မင်းလှ – ဩဂုတ်(၁၄)

ပဲခူးတိုင်း၊မင်းလှမြို့နယ် စိန်ကန့်လန့်-မြို့ချောင်း ရိုးမဖြတ်ကျော်လမ်း ခါချဉ်တောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တင်ဆောင်လာတဲ့ ကားတစ်စီးကို သာယာဝတီ ခရိုင်တပ်ရင်း ၃၈၀၂၊တပ်ခွဲ-၅ ကတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ(၁၃) ရက်နေ့ နေ့လည်(၁၁) နာရီဝန်းကျင်က စစ်ကောင်စီတပ်ချိန်းပြီး ပြန်လာ ချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်က တိုက်ခိုက်ခဲ့တာပါ။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီပိုင် ဖောကား ဆီတိုင်ကီပေါက်ကာ တစ်ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေ များပြားခဲ့တယ်လို့ သိရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို လက်ပစ်ဗုံး နဲ့ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ က စစ်ဆင်ရေးနယ်မြေဖြစ်တဲ့ လက်ပံတန်းမြို့နယ်၊ မင်းလှမြို့နယ်နဲ့ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းကို ပြီးခဲ့တဲ့ ဩဂုတ်လ(၆) ရက်နေ့ကစပြီး မော်တော်ယာဉ် သွားလာခွင့်တားမြစ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ပုံအဟောင်း(CJ)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.