August 6, 2023

ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်တည်ထောင်မယ်လို့ NUCC နဲ့ NUG ပူးတွဲကြေညာ

မော်လမြိုင် – ဩဂုတ်(၆) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုမှာ အရပ်သားပြည်သူ့အစိုးရရဲ့ စီမံခန့်ခွဲမှုကို ချွင်းချက်မရှိ လိုက်နာကာ ပြည်ပရန်ကာကွယ်ရေးတာဝန်ကိုသာ ထမ်းရွက်မယ့် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် တည်ထောင်သွားမယ်လို့ဒီနေ့ဩဂုတ်လ(၆) ရက်နေ့ ရက်စွဲနဲ့ ကြေညာခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့က နွေဦးတော်လှန်ရေးမှာ အတူတကွ လက်တွဲတိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ဘုံရပ် တည်ချက်သဘောထား ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားတာပါ။ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေအတွင်းသာမက…

KIA မလိယန်ဒေသကို စစ်ကောင်စီလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မလိယန်၊ သြဂုတ်(၆) ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မြစ်ကြီးနား- ဗန်းမော်လမ်းမပေါ်မှာရှိတဲ့ မလိယန်ရွာအနီးကို စစ်ကောင်စီက လေယာဉ်နှစ်စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ပြန်ကြား ရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သံလွင်တိုင်မ်းကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၄ ရက်နေ့ နေ့လည် ၁၁ နာရီလောက်မှာ မန္တလေး တံတားဦးလေဆိပ်ကနေ တက်လာခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ဂျက်လေယာဉ်နှစ်စင်းဟာ ကချင်လွတ်မြောက်ရေးတပ်မတော်…

အရန်ဆန်ရောင်းပေးမယ့်ဈေးနှုန်း ဆန်အသင်းကြေညာ

ရန်ကုန်၊ သြဂုတ်(၆) ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်ဖို့အတွက် အရန်ဆန်အိတ်ငါးသောင်းကို လာမယ့်သြဂုတ် ၇ ရက်နေ့ကစပြီး ရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သြဂုတ် ၅ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ အရန်ဆန်တွေကိုတော့ ရန်ကုန်မြို့ ဝါးတန်းလမ်းမှာရှိတဲ့ ဆန်စပါးကုန်စည်ဒိုင်နဲ့ ဘုရင့်နောင်ကုန်စည်ဒိုင်တို့မှာ စတင်ရောင်းချပေးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အရန်ဆန်ရောင်းချပေးရာမှာ ရွှေဘိုပေါ်ဆန်းမွှေးတစ်အိတ်ကို ကျပ် ၁၂၀,၀၀၀ ၊ ဧရာဝတီ ပေါ်ဆန်းမွှေးတစ်အိတ်ကို ကျပ်…

ဘီးလင်းရေကြီးနစ်မြှုပ်မှုကြောင့် သောက်သုံးရေအကူအညီ အရေးပေါ်လိုအပ်နေ

ဘီးလင်း၊ သြဂုတ်(၆) မွန်ပြည်နယ် ဘီးလင်းမြို့နယ်ထဲမှာ ဖြစ်ပွားနေတဲ့ ရေကြီးရေလျှံမှုကြောင့် အခြေခံစားသောက်ကုန်တွေနဲ့ သောက်သုံးရေအကူအညီ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့သြဂုတ်လဆန်းပိုင်းကစပြီး ဘီးလင်းမြို့နယ်ထဲမှာ မိုးအဆက်မပြတ်ရွာသွန်းမှုနဲ့အတူ ဘီးလင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်လာပြီးနောက် မြို့နယ်တဝှမ်းမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာပါ။ ရေကြီးရေလျှံမှုကြောင့် ဘီးလင်းမြို့ပေါ်ရပ်ကွက် ၅ ခုအပါအဝင် ကျေးရွာပေါင်း ၂၀ လောက်မှာ ရေနစ်မြှုပ်နေပြီး…

