July 2023

ထားဝယ်မှာ စစ်ကားတစ်စီးတိုက်ခိုက်ခံရလို့ အရာခံဗိုလ်အပါအဝင် ၃ ဦးသေဆုံး

ထားဝယ်၊ ဇူလိုင်(၁၄) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာ၊ ထားဝယ်-ရေးကားလမ်းပေါ်မှာ စစ်ကောင်စီကားတစ်စီး ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် အရာခံဗိုလ်အပါအဝင် ၃ ဦးသေဆုံးခဲ့တယ်လို့ ထားဝယ်ပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့ DGRF က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်မှာ ထားဝယ်အခြေစိုက် စစ်ကောင်စီ အမှတ် (၃၀၂) အမြောက်တပ်ကနေ ထွက်လာတဲ့…

မလေးရှားနိုင်ငံမှာ ကလေးငယ်တစ်ဦးမူးယစ်ဆေးစွဲနေတာ တွေ့ရှိပြီးနောက် ကလေးမိခင်ကို ဖမ်းဆီး

ကွာလာလမ်ပူ၊ ဇူလိုင်(၁၄) မလေးရှားနိုင်ငံမှာ ကလေးငယ်တစ်ဦးထံမှာ စိတ်ကြွမူးယစ်ဆေးဝါးလက္ခဏာတွေ ပြသခဲ့တာကို ပီရက် ပြည်နယ်ရှိ ထိုင်ပင်ဆေးရုံမှာ စမ်းသပ်တွေ့ရှိခဲ့ရပြီးတဲ့နောက် ကလေးရဲ့မိခင်ကိုဖမ်းဆီး ထားပြီး စုံစမ်း စစ်ဆေးမှုတွေကို စတင်နေပြီလို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ ကလေးငယ်ဟာ အသက်တစ်နှစ်နဲ့ ဆယ်လအရွယ်သာရှိသေးပြီး မိခင်က ကလေးကို ဆေးရုံ လာပြချိန်မှာ ဒီလိုတွေ့ရှိခဲ့တာဖြဟ်တယ်လို့ ထိုင်ပင်ခရိုင်ရဲတပ်ဖွဲ့အကြီးအကဲက ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ကလေးက ထိန်းချုပ်မရတဲ့…

ဘလင်ကန်နဲ့ ဝမ်ရိတို့ ဂျကာတာမှာ တွေ့ဆုံဖို့ရှိနေ

ဂျကာတာ – ဇူလိုင်(၁၄) အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နဲ့ တရုတ်ထိပ်တန်းသံတမန် ဝမ်ရိတို့ဟာ အာဆီယံထိပ်သီးအစည်းအဝေးကျင်းပနေတဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ တွေ့ဆုံဖို့ ရှိနေ တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေက အတည်ပြုထားပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်ဟာ ကျန်းမာရေးအခြေအနေကြောင့် တက်ရောက်မှာ မဟုတ်ဘူးလို့ ဘေဂျင်းက ဆိုထားပြီး အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)နဲ့ မိတ်ဖက်နိုင်ငံတွေ ပါဝင်တဲ့ ဂျကာတာ အစည်းအဝေးတွေမှာ တရုတ်နိုင်ငံကို…

ဝန်ကြီးချုပ်ဟောင်းသက်ဆင်ပြည်တော်ဝင်မယ်လို့ သမီးဖြစ်သူအတည်ပြု

ဘန်ကောက် – ဇူလိုင်(၁၄) ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ ပြည်တော်ပြန်ခရီးစဉ်ကို ဆောင်ရွက်နေပြီး နိုင်ငံရေး မငြိမ်မသက်မှုတွေကို ရှောင်ရှားနိုင်ဖို့အတွက် အစီမစဉ်ကို အနည်းငယ်ဆွဲဆန့်ထားမှာဖြစ် တယ်လို့ သမီးဖြစ်သူ ဖယ်တုံတန် ရှင်ဝါထရာ ကပြောပါတယ်။ နှစ်ပေါင်းများစွာ ပြည်ပရောက်နေခဲ့တဲ့ သက်ဆင်ရဲ့ အိမ်ပြန်ခရီးကို သူ့ရဲ့သမီးဖြစ်သူက အတည်ပြုပြောဆိုထားခဲ့ပြီး နိုင်ငံရေးတည်ငြိမ်မှုရတဲ့အထိ စောင့်ဆိုင်းမှာဖြစ်တယ်လို့ သိရပါတယ်။ “သူ သေချာပေါက် ပြန်လာမှာပါ။ ဇူလိုင်ထဲမဟုတ်ရင်တောင်…

