July 2023

ပေါက်က ပျူစောထီးကျေးရွာကို ပ.က.ဖ တွေဝင်ရောက်စီနင်းတိုက်ခိုက်

ပေါက် – ဇူလိုင်(၁၂) မကွေးတိုင်း၊ပေါက်မြို့နယ်မှာရှိတဲ့ ပျူစောထီးကျေးရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး ကျေးရွာကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ မြိုင် ပ.က.ဖ က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ(၁၁) ရက်နေ့ မနက်ပိုင်းက ပေါက်မြို့နယ် တပ်ကုန်း-ရွာသစ် ပျူရွာကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး စစ်သားနဲ့ ပျူစောထီးတွေ ထိခိုက်သေဆုံးမှုတွေရှိခဲ့တာပါ။ “မနေ့က မနက်ပိုင်းမှာ ဝင်စီးခဲ့တာပေါ့။ သူတို့ဘက်ကထိခိုက်သေဆုံးမှုတွေများတယ်။ ပေါက် ကိုယ်တော်က…

“နောင်တစ်ချိန် အထောက်အထားမဲ့တွေကို အကြိမ်ကြိမ်လုပ်ဖို့က ထိုင်းနိုင်ငံကလည်း သိပ်အခြေအနေရှိမှာ မဟုတ်ဘူး။ ဒီတချိန်မှာတော့ အမှန်အကန်ဆုံးနည်းလမ်းနဲ့ တရားဝင်စာရွက်စာတမ်းတွေ ရရှိအောင် အမြန်ဆုံး ကြိုးပမ်းဖို့ ကျွန်တော်တိုက်တွန်းလိုပါတယ်”

ထိုင်းနိုင်ငံအစိုးရက ပြီးခဲ့တဲ့အပတ်အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအပါအဝင် တရားမဝင် အလုပ် လုပ်ကိုင်နေသူတွေနဲ့ နေထိုင်သူတွေအတွက် အလုပ်လုပ်ကိုင်ခွင့်နဲ့ သက်သေခံကတ် လျှောက်ထားကြဖို့ ကြေညာချက် တစ်စောင်ထုတ်ပြန်ပါတယ်။ ဒါကြောင့် ထိုင်းအစိုးရရဲ့ ထုတ်ပြန်ကြေညာချက်၊ တရားမဝင် နယ်စပ် ဖြတ်ကျော် ဝင်ရောက်မှုအခြေအနေ၊ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ လတ်တလော ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး အလုပ်သမားအခွင့်အရေး ဖောင်ဒေးရှင်း(LRF) ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကျော်နဲ့ ဆက်သွယ်မေးမြန်းချက်။ ၁။…

ကယားပြည်နယ်ကို စစ်ကောင်စီတပ် အင်အားဖြည့်တင်းနေ

လွိုင်ကော် – ဇူလိုင်(၁၂) တိုက်ပွဲတွေပြင်းထန်နေတဲ့ ကယားပြည်နယ်ကို စစ်ကောင်စီတပ်က ပင်လောင်း-ဖယ်ခုံလမ်းက တဆင့် တောက်လျှောက်အင်အားဖြည့်တင်းနေတယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့အပတ်က ပင်လောင်းကနေ လွိုင်ကော်အထိ စစ်ကားအစီး(၆၀) ကျော်အထိ အင်အား ဖြည့်တင်းတာတွေလုပ်နေပြီး အဲ့ဒီစစ်ကြောင်းမှာ အင်အားအရေအတွက်နဲ့ ဘယ်တပ်ရင်းတွေ ပါလဲဆိုတာကိုတော့ အသေးစိတ်မသိရသေးပါဘူး။ စစ်ကောင်စီဟာ ပြည်ထောင်စုလမ်းမကြီးကိုသုံးပြီး နှစ်ပတ်တစ်ကြိမ် တပ်အင်အားနဲ့ ရိက္ခာ ဖြည့်တင်းတာတွေရှိနေသလို အခုလို…

ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့

ဂျကာတာ၊ ဇူလိုင် (၁၂) ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းက သူဟာစစ်တပ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံထားရတဲ့ မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မကြာသေးခင်က တွေ့ဆုံခဲ့ရတယ်လို့ ဇူလိုင် ၁၁ရက်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို ပြောကြားခဲ့ပါတယ်။ ဒွန်ရဲ့ဆက်သွယ်တွေ့ဆုံမှုဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဆင့်မြင့်နိုင်ငံခြားအစိုးရ အရာရှိတစ်ယောက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကြား ပထမဆုံးအတည်ပြုပြောဆိုတဲ့ တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ ဒွန်ဟာ ဇူလိုင် ၉ရက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုကနေ ရရှိခဲ့တဲ့ သတင်းစကားကို…

တပ်တွင်းစည်းရုံးကြဖို့ စစ်ခေါင်းဆောင်ထပ်မှာနေရ

စစ်တွေ၊ ဇူလိုင်(၁၂) တစ်နိုင်ငံလုံးနီးပါး စစ်မျက်နှာဖွင့်ထားတဲ့ အာဏာသိမ်းစစ်တပ်အနေနဲ့ တပ်တွင်းစည်းလုံးမှုမပြိုကွဲစေရေး အထူးဂရုစိုက်ကြဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူရဲ့ရခိုင်ခရီးစဉ်မှာ ထပ်မံမှာကြားခဲ့တယ်လို့ ဝါဒဖြန့်သတင်းစာမှာ ထုတ်ပြန်ပါတယ်။ ဇူလိုင် ၁၀ ရက်နေ့က ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့တဲ့ သူရဲ့ခရီးစဉ်မှာ ရသေ့တောင်နဲ့ဘူးသီးတောင် တပ်နယ်ရှိ အရာရှိ၊ စစ်သည်တွေအပါအဝင် တပ်မိသားစုဝင်တွေနဲ့တွေ့ဆုံစဉ် စစ်ခေါင်းဆောင်က တပ်တွင်းစည်းရုံးဖို့ ထပ်မံသတိပေးခဲ့ရတာ ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်က…

နဘုလယ်ဒေသမှာ တိုက်ပွဲဖြစ်နေ

ရေဖြူ၊ ဇူလိုင်(၁၂) တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသဘက်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇူလိုင် ၁၁ ရက်နေ့ မနက်အစောပိုင်းကစပြီး တပ်အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းက နဘုလယ်ဒေသထဲ ဝင်ရောက်လာတဲ့အတွက် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတာပါ။ အဲဒီတိုက်ပွဲဟာ နေ့လယ်ပိုင်းအထိ အပြန်အလှန်ပစ်ခတ်တာတွေ…

စစ်အာဏာသိမ်း (၈၉၁)ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၇၈၀ ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင်(၁၂) AAPP ရဲ့ ဇူလိုင်(၁၁)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၈၉၁)ရက်အတွင်း ပြည်သူ (၃၇၈၀)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၃၇၉၂ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၇၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

တနင်္သာရီတိုင်းထဲက စစ်ရှောင် ၈၀၀၀ ကျော် စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ကြုံနေရ

တနင်္သာရီ၊ ဇူလိုင်(၁၂) တနင်္သာရီတိုင်းဒေသကြီးထဲမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ ၈၀၀၀ ကျော်ဟာ စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ကြုံနေရတယ်လို့ ဒေါန-တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ က သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ရှောင်ပြည်သူတွေဟာ မိုးတွင်းကာလဖြစ်တာကြောင့် စားနပ်ရိက္ခာသယ်ယူဖို့ ခက်ခဲလာတာ၊ ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေတာ၊ အလှူရှင်တွေနည်းပါးလာတဲ့အတွက် စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ စစ်ရှောင်ပြည်သူတွေဟာ စစ်ကောင်စီရဲ့ ရိက္ခာသယ်ယူခွင့် ကန့်သတ်ချက်တွေအပါအဝင်…