July 2023

အမျိုးသမီးအခွင့်အရေး အလေးထားဖို့ စစ်ခေါင်းဆောင်ပြောဆိုမှု အပြောနဲ့အလုပ်မညီဘူးလို့ဝေဖန်

နေပြည်တော်၊ ဇူလိုင်(၅) မြန်မာအမျိုးသမီးတွေရဲ့ အခွင့်အရေးတွေ အလေးထားဆောင်ရွက်ပြီး စွမ်းဆောင်ရည်တွေ ဖော်ထုတ်ပေးဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇူလိုင် ၃ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ပေးပို့တဲ့ မိန့်ခွန်းမှာ တိုက်တွန်းပြောဆိုခဲ့တာပါ။ နိုင်ငံ့လူဦးရေရဲ့ ထက်ဝက်ကျော်ကိုကိုယ်စားပြုတဲ့ အမျိုးသမီးတွေက ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးမှာ အရေးပါတဲ့အင်အားစုတစ်ရပ်ဖြစ်ပြီး နိုင်ငံအတွက် အလွန်အဖိုးတန်တဲ့ လူသားအရင်းအမြစ်တွေဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေဟာ…

အရှေ့တီမောသမ္မတက NUG အစိုးရကို အသိအမှတ်ပြုမှု စစ်ကောင်စီအတွက် သံတမန်ရေးရာ ကျဆုံးမှုဖြစ်

နေပြည်တော်၊ ဇူလိုင်(၅) အရှေ့တီမော ဒီမိုကရက်တစ်သမ္မတနိုင်ငံက မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို အသိအမှတ်ပြုတာဟာ အာဏာသိမ်း စစ်ကောင်စီအတွက် သံတမန်ရေးရာမှာ ကျဆုံးနေမှုကိုပြသတဲ့ ပြယုဂ်တစ်ခုဖြစ်တယ်လို့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ဇူလိုင် ၁ ရက်နေ့ကကျင်းပတဲ့ အရှေ့တီမော ဒီမိုကရက်တစ်သမ္မတနိုင်ငံရဲ့ ၉ ကြိမ်မြောက် အစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ တက်ရောက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အရှေ့တီမောသမ္မတက…

သိမ်ဇရပ် စစ်တောင်းစက္ကူစက်ရုံဂိတ် တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေ

သိမ်ဇရပ်၊ ဇူလိုင်(၅) မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ စစ်တောင်းစက္ကူစက်ရုံဂိတ်မှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာကြောင့် ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်အပြင် ပြည်သူ့စစ်အဖွဲ့ဝင် အင်အား ၁၀ ဦးနီးပါး လုံခြုံရေးယူထားတဲ့ စစ်ဆေးရေးဂိတ်ကို ဇူလိုင် ၃ ရက်နေ့…

PDF တွေနဲ့ပတ်သက်တယ်ဆိုပြီး နှစ်ကရင်ရွာသား ၁၅ ဦး ဖမ်းဆီးခံရ

ရေး၊ ဇူလိုင်(၅) မွန်ပြည်နယ် ရေးမြို့နယ် နှစ်ကရင်ကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရပ်သားပြည်သူ ၁၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နှစ်ကရင်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် နှစ်ကရင်ကျေးရွာဘုန်းကြီးကျောင်းမှာ လာရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဒေသခံတွေကို ရက်ခြားဆိုသလို ဖမ်းဆီးနေတာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရသူတွေဟာ အသက် ၂၀ ကနေ…

