နယူးဒေလီ – ဩဂုတ်(၆) 

အိန္ဒိယနိုင်ငံမှာ G-20 အစည်းအဝေးလက်ခံကျင်းပဖို့ စီစဉ်နေတဲ့ ဝန်ကြီးချုပ် မိုဒီရဲ့ ကြိုးပမ်း အားထုတ်မှုတွေနဲ့အတူ ဆိုးရွားစွာ ဖြစ်ပေါ်လာတဲ့ ဘာသာရေးအကြမ်းဖက်မှုကြောင့် အခက်တွေ့ နေပါတယ်။

လာမယ့်စက်တင်ဘာလ(၉) ရက်နေ့မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တရုတ်ခေါင်းဆောင် ရှီတို့ လာရောက်ဖို့ရှိနေတဲ့ နယူးဒေလီနိုင်ငံတကာလေဆိပ်အနီးမှာ ဟိန္ဒူနဲ့မွတ်စလင်ပဋိပက္ခ ကြောင့် (၆) ဦးသေဆုံးထားပါတယ်။

မြို့တော်နားမှာဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်မိုဒီ အသံတိတ်နေတာ ကြောင့် နိုင်ငံအရှေ့မြောက်ဘက် (၂၅၀၀၀) ကီလိုမီတာအကွာရှိ မဏိပူရ်ပြည်နယ်မှာ အခြေ အနေတွေ ပိုမိုဆိုးရွားနေတာပါ။

သမ္မတဘိုင်ဒန်နဲ့ တခြားဒီမိုကရက်တစ်ခေါင်းဆောင်တွေဟာ ကမ္ဘာပေါ်မှာ လူဦးရေအများဆုံး ထဲကနိုင်ငံတစ်နိုင်ငံအတွင် လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုဖို့ ဖိအားပေးတာ တွေလည်းရှိနေပါတယ်။

ဘာသာရေးနဲ့ တိုင်းရင်းသားလူမျိုးစုရေးရာ ပဋိပက္ခတွေဟာ အိန္ဒိယနိုင်ငံကို နှစ်လိုဖွယ်ကောင်း ပြီး ဘေးကင်းတဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် ထုတ်လုပ်ရေးဆိုင်ရာ ရွေးချယ်စရာအဖြစ်ထင်မြင်ရတဲ့ အခြေအနေကနေ ဆိုးရွားတဲ့ အမြင်တွေဖြစ်ပေါ်စေနိုင်တယ်လို့ ဆိုနေကြပါတယ်။ 

အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးဌာနက G-20 ကိုယ်စားလှယ်တွေတက်ရောက်တဲ့ အစည်းအဝေး မှာ ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းတွေဖြစ်တဲ့ Microsoft နဲ့ Alphabet’s Google ကုမ္ပဏီတွေရှိတဲ့ နယူး ဒေလီမြို့ပြင် ဂူရူဂရမ်မှာ လုံခြုံရေးတပ်ဖွဲ့တွေ စောင့်ကြည့်နေတယ်လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဟိန္ဒူဘာသာရေးစီတန်းပွဲအတွင်း ဟိန္ဒူနဲ့ မွတ်စလင် ပဋိပက္ခ ပြီးနောက် ဂူရူဂရမ်နဲ့ ဟာရာနာပြည်နယ်မှာရှိတဲ့ မြို့တွေမှာ တင်းမာမှုတွေဆက်တိုက်ဖြစ်ပေါ်နေ ပါတယ်။

ကွန်ဂရက်ပါတီခေါင်းဆောင်တစ်ဦးက အလုပ်အကိုင်နဲ့ ဖွံ့ဖြိုးတိုးတက်ရေးအပေါ် ပိုမိုကန့်သတ်မှု ရှိစေတဲ့ ပြဿနာကို ဖြေရှင်းဖို့ နိုင်ငံရဲ့ သွေးခွဲအုပ်ချုပ်ခြင်း စနစ်ဟာ အကြီးမားဆုံးအတားဆီး ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ မဏိပူရမှာ လူနည်းစုလူမျိုးစုတွေနဲ့ လူများစု ဟိန္ဒူဘာသာဝင်တွေကြားမှာ အလားတူ ပဋိပက္ခတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

အကြမ်းဖက်မှုတွေကြောင့် G-20 အစည်းအဝေးအပေါ် အရိပ်သဖွယ် လွှမ်းမိုးသွားနေတယ် လို့ နယူးဒေလီအခြေစိုက် ကျွမ်းကျင်ပညာရှင်တွေကပြောထားသလို အဲဒီအခြေအနေဟာ အိန္ဒိယရဲ့ မြောက်များစွာသော မတူကွဲပြားမှုတွေကို ရင်ဆိုင်ဖို့ မိုဒီရဲ့ အုပ်ချုပ်ရေးနဲ့ နိုင်ငံရေးစွမ်းရည်တွေ အပေါ် ထင်ဟပ်မှုမရှိနိုင်ဘူးလို့ သုံးသပ်တာတွေလည်းရှိနေပါတယ်။ 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.