ဒါကာ – ဩဂုတ်(၆)
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ လူနေထူထပ်တဲ့ နိုင်ငံဖြစ်လို့ ရောဂါပျံ့နှံ့မှုလျင်မြန်စွာဖြစ်ပေါ်နေပြီး ဆေးရုံတွေမှာ လူနာတွေကို နေရာပေးဖို့ရုန်းကန်နေရတဲ့အတွက် သွေးလွန်တုပ်ကွေးရောဂါ ကြောင့် စံချိန်တင်သေဆုံးမှုအန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။
တရားဝင်ထုတ်ပြန်ချက်တွေအရ ၂၀၂၃ ခုနှစ်မှာ အနည်းဆုံးလူ(၂၉၃) ဦးသေဆုံးခဲ့ပြီး (၆၁၅၀၀) နီးပါး ကူးစက်ခံခဲ့ရကာ အဲဒီအခြေအနေဟာ ၂၀၀၀ ခုနှစ်က စံချိန်တင်ကူးစက်ရောဂါ ဖြစ်ပွားပြီး နောက်ပိုင်း သေဆုံးမှုအများဆုံးနှစ်ဖြစ်ပါတယ်။
အထူးသဖြင့် မြို့တော် ဒါကာမှာရှိတဲ့ ဆေးရုံတွေဟာ အဖျားကြီးတာ၊အဆစ်အမြစ် ကိုက်ခဲတာနဲ့ အော့အန်ဝေဒနာခံစားရတဲ့လူနာတွေပင်နေရာပေးဖို့ ရုန်းကန်နေရတယ်လို့ကျန်းမာရေးတာဝန်ရှိ သူတွေက ဆိုခဲ့တာပါ။
အစိုးရက ခြင်မှတစ်ဆင့် ကူးစက်တက်တဲ့ ရောဂါတွေ ပျံ့နှံ့မှုကို ကန့်သတ်ဖို့ အသိပညာပေး လှုံ့ဆော်မှုတွေကစပြီး မိုးရွာသွန်းပြီးနောက် ခြင်လောင်းကောင်တွေကို သုတ်သင်ဖို့ ကြိုးပမ်းတာ တွေအထိ လုပ်ဆောင်ထားတယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောခဲ့ပါတယ်။
“ကျွန်ုပ်တို့ ဒီကို ရောက်ကတည်းက ဆရာဝန်နဲ့ သူနာပြုတွေက သင့်တော်တဲ့ နေရာကို မစီစဉ်ထား နိုင်ဘူးလို့ ဆိုခဲ့ပေမယ့် ကျနော်တို့ နေမယ်ဆိုရင် ကုသပေးမယ်လို့ ဆိုပါတယ်၊ တခြား ရွေးချယ် စရာ မရှိတော့လို့ အမေနဲ့ ညီမအတွက် ကြမ်းပြင်ပေါ်မှာ ပစ္စည်းတွေ စီစဉ်ပေးခဲ့ရတယ်” လို့ အစိုးရ ဆေးရုံတစ်ခုမှာ မိသားစုဝင်တွေကို ကြည့်ရှုနေရတဲ့ အမျိုးသားတစ်ဦးက ရိုက်တာကို ပြောခဲ့ပါတယ်။
တောင်အာရှမှာ ဇွန်လကနေ စက်တင်ဘာလအထိ အေးဒီးစ်ခြင်ကြောင့် မုတ်သုံရာသီအတွင်း အဖြစ်များတဲ့ သွေးလွန်တုပ်ကွေးရောဂါကို အထူးကုသပေးတဲ့ ကာကွယ်ဆေး ဒါမှမဟုတ် ဆေးဝါးလည်း မရှိသေးဘူးလို့ သိရပါတယ်။
ဩဂုတ်လနဲ့ စက်တင်ဘာလအထိ ရောဂါကူးစက်မှု ပိုမိုများပြားလာဖို့ ရှိတယ်လို့ ခန့်မှန်းထား တယ်လို့ ကျွမ်းကျင်သူတွေက ဆိုခဲ့ပြီး ဒီနှစ်သေဆုံးမှုမှာ အရင်နှစ်ကထက် (၂၈၁) ဦးစံချိန်တင် ပိုများခဲ့တာဖြစ်ပါတယ်။
ရောဂါကို စောလျင်စွာသိရှိပြီး သင့်လျော်တဲ့ ဆေးကုသမှုကို လက်လှမ်းမီနိုင်တဲ့ ဝေဒနာရှင်တွေ ထဲက (၁) ရာခိုင်နှုန်းအောက်သာ သေဆုံးမှု လျှော့ချနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ဧပြီလမှာ မုတ်သုံအကြို မိုးရွာသွန်းချိန်ဟာ အေးဒီးခြင်ပေါက်ဖွားမှုအချိန်လည်း ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ဟာ ရပ်ရွာအတွင်း ပျံ့နှံ့နေပြီဖြစ်တဲ့အတွက်ကြောင့်လည်း ကူးစက်နေပါတယ်” လို့အိန္ဒိယတက္ကသိုလ်တစ်ခုမှ အင်းဆက်များအထူးပြုလေ့လာတဲ့ ပါမောက္ခဘာရှာက ပြောခဲ့ပါ တယ်။
ဒါ့အပြင် ဇူလိုင်လမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု မြင့်မားလာရတဲ့ အကြောင်းရင်းဖြစ်သလို ဩဂုတ်လနဲ့ စက်တင်ဘာတွေမှာလည်း ထပ်တိုးလာနိုင်တယ်လို့ သူက ပြောပါသေးတယ်။
“အာရှတစ်ဝှမ်းမှာ ပြင်းထန်တဲ့ ရာသီဥတုဖြစ်ပေါ်မှုတွေက ကလေးတွေရဲ့ အသက်ကို ဝရုန်း သုန်းကား ဖြစ်စေပြီး ပြင်းထန်တဲ့ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုဟာ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေတဲ့ နောက်ထပ် ပြဿနာတစ်ခုပဲ ဖြစ်ပါတယ်” လို့
Save the Children ရဲ့ အာရှဆိုင်ရာ အကြီးတန်း ကျန်းမာရေးနှင့် အာဟာရဆိုင်ရာ အကြံပေး ကပြောခဲ့ပါတယ်။
Ref:CNA