ့ တည်ရှိနေခြင်းကို မီးမောင်းထိုးပြလိုက်တာဖြစ်တယ်” လို့ ကွန်ကော့ထ် အတိုင်ပင်ခံအဖွဲ့ လုံခြုံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။ 

မွတ်ဆလင်အများစုနေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ၂၀၀၂ ခုနှစ်က ဘာလီကျွန်းမှာရှိတဲ့ နိုက်က လပ်နှစ်ခု ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး အဲဒီတိုက်ခိုက်မှုဟာ စစ်သွေးကြွတွေရဲ့ အဆိုးဆုံးတိုက် ခိုက်မှု ဖြစ်ခဲ့ကာ လူ(၂၀၂) ဦးသေဆုံးပြီး အများစုမှာ နိုင်ငံခြားသားခရီးသွားတွေဖြစ်တယ်လို့ သိရပါ တယ်။ 

အစွန်းရောက်တိုက်ခိုက်မှုတွေရဲ့ ခြိမ်းခြောက်မှုတွေဟာ သိသိသာသာ လျော့ကျလာခဲ့ပြီး သံသယရှိသူတွေကို ဖမ်းဆီးမှုတွေ ပြုလုပ်နေတာကြောင့် IS အဖွဲ့ကို သစ္စာသံသူတွေ ရှားပါး လာတယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.