မော်လမြိုင် – ဩဂုတ်(၁၂)

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် တောင်ကျရေ အဆမတန်မြင့်တက်လာပြီး ကျောင်းသားလက်ရုံးတပ်တော် ဗဟိုလေ့ကျင့်ရေးကွင်းမှာ ရှိတဲ့ ရုံးအဆောက်အအုံတချို့နဲ့ ရုံးလုပ်ငန်းသုံးပစ္စည်းတွေ ပျက်စီးဆုံးရှုံးမှုရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ပျက်စီးဆုံးရှုံးမှုတွေမှာ စိုက်ပျိုးထားတဲ့အခင်းတွေလည်း ပါဝင်သွားသလို တခြားပစ္စည်းတွေနဲ့ ကာလတန်ဖိုး ကျပ်သိန်း(၁၀၀) နီးပါးအထိရှိခဲ့တယ်လို့ သိရပါတယ်။

ကျောင်းသားလက်ရုံးတပ်တော်ဟာ စစ်အာဏာရှင်တော်လှန်ရေး လုပ်ငန်းတွေလုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံတဝှမ်းက တက္ကသိုလ်ကျောင်းသားတွေဦးဆောင်ဖွဲ့စည်းထားတဲ့ တော်လှန်ရေး အင်အားစုဖြစ်ပါတယ်။

ဓာတ်ပုံ – ကျောင်းသားလက်ရုံးတပ်တော်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.