August 5, 2023

ပြည်တော်ပြန်ရေးအစီအစဉ်ထပ်မံရွှေ့ဆိုင်းကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ပြောကြား

ဘန်ကောက်၊ သြဂုတ်(၆) ထိုင်းရွေးကောက်ပွဲအပြီး နိုင်ငံရေးအရှုပ်တော်ပုံတွေကို ရင်ဆိုင်ဖြေရှင်းနေချိန်မှာပဲ ဝန်ကြီးချုပ်ဟောင်းသက် ဆင်ရှင်နာဝါထရာက သူ့ရဲ့ပြည်တော်ပြန်ရေးအစီအစဉ်ကို ထပ်မံရွှေ့ဆိုင်းလိုက်ပြီလို့ စနေနေ့မှာ ပြောကြား ခဲ့ပါတယ်။ တယ်လီကွန်ဆက်သွယ်ရေးလုပ်ငန်းရှင်ဟောင်း သက်ဆင်ဟာ ၂၀၀၁ ခုနှစ်မှာ ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် စစ်အာဏာသိမ်းမှုဖြင့် ဖယ်ရှားခံခဲ့ရကာ ၂၀၀၈ ခုနှစ်မှာတော့ ပြည်ပြေးအဖြစ် တိမ်းရှောင်ခဲ့ရတာပါ။ သြဂုတ်လ ၁၀ ရက်နေ့မှာ ပြန်လာမယ်လို့ ကြေညာထားခဲ့ပေမယ့်…

ဘင်္ဂလားဒေ့ရှ်မှာ သွေးလွတ်တုပ်ကွေးကြောင့် စံချိန်တင်သေဆုံးမှုနဲ့ ရင်ဆိုင်နေရ

ဒါကာ – ဩဂုတ်(၆) ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ လူနေထူထပ်တဲ့ နိုင်ငံဖြစ်လို့ ရောဂါပျံ့နှံ့မှုလျင်မြန်စွာဖြစ်ပေါ်နေပြီး ဆေးရုံတွေမှာ လူနာတွေကို နေရာပေးဖို့ရုန်းကန်နေရတဲ့အတွက် သွေးလွန်တုပ်ကွေးရောဂါ ကြောင့် စံချိန်တင်သေဆုံးမှုအန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ တရားဝင်ထုတ်ပြန်ချက်တွေအရ ၂၀၂၃ ခုနှစ်မှာ အနည်းဆုံးလူ(၂၉၃) ဦးသေဆုံးခဲ့ပြီး (၆၁၅၀၀) နီးပါး ကူးစက်ခံခဲ့ရကာ အဲဒီအခြေအနေဟာ ၂၀၀၀ ခုနှစ်က စံချိန်တင်ကူးစက်ရောဂါ ဖြစ်ပွားပြီး နောက်ပိုင်း သေဆုံးမှုအများဆုံးနှစ်ဖြစ်ပါတယ်။ အထူးသဖြင့်…

G-20 အစည်းအဝေးမတိုင်ခင် အိန္ဒိယမှာ ဘာသာရေး ပဋိပက္ခတွေကြောင့် အခက်တွေ့နေရ

နယူးဒေလီ – ဩဂုတ်(၆) အိန္ဒိယနိုင်ငံမှာ G-20 အစည်းအဝေးလက်ခံကျင်းပဖို့ စီစဉ်နေတဲ့ ဝန်ကြီးချုပ် မိုဒီရဲ့ ကြိုးပမ်း အားထုတ်မှုတွေနဲ့အတူ ဆိုးရွားစွာ ဖြစ်ပေါ်လာတဲ့ ဘာသာရေးအကြမ်းဖက်မှုကြောင့် အခက်တွေ့ နေပါတယ်။ လာမယ့်စက်တင်ဘာလ(၉) ရက်နေ့မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တရုတ်ခေါင်းဆောင် ရှီတို့ လာရောက်ဖို့ရှိနေတဲ့ နယူးဒေလီနိုင်ငံတကာလေဆိပ်အနီးမှာ ဟိန္ဒူနဲ့မွတ်စလင်ပဋိပက္ခ ကြောင့် (၆) ဦးသေဆုံးထားပါတယ်။ မြို့တော်နားမှာဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး…