စစ်မှုထမ်းဆောင်ကာလလျှော့ချဖို့ ထိုင်ဝမ်အတိုက်အခံပါတီသမ္မတလောင်း ကတိပြု

တိုင်ပေ၊ ဇူလိုင်(၅) ထိုင်ဝမ်မှာ လာမယ့်ဇန်ဝါရီလမှာစတင်အကျုံးဝင်မယ့် မဖြစ်မနေစစ်မှုထမ်းခြင်းကို ပြောင်းပြန်လှန်ပစ်မယ်လို့ အတိုက်အခံ သမ္မတ ကိုယ်စားလှယ်လောင်းက ပြောကြားခဲ့ပါတယ်။ တကယ့်လိုအပ်ချက်မဟုတ်တဲ့ ကာလရှည်ကြာ စစ်မှုထမ်းခြင်းကို တရုတ်အစိုးရနဲ့ပြေလည်ပါ က လျှော့ချနိုင် မှာဖြစ်တယ်လို့လည်း သူကဆက်လက်ပြောဆိုခဲ့ပါတယ်။ ဒီမိုကရေစီနည်းကျရွေးကောက်ခံ ထိုင်ဝမ်နဲ့ ဘေဂျင်းတို့ရဲ့ ဆက်ဆံရေးဟာ နောက်နှစ် ဇန်နဝါရီလ ၁၃ရက်နေ့ မှာ ကျင်းပမယ့်ရွေးကောက်ပွဲက အဓိ ပြဿနာတစ်ရပ်ဖြစ်နေပြီး လတ်တလောအချိန်မှာတော့…

အိန္ဒိယမှာ ရထားလမ်းပြုပြင်နေစဉ် အချက်ပြချိတ်ဆက်မှု ချို့ယွင်းခဲ့တဲ့အတွက် အဆိုးရွားဆုံး ပျက်ဆီးမှုဖြစ်ပေါ်

နယူးဒေလီ – ဇူလိုင်(၅) အိန္ဒိယနိုင်ငံမှာ မီးရထားလမ်းအတားအဆီးတစ်ခုကို ပြုပြင်နေတဲ့ အလုပ်သမားတွေဟာ ကွက်ရက်ပေါ်က အလိုအလျောက် အချက်ပြစနစ်မှာ ချိတ်ဆက်မှု မှားယွင်းခဲ့တဲ့အတွက် နှစ်(၂၀) အတွင်း နိုင်ငံရဲ့ အဆိုးရွားဆုံးလမ်းမတော်တဆမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ စုံစမ်းစစ်ဆေး မှုတွေအရသိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ(၂) ရက်နေ့ အိန္ဒိယနိုင်ငံအရှေ့ပိုင်း အိုဒီရှာ ပြည်နယ် ဘဟာနာဂါ ဘဇာ ဘူတာရုံ မှာ ရထားတိုက်မှု ဖြစ်ပွားခဲ့ပြီး…

တရုတ်ပိုင်နက်မြေပုံကို တဖက်သတ်ဖော်ပြတဲ့ ဇာတ်ဝင်ခန်းကြောင့် ဘာဘီရုပ်ရှင်ကို ဗီယက်နမ် အစိုးရပိတ်ပင်

ဟနွိုင်း – ဇူလိုင်(၅) ဘာဘီရုပ်ရှင်မှာ တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်ပြီး တရုတ်ရဲ့ ပိုင်နက်မြေပုံကိုသာ တဖက် သတ် ဖော်ပြခဲ့တဲ့ ဇာတ်ဝင်ခန်းတစ်ခုကြောင့် အဲဒီရုပ်ရှင်ကို ဗီယက်နမ်အစိုးရက ပိတ်ပင်လိုက်ပါ တယ်။ တောင်တရုတ်ပင်လယ်နေရာ အများအပြားတောင်းဆိုတဲ့ U အက္ခရာပုံသဏ္ဍာန်ရှိတဲ့ Nine Dash Line ကို တရုတ်မြေပုံတွေအဖြစ် ဖော်ပြထားတာဖြစ်ပြီး အဲဒီထဲမှာ ဗီယက်နမ်ရဲ့ လောင်စာဆီ ကြွယ်ဝတဲ့…

“ကျွန်တော်တို့ အခုပြည်နယ်အတွင်းမှာ စစ်ရေးအရညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက် ပြီးတော့မှ စစ်အာ ဏာရှင်ကို တိုက်ထုတ်နေတာ။ အဲဒီအောင်မြင်မှုက မြင်တွေ့နေရတဲ့ မယ်စဲ့ခရိုင်တိုက်ပွဲကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်”

နွေဦးတော်လှန်ရေးမှာ တခြားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ရင်ဘောင်တန်းပြီး အကြမ်းဖက်စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေပြီလို့ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး KNPLF က ဇူလိုင် (၁)ရက်နေ့မှာ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ KNPLF ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့ကစတင်ပြီး KNDF၊ KA ပူးပေါင်းတပ်တွေနဲ့အတူ စစ်ကောင်စီရဲ့ မယ်စဲ့ ရဲစခန်း၊ဗျူဟာကုန်း နဲ့ နယ်စပ် တပ်စခန်းတွေကို သိမ်းပိုက်ခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG၊…