နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဒုဗိုလ်မှူးကြီးမျိုးမင်းထွန်း မြိတ်ခရိုင်ကောင်စီအဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပယ်ခံရ
မြိတ်၊ သြဂုတ်(၁၃) တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်ထဲမှာ စစ်တပ်အာဏာသိမ်းကာလအတွင်း နာမည်ဆိုးနဲ့ကျော်ကြားတဲ့ စစ်တပ်ဒုဗိုလ်မှူးကြီး မျိုးမင်းထွန်းကို မြိတ်ခရိုင်စီမံကောင်စီအဖွဲ့ဝင် ၁ အဖြစ်ကနေ ထုတ်ပယ်ခံလိုက်ရတယ်လို့ ခရိုင်ကောင်စီအဖွဲ့နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒုဗိုလ်မှူးကြီးမျိုးမင်းထွန်းကို ပြီးခဲ့တဲ့ဇွန်လကတည်းက ခရိုင်ကောင်စီအဖွဲ့ဝင်ကနေ ထုတ်ပယ်ပြီးနောက် မူလတာဝန်ဖြစ်တဲ့ မြိတ်မြို့နယ်၊ ရွှေဒူးကျေးရွာရှိ အမှတ် ၁၂ တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်းမှာ ဒုကျောင်းအုပ်အဖြစ် စစ်ဘက်ဆိုင်ရာ တာဝန်ပြန်လည် ထမ်းဆောင်နေရတာပါ။ မြိတ်ခရိုင်ကောင်စီအဖွဲ့နဲ့…