“အာဆီယံကိုယ်တိုင်က သူတို့ရဲ့အုပ်ချုပ်သူ လူတန်းစားအတွက် လည်ပတ်နေတဲ့ အစုအဖွဲလို့ ပြောမယ်ဆို ပြောလို့ရတယ်။ မြန်မာပြည်သူတွေ လိုလားတဲ့အဖြေကို အာဆီယံကနေ ဖော်ဆောင်ပေးနိုင်မှာတော့ မဟုတ်ဘူး”
အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကို ဇူလိုင် ၁၁ ရက်ကနေ ဇူလိုင် ၁၄ ရက်နေ့အထိ အာဆီယံအလှည့်ကျ ဥက္ကဌ နိုင်ငံအင်ဒိုနီးရှားရဲ့ မြို့တော် ဂျာကာတာမှာ ကျင်းပနေတာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးမှာ မြန်မာ့အရေးဆိုင်ရာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှုအပေါ် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက ပြန်လည်သုံးသပ်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ ၂ နှစ် ကျော်ကြာတဲ့အထိ အာဆီယံဘုံသဘောတူညီချက်တွေကို…