အမေရိကန် ကလက်စတာဗုံးတွေ ယူကရိန်းကိုရောက်နေပြီလို့ နှစ်ဘက်စစ်ဗိုလ်ချုပ်တွေ အတည်ပြု
ဝါရှင်တန် – ဇူလိုင်(၁၅) ရုရှားရဲ့ ကျူးကျော်မှုကို ရင်ဆိုင်နေရတဲ့ ယူကရိန်းနိုင်ငံကိုထောက်ပံ့ဖို့ အမေရိကန်ဘက်က သဘောတူထားတဲ့ အငြင်းပွားဖွယ်ရာ အစုလိုက်အပြုလိုက်သေစေနိုင်တဲ့ အမေရိကန်လုပ် ကလက်စတာဒုံးကျည်တွေ ယူကရိန်းကို ရောက်ရှိနေပြီလို့ နှစ်ဘက်စစ်ရေးအရာရှိတွေက ပြောပါတယ်။ “ကျွန်တော်တို့က အဲဒါတွေကို အခုပဲရထားပြီးပါပြီ၊ အဲဒါတွေကို မသုံးရသေးဘူး၊ ဒါပေမယ့် စစ်မြေပြင်ကို သိသိသာသာ ပြောင်းလဲသွားနိုင်ပါတယ်” လို့ ဗိုလ်မှူးချုပ် အိုလက်ဇန်းဒါး တာနဗ်စကီက…