ရေဖြူ၊ သြဂုတ်(၆)
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့ အဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်လိုက်ပြီလို့ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KBDF)က သြဂုတ် ၄ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
ပကဖအဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်လိုက်ပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လမ်းညွှန်ချက်မူဝါဒတွေကို လိုက်နာပြီး Local စစ်စစ်အနေနဲ့ ရပ်တည်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
ဒ့ါအပြင် NUG လမ်းညွှန်ချက်နဲ့အညီ စစ်ရေးရည်မှန်းချက်တူညီတဲ့ မဟာမိတ်တပ်ဖွဲ့တွေနဲ့ပူးပေါင်းကာ စစ်အာရှင်စနစ်ကို အပြီးတိုင်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်လာတဲ့အထိ စည်းလုံးညီညွှတ်စွာ တော်လှန်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ကံပေါက် KBDF ပြန်ကြားရေးတာဝန်ခံကတော့ ရေဖြူမြို့နယ် ပကဖနဲ့လက်တွဲပြီး စစ်အာဏာရှင်စနစ်ကို တော်လှန်ရေးလုပ်ဆောင်ရာမှ အားနည်းချက်တွေရှိနေလို့ နုတ်ထွက်ရတာဖြစ်ပြီး တခြားဘာပြဿနာမှမရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
KBDF ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း LPDF အနေနဲ့ ရပ်တည်လှုပ်ရှားလာတာဖြစ်ပြီး ၂၀၂၂ ခုနှစ် နှစ်စပိုင်းမှာ နိုင်ငံရေးလိုအပ်ချက်အရ ပကဖ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ကံပေါက် KBDF ရဲ့ နှုတ်ထွက်ကြောင်း စာပို့ထားတဲ့အတွက် လုပ်ထုံးလုပ်နည်းအတိုင်း ခရိုင်နဲ့ တိုင်းအဆင့်ကို တင်ပြသွားမယ်လို့ ရေဖြူမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။
ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့KBDF ဟာ တနင်္သာရီတိုင်းအပြင် မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်က တော်လှန်ရေးမဟာမိတ်အဖွဲ့တွေနဲ့ပါ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ခုခံတော်လှန်နေတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။
သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ- ကံပေါက်PDF