ဖားကန့် – ဩဂုတ်(၁၅) 

မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ကျောက်မိုင်းပြိုကျမှုမှာ လူ(၃၀) ကျော်ပျောက်ဆုံးနေ တယ်လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါ တယ်။

ဒီအဖြစ်အပျက်ဟာ ဝေးလံခေါင်ဖျားပြီး တောင်ထူထပ်ရာ ကချင်ပြည်နယ်အတွင်းက ဖားကန့်မှာ ဖြစ်ပွားခဲ့ပြီး မြို့ကြီးရဲ့ မြောက်ဘက် (၉၅၀) ကီလိုမီတာအကွာမှာ ရှိတဲ့ ကမ္ဘာ့ အကြီးဆုံး ကျောက်စိမ်းမိုင်းတည်ရှိတဲ့နေရာမှာ ဖြစ်ပွားခဲ့တာပါ။

ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်တစ်ဦးက တနင်္ဂနွေနေ့ ညနေ(၃) နာရီခွဲမှာ မြေပြိုမှုဖြစ်ပွားခဲ့ပြီး ကျောက်မိုင်းလုပ်သား အယောက်(၃၀) ကျော်ရေခိုအောင်းရာ ကန်အတွင်း မျောပါသွားတယ်လို့ အတည်ပြုခဲ့ပြီး စစ်တပ်ရဲ့ဖမ်းဆီးခံရမယ့် အခြေအနေကြောင့် သူ့ရဲ့အမည်ကို မဖော်ပြဖို့လည်း AFP ကိုတောင်းဆိုထားပါတယ်။

အဲဒီကျေးရွာအနီးက မြေသားနဲ့ ကျောက်စိုင် ကျောက်ခဲတွေဟာ ချောက်ကမ်းပါးရဲ့ (၃၄၀) ကီလို မီတာအတွင်း ရေကန်အောက်ကို ရောက်ရှိသွားကာ ကျောက်မိုင်းလုပ်သားတွေ အန္တရာယ်ကြုံခဲ့ ရတာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

ဩဂုတ်လ(၁၄) ရက်နေ့မှာ ရေကန်ကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး လူ(၃၄) ဦးပျောက်ဆုံးနေကာ လူ(၈) ဦးကိုတော့ ဒေသဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။ 

လုံခြုံရေးအရ အမည်မဖော်လိုသူ ကျောက်မိုင်းလုပ်သားတစ်ဦးကလည်း ရေကန်အတွင်း ကျောက်စိမ်းတူးဖော်နေခဲ့တာဖြစ်ပြီး ပိိတ်မိသူတွေဟာ အမျိုးသားတွေဖြစ်တယ်လို့ ဆိုထား သလို အလားတူ အသေးစား မြေပြိုမှုတွေ ဖြစ်လေ့ရှိပေမယ့် ကူညီကယ်ဆယ်ရေး အပြည့် အဝ ရရှိတာ မရှိဘူးလို့ ဆိုထားပါတယ်။

သေဆုံးသူတွေဟာ အများအားဖြင့် သတ္တုတွင်း ကုမ္ပဏီတွေအသုံးပြုတဲ့ စက်ယန္တရားကြီးတွေနဲ့ တူးဖော်ထားတဲ့ ဧရာမစွန့်ပစ်မြေကြီးတွေအမီးမှာ အခြေချတဲ့ ရေမဆေးကျောက်ရှာဖွေသူတွေ ဖြစ်ကာ သူတို့ဟာ မြေသားတည်ငြိမ်မှုမရှိတဲ့ တောင်ခြေမှာ နေထိုင်ကြသူတွေဖြစ်ပါတယ်။

ဒါ့အပြင် ရေမဆေးကျောက်ရှာဖွေသူတွေဟာ မြန်မာနိုင်ငံနေရာအနှံ့က လာရောက်လုပ်ကိုင်နေ ကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေဖြစ်တယ်လို့ သိရပါတယ်။

အခုမြေပြိုမှုဖြစ်ပွားခဲ့တဲ့ နေရာမှာ လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်ကလည်း မြေပြိုမှုဖြစ်ပွားဖူးပြီး လူ(၁၆၂) ဦးသေဆုံးခဲ့ကာ ၂၀၁၅ ခုနှစ်ကလည်း လူ(၁၁၃) ဦးသေဆုံးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.