ထားဝယ်၊ သြဂုတ်(၄)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ကိုယ်စားလှယ် ဦးအောင်ဝင်းဟာ သြဂုတ် ၃ ရက်နေ့ မနက်ပိုင်းမှာ ကွယ်လွန်သွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တိမ်းရှောင်နေရတဲ့ NLD အမတ် ဦးအောင်ဝင်းဟာ ပါးစောင်ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်အချိန်မှာ အသက် ၆၉ နှစ်ရှိပြီလို့ သိရပါတယ်။

ဦးအောင်ဝင်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ခံ ထားရတာကြောင့် ထားဝယ်ဒေသကိုစွန့်ခွာပြီး တိမ်းရှောင်နေထိုင်ရတာပါ။

၂၀၁၅ နဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ နှစ်ကြိမ်စလုံး အနိုင်ထားရတဲ့ NLD အမတ် ဦးအောင်ဝင်းဟာ ထားဝယ်ဒေသတွင်း လူချစ်လူခင်ပေါများသူလည်းဖြစ်သလို ကိုယ်စားလှယ်မဖြစ်မီ ကျူရှင်ဆရာအဖြစ် ရပ်တည်ခဲ့တာပါ။

တနင်္သာရီတိုင်းဒေသကြီးမှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ပုဒ်မအမျိုးမျိုးတပ်ပြီး လိုက်လံဖမ်းဆီးမှုကြောင့် တိမ်းရှောင်ရင်း ကွယ်လွန်သွားတဲ့ ကိုယ်စားလှယ် ၃ ဦးအထိရှိလာခဲ့တယ်လို့ NLD ပါတီနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.