July 2023

ဗေဒင်ဆရာတွေ ဗေဒင်ဟောခွင့်အတွက် လိုင်စင်လုပ်ရန် ညွှန်ကြားချက်အတုထွက် (အမှန်/အမှား)

မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာ ဏာသိမ်းပြီး လူထုတော်လှန်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊ အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ “ဗေဒင်နှင့် အကြားအမြင်ဟောတမ်းထုတ်သူများအားလုံး စစ်တပ်၏ သာသနာရေးဝန်ကြီးဌာနတွင် လိုင်စင်ပြုလုပ်ရန် ထုတ်ပြန်စာထုတ်“ဆိုတဲ့ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို ဇူလိုင်လ(၂၅)ရက်နေ့မှာ…

ရွာလုံးကျွတ်ထွက်ပြေးနေရတဲ့ ယာဒိုဒေသစစ်ရှောင်တွေ အရေးပေါ်အကူအညီလိုအပ်နေ

သံတောင်ကြီး၊ ဇူလိုင်(၂၅) တိုက်ပွဲကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကရင်ပြည်နယ်မြောက်ပိုင်း ယာဒိုဒေသအတွင်းရှိ ကျေးရွာတွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အသုံးအဆောင်ပစ္စည်း အကူအညီတွေ လိုအပ်လျက်ရှိနေတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၂)နယ်မြေအတွင်းရှိ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ် သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ ယာဒိုကျေးရွာမှာ ပြီးခဲ့တဲ့ ဇူလိုင်လ(၁၁)ရက်နေ့ကစပြီး KNLA တော်လှန်ရေးအင်အားစု မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား…

လောင်းလုံးက စစ်ကောင်စီကင်းစခန်းတစ်ခုကို ဒေသ PDF ဝင်ရောက်စီးနင်း

လောင်းလုံး၊ ဇူလိုင်(၂၅) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းကင်းစခန်းတစ်ခုကို ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF)က ထုတ်ပြန်ပါတယ်။ ကျောက်နီမော်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ပျူစောထီးအဖွဲ့ဝင်တွေ ဆက်ကြေးကောက်နေတဲ့ ရဲချောင်းကင်းစခန်းကို ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်နေ့ မနက် ၅ နာရီအချိန်လောက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။ စခန်းဝင်ရောက်စီးနင်းစဉ် ကင်းစောင့်နေတဲ့ ပျူစောထီးအဖွဲ့ဝင် ကိုထွန်းဝါနဲ့…

စစ်အာဏာသိမ်း (၉၀၄)ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၈၃၉ ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင်(၂၅) AAPP ရဲ့ ဇူလိုင်(၂၄)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၉၀၄)ရက်အတွင်း ပြည်သူ (၃၈၃၉)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၃၉၉၀ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၈၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူကြောင့် ငွေကြေးဖောင်းပွမှုနဲ့ အလုပ် လက်မဲ့နှုန်းမြင့်တက်လာနိုင်

ရန်ကုန်၊ ဇူလိုင်(၂၅) စစ်ကောင်စီရဲ့ ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူထုတ်ဝေမှုကြောင့် ငွေကြေးဖောင်းပွမှုနဲ့ အလုပ်လက်မဲ့နှုန်း မြင့်တက်လာနိုင်ပြီး ကုန်ဈေးနှုန်းအဆမတန် ကြီးမြင့်မှုဒဏ်ကို ပြည်သူတွေထပ်မံခံစားရနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီက မာရဝိဇယဗုဒ္ဓရုပ်ပွားတော် ပြီးစီးမှုနဲ့ ပြီးခဲ့တဲ့နှစ် ဇူလိုင် ၂၃ ရက်နေ့မှာ တွေ့ရှိခဲ့တဲ့ ဆင်ဖြူတော်ရဋ္ဌနန္ဒကရဲ့ တစ်နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူအသစ် ထုတ်ဝေသွားမယ်လို့…

ကယားစစ်ရှောင်ပြည်သူတွေမှာ ငှက်ဖျားရောဂါဖြစ်ပွားမှု စိုးရိမ်ဖွယ်ဖြစ်လာ

လွိုင်ကော်၊ ဇူလိုင်(၂၅) ကယားပြည်နယ်အတွင်းရှိ နှစ်ဖက်တိုက်ပွဲတွေကြောင့် တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေမှာ ငှက်ဖျားရောဂါဖြစ်ပွားမှု စိုးရိမ်ဖွယ်မြင့်တက်လာတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကစပြီး ကယားပြည်နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တကျော့ပြန်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့အတွက် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ရှောင်အရေအတွက် ထပ်တိုးလာတာ ဖြစ်ပါတယ်။ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ တောတောင်တွေထဲမှာ အချိန်တစ်ပတ်ကျော်ကြာ နေထိုင်ခဲ့ရတဲ့အတွက် ငှက်ဖျားရောဂါ အစုံအလိုက်အပြုံအလိုက်…