KNU နယ်မြေမှာ လူ့အခွင့်အရေးချိုးဖောက်မှု စစ်ကောင်စီတပ် အဆိုးဝါးဆုံးကျူးလွန်လာ

ညောင်လေးပင်၊ သြဂုတ်(၆) ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေထဲမှာ ဒီနောက်ပိုင်းကာလတွေအတွင်း စစ်ကောင်စီတပ်က အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေအပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အဆိုးဝါးဆုံး ကျူးလွန်လာတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သံလွင်တိုင်းမ်ကို ပြောပါတယ်။ KNU အုပ်ချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ၊ကရင်အမျိူးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်း…

စစ်ကောင်စီလက်ထက် မြန်မာ-တရုတ် တရားမဝင်ကုန်သွယ်မှု နှစ်ဆခုန်တက်

မော်လမြိုင်၊ သြဂုတ်(၆) ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနဲ့တရုတ် တရားမဝင်ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံ နီးပါးထိ တိုးလာပြီး ကာလတူနှိုင်းယှဉ်ပါက တရားမဝင်ကုန်သွယ်မှု နှစ်ဆမြင့်တက်လာတယ်လို့ သုတေသနအဖွဲ့ ဖြစ်တဲ့ ISP-Myanmar သြဂုတ် ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စစ်ကောင်စီရဲ့ စာရင်းအရ တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုပမာဏ ဒေါ် လာ…

မြို့နယ်ပကဖအဖွဲ့ ကနေ ကံပေါက် PDF နုတ်ထွက်

ရေဖြူ၊ သြဂုတ်(၆) တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့ အဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်လိုက်ပြီလို့ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KBDF)က သြဂုတ် ၄ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။ ပကဖအဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်လိုက်ပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လမ်းညွှန်ချက်မူဝါဒတွေကို လိုက်နာပြီး Local စစ်စစ်အနေနဲ့ ရပ်တည်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။ ဒ့ါအပြင် NUG လမ်းညွှန်ချက်နဲ့အညီ စစ်ရေးရည်မှန်းချက်တူညီတဲ့ မဟာမိတ်တပ်ဖွဲ့တွေနဲ့ပူးပေါင်းကာ စစ်အာရှင်စနစ်ကို အပြီးတိုင်ချေမှုန်းရေးနဲ့…

ရေဘေးသင့်ပြည်သူတွေကို လျစ်လျူရှုပြီး အရေးမပါတဲ့လုပ်ရပ်တွေနဲ့ အချိန်ဖြုန်းနေတဲ့ စစ်ကောင်စီ မွန်ဝန်ကြီးချုပ်

မော်လမြိုင် – ဩဂုတ်(၅) မွန်ပြည်နယ်၊ဘီးလင်းမြို့မှာဖြစ်ပွားနေတဲ့ ရေကြီးရေလျှံမှုကြောင့် ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ စစ်ကောင်စီခန့်ထားတဲ့ မွန်ဝန်ကြီးချုပ်ဟာ မော်လမြိုင်မြို့က ကျောင်းဝင်းအတွင်းခြုံရှင်းပြီး ကျိုက်မရောက စစ်တပ်ပိုင်ဝက်မွေးမြူရေးခြံကိုသွားရောက်နေပါတယ်။ နှစ်စဉ်ရေကြီးရေလျှံမှုနဲ့ ကြုံတွေ့နေရတဲ့ မွန်ပြည်သူတွေဟာ အာဏာမသိမ်းခင်က ပြည်သူအချင်းချင်းထောက်ပံ့ကူညီမှုနဲ့ အစိုးရရဲ့အကူအညီတွေရခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စစ်ကောင်စီရဲ့ မူဝါဒအမှားတွေကြောင့် ပြည်သူအချင်းချင်းလည်းမကူညီနိုင်တော့သလို စစ်ကောင်စီ ကိုယ်တိုင်လည်း ဒုက္ခသည်တွေကို လျစ်လျူရှုနေတာပါ။ လက်တလော ဘီးလင်းမြို့နယ်ထဲက ပြည်သူတွေဟာ…