ပြုံယမ်း၊ သြဂုတ်(၁၅) 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းဟာ ပြီးခဲ့တဲ့သီတင်းပတ်က ကိုရီးယားကျွန်းဆွယ်ကို ဖြတ်ကျော် တိုက်ခတ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို ကာကွယ်ဖို့ပျက် ကွက်မှုတွေအတွက် အ ရာ ရှိတွေကို ပြစ်တင်ဝေဖန်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက သြဂုတ် (၁၄) ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

ကိုရီးယားကျွန်းဆွယ်သို့ ဦးတည်မဖြတ်သန်းမီ ဂျပန်နိုင်ငံကို ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း ခါနန်ဟာ ပြီးခဲ့တဲ့သောကြာနေ့အစောပိုင်းက မြောက်ကိုရီးယားကို ဖြတ် ကျော်ဝင်ရောက်ခဲ့ပြီး တောင်ဘက်သို့ ဦးတည်သွားကာ မိုးသည်းထန်စွာရွာသွန်းမှုတွေဖြစ် ပေါ်စေခဲ့ပါတယ်။ 

သစ်တောပြုန်းတီးမှုကြောင့် ရေကြီးရေလျှံမှုဒဏ်ကို ခံနိုင်ရည်ရှိပေမယ့်လည်း နိုင်ငံရဲ့အခြေခံ အဆောက်အအုံ အရည်အသွေးအားနည်းမှုကြောင့် အထီးကျန်ပြီး ဆင်းရဲနွမ်းပါးတဲ့ မြောက်ကိုး ရီးယားဟာ သဘာဝဘေးအန္တ ရာယ်များကို ကြီးကြီးမားမား သက်ရောက်မှုရှိခဲ့တာလည်း ဖြစ်ပါ တယ်။

 နိုင်ငံအရှေ့ဘက်ရှိ ရေလွှမ်းနေတဲ့ လယ်မြေတွေကို လှည့်ပတ်ကြည့်ရှုစဉ် ကင်ဂျုံအွန်းဟာ ဒေသဆိုင်ရာတာ ဝန်ရှိသူတွေရဲ့ အချိန်ဆွဲတဲ့တာဝန်မဲ့လုပ်ရပ်ကြောင့် အခြားဒေသတွေထက် ပျက်စီးဆုံးရှုံးမှု ပိုမိုခံစားရကြောင်း ပြောကြားခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ (KCNA) က ဖော်ပြခဲ့ပါတယ်။ 

“ဒေသဆိုင်ရာ အရာရှိတွေဟာ ပြည်နယ်ရဲ့ ဆောင်ရွက်မှုတွေကို အာရုံမစိုက်ဘဲ ပြင်ဆင်မှုတွေ မလုပ်လို့ အဲဒီ ဒေသဟာ တခြားဒေသတွေထက် အများကြီး ထိခိုက်နစ်နာခဲ့ရပါတယ်” လို့ ကင်မ်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

မုန်တိုင်းဟာ ကျွန်းဆွယ်သို့ ချဉ်းကပ်လာတာကြောင့် မြောက်ကိုရီးယားဟာ ဆိုးရွားတဲ့ ပုံမှန်မ ဟုတ်သော ရာသီဥတုဒဏ်ကို ရင်ဆိုင်ဖို့ လှုပ်ရှားမှုအစီအမံတွေ လုပ်ဆောင်ခဲ့ရပြီး နိုင်ငံရဲ့ စီးပွား ရေးထွက်ကုန်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေနိုင်မယ့် အစီအမံတွေကိုလည်း မြောက်ကိုယားက ကြေညာခဲ့ပါတယ်။ 

မြောက်ပိုင်းဟာ ရံဖန်ရံခါ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံစားရပြီး လူပေါင်း ရာနှင့်ချီ သေဆုံးခဲ့ ကာ ၁၉၉၀ ပြည့်လွန်နှစ်ခန့်က ခန့်မှန်းခြေ သန်းနှင့်ချီပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။ 

စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ စိုက်ပျိုးရေးပြဿနာတွေကို ဖြေရှင်းဖို့အတွက် ပြီးခဲ့တဲ့ဖေဖော်ဝါရီ တုန်းကလည်း နိုင်ငံရဲ့အဆင့်မြင့်ပါတီအစည်းအဝေးကို ကျင်းပခဲ့ပါသေးတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.