“တပ်မဟာ (၁)မှာလည်း ပေါ်တာအဖြစ် စစ်သားတွေရှေ့မှာ နေရာချထားတယ်။ ကလေးသူငယ်၊ သက်ကြီးရွယ်အို အသက်၆၀ကျော်တွေလည်း ပါဝင်တယ်။ တချို့ဖြစ်စဉ်တွေမှာဆို အဝတ်အစားလဲခိုင်းပြီးတော့ BGF စစ်သားယူနီဖောင်းကို ဝတ်ခိုင်းတာမျိုးတွေရှိတယ်”

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်ရဲ့ အရပ်သားတွေအပေါ် ပစ်မှတ်ထားတဲ့ လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူလူထု ၆ သိန်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လနဲ့အခုလအတွင်း စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးအသုံးပြုမှု၊ စစ်ရှောင်ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG စည်းရုံးလှုံ့ဆော်ရေး တာဝန်ခံ စောနန္ဒဆူးနဲ့…

KNU မုန်းမြို့နယ်မှာ လက်နက်ကြီးကျလို့ ကျောင်းသားအပါအဝင် ၂ ဦး သေဆုံး

မုန်း၊ သြဂုတ်(၅) ကရင်အမျိုးသားအစည်းအရုံး KNU မုန်းမြို့နယ်ထဲကို စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျောင်းသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးသေဆုံးပြီး ဒေသခံပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ KNU တပ်မဟာ(၃) မုန်းမြို့နယ် အခြေစိုက် စစ်ကောင်စီ ခမရ(၅၉၉)တပ်ရင်းကနေ သြဂုတ် ၂ ရက်နေ့…

စစ်အာဏာသိမ်း (၉၁၅)ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၈၈၈ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ်(၅) AAPP ရဲ့ သြဂုတ်(၄)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၁၅)ရက်အတွင်း ပြည်သူ (၃၈၈၈)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၄၂၁၂ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၄၈၃) ဦး ဖြစ်ပါတယ်။အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

ခေါင်ခိုက်နေတဲ့ ကုန်ဈေးနှုန်းကြောင့် ပြည်သူတွေ စားဝတ်နေရေးပိုကျပ်လာ

မော်လမြိုင်၊ သြဂုတ်(၅) အာဏာသိမ်း စစ်ကောင်စီလက်ထက်မှာ တစ်ဆထက်တစ်ဆမြင့်တက်လာတဲ့ ကုန်ဈေးနှုန်းနဲ့အတူ ဝင်ငွေနဲ့ထွက်ငွေ မမျှတမှုပြဿနာကြောင့် မိသားစုစားဝတ်နေရေး ပိုမိုကျပ်တည်းလာတယ်လို့ အိမ်ရှင်မတွေနဲ့ ဝန်ထမ်းတွေက တညီတညွတ်တည်း ညဉ်းတွားလာပါတယ်။ မီးဖိုချောင်သုံး ကုန်ပစ္စည်းတွေဖြစ်တဲ့ ဆန်အပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာ စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်ခွဲကျော်ကာလအတွင်း စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုအလွဲတွေနဲ့အတူ တင်းကျပ်ထားတဲ့ ကန့်သတ်ချက်တွေကြောင့် ဈေးပြန်မကျဘဲ တရွေ့ရွေ့မြင့်တက်နေတာပါ။ အဲဒီထဲမှာ အာဏာသိမ်းမသိမ်းခင် တစ်အိတ်ကျပ် ၃၀,၀၀၀…

“ဖြုတ်ထုတ်ခန့် ဝန်ကြီးအပြောင်းအလဲ စစ်အုပ်စုအတွင်း အက်ကြောင်းတွေ ဖြစ်နေပြီလား”

နေပြည်တော်၊ သြဂုတ်(၅) အရေးပေါ်ကာလသက်တမ်းကို ပူပူနွေးနွေးတိုးယူထားတဲ့ စစ်ကောင်စီက ကာကွယ်ရေးဝန်ကြီးအပါအဝင် ဝန်ကြီးတချို့ကို ပြောင်းလဲခန့်အပ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ ဩဂုတ် ၃ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီဖွဲ့စည်းတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့မှာ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ပြီး အရင်ဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီးတင်အောင်ဆန်းကိုတော့ ကာကွယ်ရေးဝန်ကြီးအဖြစ် အလဲအလှယ်ခန့်အပ်ခဲ့ပါတယ်။ စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးကော်မတီ (NSPNC) ဥက္ကဌ…