သီတဂူနဲ့ဆေကိန္ဒအပါအဝင် သံဃာတော် ၂၆ ပါးကို စစ်ခေါင်းဆောင် ဘွဲ့တံဆိပ်ချီးမြှင့်

နေပြည်တော်၊ ဇူလိုင်(၂၅) အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တခမ်းတနား ယုံကြည်ကိုးကွယ်ခံရတဲ့ နာမည်ကြီးသီတဂူဆရာတော်နဲ့ အရှင်ဆေကိန္ဒအပါအဝင် သံဃာတော် ၂၆ ပါးကို စစ်ခေါင်း ဆောင်က ဘွဲ့တံဆိပ်တော်တွေ ချီးမြှင့်ခဲ့ပါတယ်။ ရွှေကျင်ဂိုဏ်းရဲ့ သာသနာရေးပိုင် သီတဂူဆရာတော် ဒေါက်တာဉာဏိဿရကို “သရေစည်သူ”ဘွဲ့၊ အပြည်ပြည်ဆိုင်ရာထေရဝါဒတက္ကသိုလ်ရဲ့ ပါမောက္ခချုပ် ဓမ္မဒူတဒေါက်တာဆေကိန္ဒကို “စည်သူ” ဘွဲ့နဲ့ တိပိဋက ဆရာတော်တချို့ကိုတော့ သီရိပျံချီဘွဲ့ ပေးအပ်ခဲ့တာပါ။…

ဘီးလင်းကျုံအိတ်တံတား လာပြင်တဲ့အဖွဲ့ ထပ်မံတိုက်ခိုက်ခံရ၊ တံတားအမြန်ဆုံးပြုပြင်ဖို့ စစ်ကောင်စီ ဖိအားပေး

ဘီးလင်း၊ ဇူလိုင်(၂၅)မိုင်းခွဲဖျက်ဆီးခံထားရတဲ့ မော်လမြိုင်-ရန်ကုန်ကားလမ်းပေါ်က ဘီးလင်းကျုံအိတ်တံတား လာပြင်တဲ့အဖွဲ့ဟာ ဇူလိုင် ၂၃ ရက်နေ့ ညနေပိုင်းမှာ ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မွန်ပြည်နယ် သထုံမြို့နယ်နဲ့ဘီးလင်းမြို့နယ်အကြား ရွှေရောင်ပြကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က ကျုံအိတ်တံတား လာပြင်တဲ့အဖွဲ့ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က ဇူလိုင် ၂၃ ရက်နေ့ ညနေပိုင်းမှာ ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံရတာကြောင့် လူထိခိုက်ဒဏ်ရာရတာမရှိပေမယ့် တံတားယာယီ…

ဂရိကျွန်းမှာ အကြီးမားဆုံးတောမီးလောင်မှုဖြစ်ပွားလို့ ကမ္ဘာလှည့်ခရီးသည်ထောင်ချီ ထွက်ပြေးခဲ့ရ

အေသင်၊ ဇူလိုင်(၂၅) ပြီးခဲ့တဲ့ ဇူလိုင်လ (၂၃) ရက်နေ့က ဂရိနိုင်ငံရိုစ်ကျွန်းမှာ တောမီးလောင်ကျွမ်းမှုကြောင့် ခရီးသွားဧည့်သည်တွေ ကြောက်လန့်တကြားအိမ်ပြန်ဖို့ ပြေးလွှားခဲ့ရပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေလည်း ထွက်ပြေးတိမ်း ရှောင်နေကြရပါတယ်။ တနင်္ဂနွေနေ့နှောင်းပိုင်းက ရေကြောင်းကနေ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းမှုပြုလုပ်လျက်ရှိနေတဲ့ နောက်ထပ် နာမည်ကြီး ဂရိကျွန်းဖြစ်တဲ့ ကော်ဖူးမှာလည်း တောမီးလောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သတင်းတွေ ထွက်ပေါ်လျက်ရှိနေတာလည်း ဖြစ်ပါတယ်။ ရို့စ်ဒ်ကျွန်းရဲ့ ခရီးသွားရာသီမှာ…

နိုင်ငံအတွင်း ရုပ်ရှင်ရိုက်ကူးမယ့် ပြည်ပထုတ်လုပ်ရေးတွေကို အခွန်နှုန်းထားလျှော့ချပေးမယ် လို့ ထိုင်းအစိုးရ မက်လုံးပေး

ဘန်ကောက် – ဇူလိုင်(၂၅) Thai Fever လို့အမည်ရတဲ့ ကိုရီးယားဇာတ်လမ်းတွဲကို ထိုင်းနိုင်ငံအတွင်း ရိုက်ကူးရေးစတင်ခဲ့ရာ ကနေ အစိုးရဟာ ပြည်ပနိုင်ငံက ရုပ်ရှင်ထုတ်လုပ်သူတွေကို အခွန်ဖြေလျှော့မှုတွေနဲ့ တခြားအစီ အစဉ်တွေကို မိတ်ဆက်ပေးသွားမှာဖြစ်တယ်လို့ အစိုးရအဖွဲ့ ဒုတိယပြောခွင့်ရ မစ္စထရီဆူလီက ပြောခဲ့ပါတယ်။ နိုင်ငံခြားသား အနုပညာရှင်တွေအတွက် အခွန်ဖြေလျှော့မှုနဲ့ ပတ်သက်တဲ့ အသစ်ထုတ်ပြန်မှုတွေ ဟာ လာမယ့် ဩဂုတ်လ(၂) ရက်နေ့ကစပြီး…