ဟောင်ကောင် – ဩဂုတ်(၁၅) 

မီဒီယာကုမ္ပဏီသူဌေးကြီး ဂျင်မီလိုင်အပါအဝင် ဟောင်ကောင်ရဲ့ အထင်ရှားဆုံး ဒီမိုကရေစီ ခေါင်းဆောင်(၇) ဦးကို ၂၀၁၉ ကခုနှစ်လူထုစည်းဝေးပွဲဖြစ်မြောက်အောင်လှုံ့ဆော်တယ်ဆိုတဲ့ စွဲချက်နဲ့ပတ်သက်ပြီး ဩဂုတ်လ(၁၄) ရက်နေ့မှာ တရားရုံးက ပယ်ဖျက်ပေးလိုက်ပါတယ်။

အယူခံတရားရုံးမှာ ပြစ်ဒဏ်တစ်ခုကို စီရင်ချက်ချစဉ် ခန့်မှန်းခြေ လူ(၁.၇) သန်းကို စည်းရုံး လှုံ့ဆော်ခဲ့တဲ့ ဩဂုတ်(၁၈)ရက်နေ့ဆန္ဒပြပွဲမှာ ထပ်မံပါဝင်ခဲ့ပြီး အဲဒါဟာ ဘေဂျင်းမှ ဖြိုခွင်းခဲ့တဲ့ ဆန္ဒပြပွဲတွေ အတွင်း အကြီးဆုံးစုဝေးမှုဖြစ်ခဲ့ဖြစ်ခဲ့တာပါ။

အဲဒီအစုအဖွဲ့ဟာ စည်းရုံးရေးနဲ့ ခွင့်ပြုချက်မရှိဘဲ စည်းဝေးပွဲမှာ ပါဝင်ခဲ့တဲ့အတွက် ၂၀၂၁ ခုနှစ် မှာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး နောက်ပိုင်းမှာ အယူခံဝင်ခဲ့တာဖြစ်ပါတယ်။ 

စီရင်ချက်အရ စီတန်းလှည့်လည်ပွဲ ရှေ့မှာ သူတို့(၇) ဦးရှိနေခဲ့တဲ့အတွက်    “၎င်းတို့ဟာအဖွဲ့ အစည်းတွင် ပါဝင်ပတ်သက်ကြောင်း သက်သေအထောက်အထားအတွက် လက်တွေ့ကျပြီး သို့မဟုတ် သင့်လျော်သော အချက်အလက်မဟုတ်” ဘူးလို့ ဆိုပါတယ်။

ဒါအပြင် ခွင့်ပြုချက်မရှိတဲ့ လှုပ်ရှားမှုတစ်ခုမှာ စတင်လုပ်ဆောင်ခဲ့တာကို အသီးသီးသိရှိထားကြ တဲ့အတွက် တရားရုံးက ပါဝင်မှုဆိုင်ရာ ပြစ်ဒဏ်ကို ချမှတ်ခဲ့တာဖြစ်ပါတယ်။

အမှုက ပယ်ဖျက်ပေးခံလိုက်ရတဲ့ ခေါင်းဆောင်(၇) ဦးဟာ ဟောင်ကောင်ရဲ့ ဖြိုခွင်းခံခဲ့ရတဲ့ ဒီမို ကရေစီလှုပ်ရှားမှုရဲ့ အသိအမှတ်ပြုခံရသူတွေထဲမှာ ပါဝင်တယ်လို့ သိရပါတယ်။ 

တရုတ်ဟာ သဘောထားကွဲလွဲမှုတွေကို ထိထိရောက်ရောက်နှုတ်ပိတ်တဲ့ အမျိုးသားလုံခြုံရေး ဥပဒေကို ချမှတ်ပြီးနောက် မြို့တော်မှာ ငြိမ်းချမ်းစွာ စုဝေးခွင့်ကို ထိခိုက်စေတဲ့အတွက် ၂၀၂၁ ခုနှစ်မှာ စီရင်ချက်ချခဲ့တာပါ။

ဩဂုတ်(၁၈) ရက် ဆန္ဒထုတ်ဖော်မှုမှာ ငြိမ်းချမ်းခဲ့ပြီး ရဲတပ်ဖွဲ့က အကြမ်းဖက်မှုကို တွေ့မြင်ခဲ့တာ မရှိသလို ဖမ်းဆီးတာလည်းမရှိခဲ့ဘူးလို့ ကနဦး ရုံးချိန်းမှာ တရားရုံးကိုပြောထားပါတယ်။ 

ဟောင်ကောင်မှာ လက်ရှိအချိန်ထိ လူ(၂၆၀) ဦးကို အမျိုးသားလုံခြုံရေးဥပဒေနဲ့ ဖမ်းဆီးထားပြီး အဲဒီထဲမှာ (၇၉) ဦးဟာ စီရင်ချက်ချမှတ်ခံရဖို့ စောင့်ဆိုင်းနေကြရတယ်လို့ သိရပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.