ရန်ကုန်၊ သြဂုတ်(၆)

ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်ဖို့အတွက် အရန်ဆန်အိတ်ငါးသောင်းကို လာမယ့်သြဂုတ် ၇ ရက်နေ့ကစပြီး ရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သြဂုတ် ၅ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

အရန်ဆန်တွေကိုတော့ ရန်ကုန်မြို့ ဝါးတန်းလမ်းမှာရှိတဲ့ ဆန်စပါးကုန်စည်ဒိုင်နဲ့ ဘုရင့်နောင်ကုန်စည်ဒိုင်တို့မှာ စတင်ရောင်းချပေးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အရန်ဆန်ရောင်းချပေးရာမှာ ရွှေဘိုပေါ်ဆန်းမွှေးတစ်အိတ်ကို ကျပ် ၁၂၀,၀၀၀ ၊ ဧရာဝတီ ပေါ်ဆန်းမွှေးတစ်အိတ်ကို ကျပ် ၉၇,၀၀၀ ၊ ဆန်ကြမ်းအုပ်စုဝင် ဧည့်မထဆန်တစ်အိတ်ကို ကျပ် ၆၅,၀၀၀ နဲ့ ရောင်းချပေးသွားမယ်လို့ ထုတ်ပြန်ထားတာပါ။ဆန်ဝယ်ယူလိုသူတွေအနေနဲ့ လူတစ်ဦးတစ်လအတွက် ပေါ်ဆန်းတစ်အိတ်နဲ့ဧည့်မထ တစ်အိတ်စီ မှတ်ပုံတင်ပြပြီး ဝယ်ယူနိုင်ကာ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံဝန်ထမ်းတွေအပြင် ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့ သက်ဆိုင်ရာဌာနရဲ့ထောက်ခံစာနဲ့အတူ အီးမေးလ်ပို့ပြီးမှ ဝယ်ယူလို့ရမယ်လို့ ဆိုပါတယ်။မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဈေးနှုန်းသက်သက်သာသာနဲ့ ရောင်းချပေးမယ်ဆိုတဲ့ အရန်ဆန်တွေဟာ ပြည်တွင်းဈေးကွက်ပေါက်ဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင် တစ်အိတ် ကျပ် ၅၀၀၀ ကနေ ကျပ် ၁၅၀၀၀ လောက်သာ ဈေးနှုန်းကွာဟနေပါတယ်။ဆန်လုပ်ငန်းကျွမ်းကျင်သူတွေကတော့ အရန်ဆန်ထုတ်ရောင်းမှုဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ဆန်ဈေး နှုန်း အနည်းငယ်သာ ကျဆင်းလာနိုင်ပေမယ့် ထိရောက်တဲ့ ပြောင်းလဲမှုတော့ ဖြစ်လာမှာမဟုတ်ဘူးလို့ သုံးသပ်ပါ တယ်။အရန်ဆန်တွေ ရောင်းချပေးတာဟာ ဆန်ဈေးနှုန်းတည်ငြိမ် မှန်ကန်စေဖို့အတွက်ဖြစ်သလို စားသုံးသူပြည်သူတွေအတွက် ပစ္စည်းမှန်၊ ဈေးနှုန်းမှန်ဖြစ်စေဖို့ ပုဂ္ဂလိကအခန်းကဏ္ဍကနေ စီစဉ်ရတာဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က သံလွင်တိုင်းမ်ကို ပြောဆိုထားပါတယ်။သတင်း – သံလွင်တိုင်းမ်ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.