July 2023

ထားဝယ်လဝကရုံးအနီး ဗုံးပေါက်၊ အမျိုးသား ၁ ဦး ဒဏ်ရာရ

ထားဝယ်၊ ဇူလိုင်(၉) တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ စစ်ကောင်စီလူဝင်မှုကြီးကြပ်ရေးရုံးအနီးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အတွက် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇူလိုင် ၈ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်လောက်မှာ လဝကရုံးအနီးလမ်းပေါ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။ ဗုံးပေါက်ကွဲမှုကြောင့် မှတ်ပုံတင်လာလုပ်တဲ့ ထားဝယ်မြို့ ဝဲကျွန်းရပ်နေ အသက် ၃၀ ကျော် အမျိုးသားတစ်ဦး ခြေထောက်နဲ့ခန္ဓာကိုယ်တွေမှာ…

စစ်တပ်စစ်ကြောင်းထိုးလာလို့ ညောင်လေးပင်ဒေသခံ ၅,၀၀၀ နီးပါး ထွက်ပြေးနေရ

ညောင်လေးပင်၊ ဇူလိုင်(၉) ကရင်အမျိုးသားအစည်းအရုံး KNUညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်နေတဲ့အတွက် ဒေသခံ ၅,၀၀၀ နီးပါး ထွက်ပြေးနေတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် KNU ညောင်လေးပင်ခရိုင်ထဲမှာ ဇူလိုင် ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မ…

ကုန်သွယ်မှုလိုငွေပြ ပြဿနာကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ် ပြည်သူတွေထပ်ခံရနိုင်

နေပြည်တော်၊ ဇူလိုင်(၉) စစ်ကောင်စီလက်ထက် ကုန်သွယ်မှုလိုငွေပြတဲ့ ပြဿနာပိုမိုဆိုးဝါးလာတာကြောင့် ကုန်ဈေးနှုန်းကြီး မြင့်မှုဒဏ် ပြည်သူတွေထပ်ခံရနိုင်တယ်လို့ သွင်းကုန်၊ ပို့ကုန်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အခုဘဏ္ဍာရေးနှစ် ဧပြီလနဲ့ မေလအတွင်း ပို့ကုန်နဲ့သွင်းကုန်ကဏ္ဍမှာ အမေရိကန်ဒေါ်လာသန်း ၁၂၀၀ ကျော် လိုငွေပြနေတယ်လို့ စစ်ကောင်စီ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အဲဒီနှစ်လအတွင်း ပို့ကုန်ကဏ္ဍကနေ ကန်ဒေါ်လာ သန်း ၂၀၀၀…

ရေးမြို့နယ်အတွင်း စစ်ကောင်စီလုံခြုံရေးတင်းကြပ်ထားလို့ ဒေသခံတွေအခက်အကြုံနေရ

ရေး၊ ဇူလိုင်(၉) စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ် ရေးမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဇွန်နောက်ဆုံးပတ်ကစပြီး နှစ်ဖက်တိုက်ပွဲတွေနဲ့အတူ စစ်ရေးပိုမိုတင်းမာလာပြီးနောက် စစ်ကောင်စီက လုံခြုံရေးတင်းကြပ်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အပါအဝင် တော်လှန်ရေးအင်အားစု ပူးပေါင်းစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်တို့ကြား ဇွန် ၂၅ ရက်နေ့ကစပြီး နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက် တိုက်ဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုတွေကိုပါ လုပ်ဆောင်ခဲ့တာပါ။…

ဘီးလင်းမှာ လက်နက်ကြီးကျလို့ ဒေသခံ ၆ ဦး ဒဏ်ရာရ

ဘီးလင်း၊ ဇူလိုင်(၉) မွန်ပြည်နယ်ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ဒေသခံအရပ်သားပြည်သူ ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KUN သထုံခရိုင်က ဇူလိုင် ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဇူလိုင် ၇ ရက်နေ့ မနက် ၁၁ နာရီအချိန်လောက်မှာ ဇီးဝန်းအခြေစိုက် စစ်ကောင်စီ အမှတ်(၃၁၄) အမြောက်တပ်ကနေ…

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းသွားမယ်လို့ မွန်ပြည်သစ်ပါတီပြော

မော်လမြိုင်၊ ဇူလိုင်(၈) အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းသွားမယ်လို့ ပါတီထိပ်ပိုင်းခေါင်းဆောင်တချို့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နဲ့ ၆ ရက်နေ့တို့မှာ စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကိုယ်စားလှယ်တွေနဲ့ မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ဗညားလယ်နဲ့ နိုင်အောင်မငေးတို့ သွားရောက်တွေ့ဆုံခဲ့တာပါ။ အဲဒီတွေ့ဆုံဆွေးနွေးမှုနဲ့ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ…

ပဲခူးခရိုင် ဗ.က.သ ဒုဥက္ကဋ္ဌကို စစ်ကောင်စီတပ်သတ်ဖြတ်လိုက်တယ်လို့ ထုတ်ပြန်

ပဲခူး – ဇူလိုင်(၈) ပဲခူးတိုင်း၊ဒိုက်ဦးမြို့နယ် ကျိုက်ဇကော အကျဉ်းထောင်မှာ ထောင်ချခံထားရတဲ့ ပဲခူးခရိုင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ်(ဗ.က.သ) ဒုတိယဥက္ကဋ္ဌ ကိုခန့်လင်းနိုင် ကို စစ်ကောင်စီဘက်က သတ်ဖြတ်လိုက်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ မေလ(၂၈) ရက်နေ့က ကိုခန့်လင်းနိုင်အပါအဝင် နိုင်ငံရေးအကျဉ်းသား (၄) ဦးကို ကျိုက်ဇကော ထောင်ကခေါ်ထုတ်သွားပြီးနောက် အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ(၇) ရက်နေ့မှာ…

ဆန္ဒပြလူငယ်တွေ အဖမ်းခံရတဲ့ပုံကိုသုံးပြီး ဆေးစွဲနေသူတွေလို့ စစ်ကောင်စီလော်ဘီတွေ သတင်းမှားဖြန့်နေ(အမှန်/အမှား)

မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာ ဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတုသတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ “ရန်ကုန်တိုင်းအတွင်း လူငယ်များ မူးယစ်ဆေးသုံးပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြဆိုတဲ့” အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို, MYANMAR…