“အတတ်နိုင်ဆုံး (စစ်ကောင်စီကို) ကြားဖြတ်တိုက်ခိုက်မှုကို လုပ်မှာပဲ။ စစ်ကူတွေကို လမ်းခုလတ်ကနေ ကြားဖြတ်တိုက်ခိုက်တာ လုပ်ရမှာဖြစ်ပါတယ်”
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးတဝိုက် စစ်ကြောင်းထိုးထားတဲ့ စစ် ကောင်စီတပ်ဟာ ဇူလိုင် ၈ ရက်နေ့ကစပြီး လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေပါတယ်။ စစ်ကောင်စီတပ် စစ်ကြောင်းထိုးထားတာကြောင့် ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ကျေးရွာအနီး ပတ်ဝန်းကျင်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေသလို နှစ်ဖက်စစ်ရေး ပိုမိုတင်းမာလာတာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်နဲ့ KIO တို့ကြား နှစ်ဖက်စစ်ရေး အခြေအနေ၊ စစ်ကောင်စီတပ်ရဲ့ စစ်ရေးပြင်ဆင်မှုနဲ့…