August 14, 2023

မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုတွေနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို ကင်ဂျုံအွန်းအပြစ်တင်

ပြုံယမ်း၊ သြဂုတ်(၁၅) မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းဟာ ပြီးခဲ့တဲ့သီတင်းပတ်က ကိုရီးယားကျွန်းဆွယ်ကို ဖြတ်ကျော် တိုက်ခတ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို ကာကွယ်ဖို့ပျက် ကွက်မှုတွေအတွက် အ ရာ ရှိတွေကို ပြစ်တင်ဝေဖန်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက သြဂုတ် (၁၄) ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။ ကိုရီးယားကျွန်းဆွယ်သို့ ဦးတည်မဖြတ်သန်းမီ ဂျပန်နိုင်ငံကို ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း ခါနန်ဟာ ပြီးခဲ့တဲ့သောကြာနေ့အစောပိုင်းက မြောက်ကိုရီးယားကို ဖြတ်…

ဖားကန့်အနီးမှာ ကျောက်မိုင်းမြေပြိုမှုကြောင့် လူ(၃၀) ကျော်ပျောက်ဆုံးနေ

ဖားကန့် – ဩဂုတ်(၁၅) မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ကျောက်မိုင်းပြိုကျမှုမှာ လူ(၃၀) ကျော်ပျောက်ဆုံးနေ တယ်လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါ တယ်။ ဒီအဖြစ်အပျက်ဟာ ဝေးလံခေါင်ဖျားပြီး တောင်ထူထပ်ရာ ကချင်ပြည်နယ်အတွင်းက ဖားကန့်မှာ ဖြစ်ပွားခဲ့ပြီး မြို့ကြီးရဲ့ မြောက်ဘက် (၉၅၀) ကီလိုမီတာအကွာမှာ ရှိတဲ့ ကမ္ဘာ့ အကြီးဆုံး ကျောက်စိမ်းမိုင်းတည်ရှိတဲ့နေရာမှာ ဖြစ်ပွားခဲ့တာပါ။ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်တစ်ဦးက တနင်္ဂနွေနေ့…

၂၀၁၉ခုနှစ်က ဆန္ဒပြပွဲ လှုံ့ဆော်ခဲ့တဲ့ ဟောင်ကောင်ဒီမိုကရေစီခေါင်းဆောင်တွေရဲ့ အမှုကို ပယ်ဖျက်

ဟောင်ကောင် – ဩဂုတ်(၁၅) မီဒီယာကုမ္ပဏီသူဌေးကြီး ဂျင်မီလိုင်အပါအဝင် ဟောင်ကောင်ရဲ့ အထင်ရှားဆုံး ဒီမိုကရေစီ ခေါင်းဆောင်(၇) ဦးကို ၂၀၁၉ ကခုနှစ်လူထုစည်းဝေးပွဲဖြစ်မြောက်အောင်လှုံ့ဆော်တယ်ဆိုတဲ့ စွဲချက်နဲ့ပတ်သက်ပြီး ဩဂုတ်လ(၁၄) ရက်နေ့မှာ တရားရုံးက ပယ်ဖျက်ပေးလိုက်ပါတယ်။ အယူခံတရားရုံးမှာ ပြစ်ဒဏ်တစ်ခုကို စီရင်ချက်ချစဉ် ခန့်မှန်းခြေ လူ(၁.၇) သန်းကို စည်းရုံး လှုံ့ဆော်ခဲ့တဲ့ ဩဂုတ်(၁၈)ရက်နေ့ဆန္ဒပြပွဲမှာ ထပ်မံပါဝင်ခဲ့ပြီး အဲဒါဟာ ဘေဂျင်းမှ ဖြိုခွင်းခဲ့တဲ့…

ဘူးလတ်လှဆွေရဲ့ ပျူကျေးရွာတွေအငတ်ဘေးစိုက်နေ

ဂန့်ဂေါ – ဩဂုတ်(၁၄) မကွေးတိုင်း၊ဂန့်ဂေါနဲ့ စစ်ကိုင်းတိုင်း ကလေးအစပ်က ဘူးလတ်လှဆွေရဲ့ ပျူစောထီးကျေးရွာတွေမှာ လူသုံးကုန်ပစ္စည်းပြတ်လတ်မှုနဲ့ အငတ်ဘေးစိုက်နေတဲ့အတွက် စစ်တပ်ကို နယ်မြေရှင်း လင်းပေးဖို့ ပျူစောထီးဆရာတော်တပါးက တောင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ(၈) ရက်နေ့က စစ်ကောင်စီတပ်ကို အကူအညီတောင်းထားတာဖြစ်ပြီး ပျူစောထီးအိမ်ထောင်စု (၇၀၀၀) ကျော်ဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုထားတာပါ။ “ကျေးရွာပေါင်းဆယ်ရွာကျော်ကပျူစောထီးတွေငတ်နေကြတာတော့ကြာပြီ။ ပိုက်ဆံရှိလည်း ဝယ်မရဘူး။ အဲဒီဘက်အပိုင်းမှာ…

မင်းလှမှာ စစ်ကောင်စီကားတစ်စီးတိုက်ခိုက်ခံရ၊တစ်ဦးသေဆုံး

မင်းလှ – ဩဂုတ်(၁၄) ပဲခူးတိုင်း၊မင်းလှမြို့နယ် စိန်ကန့်လန့်-မြို့ချောင်း ရိုးမဖြတ်ကျော်လမ်း ခါချဉ်တောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တင်ဆောင်လာတဲ့ ကားတစ်စီးကို သာယာဝတီ ခရိုင်တပ်ရင်း ၃၈၀၂၊တပ်ခွဲ-၅ ကတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ(၁၃) ရက်နေ့ နေ့လည်(၁၁) နာရီဝန်းကျင်က စစ်ကောင်စီတပ်ချိန်းပြီး ပြန်လာ ချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်က တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီပိုင် ဖောကား ဆီတိုင်ကီပေါက်ကာ…

မူဆယ်ဒေသခံ(၄)ဦးကို စစ်ကောင်စီဩဇာခံ ပြည်သူ့စစ်ဖမ်းဆီး၊ တစ်ဦးသတ်ဖြတ်ခံလိုက်ရ

မူဆယ် – ဩဂုတ်(၁၄) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့က ဒေသခံလေးဦးကို စစ်ကောင်စီ ဩဇာခံ ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးနှိပ်စက်ပြီးနောက် တစ်ဦးကို သတ်ဖြတ်လိုက်တယ်လို့ တအောင်းတပ်မတော် (TNLA) က သတင်းထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးခံထားရသူတွေကို TNLA တပ်ဖွဲ့ဝင်တွေဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားတာ ဖြစ်ကာ မျက်နှာကိုအဝတ်တွေနဲ့စွပ်ထားပြီး အစာမကျွေးဘဲ(၂)ရက်တိုင်တိုင် ထိုးကြိတ်ရိုက်နှက်ခဲ့ကြတယ်လို့ ဆိုထားပါတယ်။ စစ်ကောင်စီဩဇာခံ ပြည်သူ့စစ်အဖွဲ့ဟာ ဖမ်းဆီးသွားတဲ့ပြည်သူလေးဦးထဲက အသက်(၂၄)…