အာဇာနည်နေ့ ဂုဏ်ပြုအခမ်းအနားလာမယ့်သူတွေ ဖုန်းအပါအဝင် ပစ္စည်း(၁၀)မျိုး ယူမလာဖို့ စစ်ကောင်စီပိတ်ပင်

နေပြည်တော် – ဇူလိုင်(၁၃) ဇူလိုင်လ(၁၉) ရက်နေ့မှာ ကျရောက်မယ့် (၇၆) ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပ မယ့်နေရာတွေကို လာရောက်မယ့်သူတွေအနေနဲ့ လက်ကိုင်ဖုန်းအပါအဝင် ပစ္စည်း(၁၀) မျိုးယူ မလာဖို့ စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ အာဇာနည်နေ့မှာ အာဇာနည် ဗိမ္မာန်၊အတွင်းဝန်ရုံးနဲ့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တွေကိုလာ ရောက်သူတွေအနေနဲ့ လက်ကိုင်ဖုန်း၊လက်ကိုင်အိတ်၊ကင်မရာ၊ပန်းခွေ၊ပန်းစည်း၊ အလံ၊မီးခြစ်၊ ဗီနိုင်း၊ပုလင်း-ဗူး၊ဘောပင်နဲ့ တုတ်အမျိုးမျိုးကို ယူဆောင်ခွင့်မပြုဘူးလို့ ဆိုထားတာပါ။ ဒီနှစ်…

AA နဲ့ ပတ်သက်တယ်ဆိုတဲ့ စွဲချက်နဲ့ဖမ်းဆီးထားသူတွေကို စစ်ကောင်စီ ထောင်(၄)နှစ်စီချမှတ်

တောင်ကုတ် – ဇူလိုင်(၁၃) ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်က ဒေသခံ(၆) ဦးကို ရက္ခိုင့်တပ်တော် AA နဲ့ ပတ်သက်တယ် ဆို တဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၂(က) နဲ့ ဇူလိုင် လ(၁၁) ရက်နေ့မှာထောင်ဒဏ် (၄) နှစ်စီ ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ စွပ်စွဲဖမ်းဆီးခံရသူတွေကို စစ်ကောင်စီဘက်က ဖမ်းဆီးချိန်မှာ ဘာသက်သေအထောက်အထားမှ…

သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ရဲ့ အဂတိမှုတွေကို တရားလွှတ်တော်ချုပ်မှာ ကြားနာခဲ့

နေပြည်တော် – ဇူလိုင်(၁၃) နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စွပ်စွဲထားတဲ့ အမှုတွေထဲက ရဟတ်ယာဉ်ငှားရမ်း၊ဝယ်ယူမှုနဲ့ ပတ်သက်တဲ့ အဂတိအမှု(၅) မှုကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ စစ်ဆေးခဲ့ကြတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ် ကို ပြောပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လ(၁၂) ရက်နေ့မှာ စစ်ဆေးခဲ့ကြတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်က အမှု လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက စွပ်စွဲချက်တွေဟာ ဥပဒေနဲ့ မညီတဲ့အတွက်…

“ကျွန်တော်တို့မှာ အခက်အခဲဆုံးအပိုင်းကို ပြောမယ်ဆိုရင် ကာကွယ်ရေးပိုင်း နဲ့ တရားစီရင်ရေးအပိုင်းတွေပါပဲ”

မွန်ပြည်ကြားကာလပူးပေါင်းဆောင်ရွက်ရေး ကော်မတီကနေ ပြောင်းလဲဖွဲ့စည်းထားတဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ဟာ ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးကော်မတီအောက်ကနေ လုပ်ငန်းကဏ္ဍ ၁၀ ခု စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် MSFC ရဲ့ ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးအကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေ၊ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကောင်စီဝင်…