ဘန်ကောက် – ဩဂုတ်(၁၆) 

HIV ရောဂါကူးစက်ခံထားရတဲ့ ထိုင်းနိုင်ငံသားတစ်ဦးဟာ Monkey Pox လို့လူသိများတဲ့ MPox ရောဂါ ကူးစက်ခံရပြီးနောက် ပထမဆုံးသေဆုံးခဲ့တယ်လို့ ကူးစက်ရောဂါ ထိန်းချုပ်ရေးဦးစီးဌာန က ဩဂုတ်လ(၁၄) ရက်နေ့မှာပြောခဲ့ပါတယ်။ 

သေဆုံးသူဟာ အသက်(၃၄) နှစ်အရွယ်ရှိတဲ့ ချွန်ဘူရီခရိုင်မှာ နေထိုင်သူဖြစ်ကာ သူဟာ အဖျား တက်တာ၊ခေါင်းကိုင်တာ၊အဖုတွေနဲ့ အရည်ကြည်ဖုတွေ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ ဖြစ်ပွား ပြီးနောက် ပုဂ္ဂလိက ဆေးရုံမှာ သွားရောက်ဆေးကုသမှုခံယူချိန်မှာ ရောဂါကို ရှာဖွေတွေ့ရှိခဲ့တာ ပါ။

ပြီးခဲ့တဲ့ ဇူလိုင်လ(၁၁) ရက်နေ့မှာ MPox ကိုစစ်ဆေးတွေ့ရှိပြီးနောက် သူ့ရဲ့ ဓာတ်ခွဲနမူနာကို စစ်ဆးတဲ့ ဌာနကို ပေးပို့ထားတယ်လို့ သိရပါတယ်။

ဘန်ကောက်ပို့စ် သတင်းဌာနရဲ့ ဖော်ပြချက်အရ အဲဒီလူနာဟာ MPox ဗိုင်းရပ်စ်၊ဆစ်ဖလစ်နဲ့ HIV ရောဂါပိုး ကူးစက်ခံနေရသူဖြစ်ကာ ကူးစက်ရောဂါတွေအတွက် အခွင့်အလမ်းရှိသူဖြစ်တယ်လို့ သိရပါတယ်။

သေဆုံသူဟာကုသမှုရင်သီတင်းပတ်လေးပတ်အကြာမှာ အဖုတွေကို ကုသပျောက်ကင်းပြီး နောက် ဆေးရုံက ဆင်းခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဩဂုတ်လ(၉) ရက်နေ့မှာတော့ အဲဒီရောဂါ လက္ခဏာတွေပြန်လည်ဖြစ်ပေါ်ခဲ့ပြီး အသက်ရူရခက်ခဲတဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတဲ့အတွက် ကူးစက်ရောဂါ စစ်ဆေးရေးဌာကို ပြန်လည်ပို့ဆောင်ခဲ့ရတာဖြစ်ပါတယ်။

သေဆုံသူရဲ့ ခန္ဓာကိုယ်အနှံ့အပြားမှာ MPox ကြောင့်ဖြစ်ပေါ်နေတဲ့ အဖုတွေတွေ့ရှိခဲ့ရပြီး သူ့ရဲ့ အဆုတ်နဲ့ ဦးနှောက်တွေမှာ ကူးစက်ရောဂါတွေရှိနေသလို ခုခံအားစနစ်ကျဆင်းနေတာဖြစ်တယ် လို့သိရပါတယ်။

ထိုင်းကူးစက်ရောဂါထိန်းချုပ်ရေး ဦးစီးဌာနက လိင်တူချစ်သူတွေလို ကူးစက်မှု အန္တရာယ်မြင့် မားတဲ့ လူအုပ်စုတွေအနေနဲ့ MPox ကူးစက်ဖို့ လွယ်ကူတဲ့အတွက် သူစိမ်းတွေနဲ့ လိင်မဆက်ဆံ ကြဖို့ တိုက်တွန်းထားပါတယ်။

ဩဂုတ်လ(၈) ရက်နေ့အထိ ထိုင်းနိုင်ငံအတွင်း MPoX ကူးစက်ခံရသူ ထိုင်းနိုင်ငံသား (၁၆၁) ဦးနဲ့ နိုင်ငံခြားသား (၁၈) ဦးအထိရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။ 

Ref: The Nation

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.