ဘန်ကောက်၊ သြဂုတ်(၆)
ထိုင်းရွေးကောက်ပွဲအပြီး နိုင်ငံရေးအရှုပ်တော်ပုံတွေကို ရင်ဆိုင်ဖြေရှင်းနေချိန်မှာပဲ ဝန်ကြီးချုပ်ဟောင်းသက် ဆင်ရှင်နာဝါထရာက သူ့ရဲ့ပြည်တော်ပြန်ရေးအစီအစဉ်ကို ထပ်မံရွှေ့ဆိုင်းလိုက်ပြီလို့ စနေနေ့မှာ ပြောကြား ခဲ့ပါတယ်။
တယ်လီကွန်ဆက်သွယ်ရေးလုပ်ငန်းရှင်ဟောင်း သက်ဆင်ဟာ ၂၀၀၁ ခုနှစ်မှာ ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် စစ်အာဏာသိမ်းမှုဖြင့် ဖယ်ရှားခံခဲ့ရကာ ၂၀၀၈ ခုနှစ်မှာတော့ ပြည်ပြေးအဖြစ် တိမ်းရှောင်ခဲ့ရတာပါ။
သြဂုတ်လ ၁၀ ရက်နေ့မှာ ပြန်လာမယ်လို့ ကြေညာထားခဲ့ပေမယ့် ဆေးစစ်ဖို့လိုအပ်ချက်ကြောင့် အချိန်ကို ရွှေ့ဆိုင်းလိုက်တယ်လို့ သူကဆိုပါတယ်။
သက်ဆင်ကျောထော်ကနောက်ခံပြုထားတဲ့ ဖျူထိုင်းပါတီဟာ မေလရွေးကောက်ပွဲမှာ Move Forward ပါတီပြီးလျှင် ဒုတိယအမြင့်ဆုံး အနိုင်ရရှိထားတာပါ။
ရွေးကောက်ပွဲအနိုင်ရပါတီနှစ်ခုက အစိုးရဖွဲ့ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း သူတို့ကို စစ်တပ်ခန့်အပ် သူတွေ နဲ့ ရှေးရိုးစွဲအတိုက်အခံတွေ လွှမ်းမိုးထားတဲ့ အထက်လွှတ်တော်ကနေ ပိတ်ဆို့ထားပါ တယ်။
စစ်အုပ်ချုပ်ရေးကာလက ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ရွေးကောက်တင်မြှောက် ထားတဲ့ အောက်လွှတ်တော်နဲ့ ခန့်အပ်ထားတဲ့ အထက်လွှတ်တော်တို့ ပူးပေါင်းပြီး ဝန်ကြီးချုပ်ကို မဲပေးဖို့ လိုအပ်တာလည်း ဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာ အမတ်နေရာအများဆုံး အနိုင်ရခဲ့တဲ့ Move Forward ပါတီခေါင်းဆောင် ဖိထာဟာ လွှတ်တော်နှစ်ရပ်မှ ဝန်ကြီးချုပ်အဖြစ် ထောက်ခံဖို့ နှစ်ကြိမ်တိုင်တိုင် ကြိုးပမ်းခဲ့ပေမယ့်လည်း နှစ်ကြိမ်စလုံး ပယ်ချခံခဲ့ရတာပါ။
Pheu Thai ဖျူထိုင်းကတော့သူ့ရဲ့ဝန်ကြီးချုပ်လောင်းအဖြစ် အိမ်ခြံမြေ သူဌေးတစ်ဦးဖြစ်တဲ့ ဆရီထာ ထာဗီဆင် Srettha Thavisin ကို အခုသီတင်းပတ် အစောပိုင်းမှာ အမည်စာရင်း တင်သွင်းမည်ဖြစ်ပါတယ်။
ကိုယ်စားလှယ်လောင်းအတွက် ပါလီမန်က သြဂုတ် ၄ ရက်နေ့မှာ မဲခွဲဆုံးဖြတ်ဖို့ စီစဉ်ထားပေမယ့်လည်း ထိုင်းနိုင်ငံရဲ့ အခြေခံဥပဒေခုံရုံးက ပါလီမန် အစည်းအဝေးကို သြဂုတ်လ ၁၆ ရက်နေ့အထိ ထပ်မံရွှေ့ ဆိုင်းလိုက်တာလည်း ဖြစ်ပါတယ်။
Ref, Reuters