July 2023

ကျိုက်ထိုမှာ နွားကျောင်းသား ကလေးငယ်တစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီးသေဆုံး

ကျိုက်ထို၊ ဇူလိုင်(၁၆) မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ ဝါးဒက်ကွင်းကျေရွာနဲ့ ကညင်အိုင်ကျေးရွာအကြား ဝက်ဝံတောင်ဘက်မှာ နွားကျောင်းသွားတဲ့ ကလေးငယ်တစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့ မနက်ပိုင်းက ဝါးဒက်ကွင်းကျေးရွာနေ အသက် ၁၂ အရွယ် မောင်အေးချမ်းဟာ နေအိမ်ကနေ နွားကျောင်းထွက်စဉ် ဝက်ဝံတောင် အရိုးအိုးလမ်းဆုံအရောက်မှာ မြေမြှုပ်မိုင်းနင်းမိခဲ့တာပါ။ မြေမြှုပ်မိုင်းနင်းမိတာကြောင့်…

မွန်ပြည်နယ်ရဲ့ဒေသတချို့မှာ မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးကင်းလှည့်တာတွေရှိနေ

မုဒုံ၊ ဇူလိုင်(၁၆) မွန်ပြည်သစ်ပါတီရဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA) တပ်ဖွဲ့ဝင်တွေဟာ မွန်ပြည်နယ်ရှိ မြို့နယ်သုံးခုအတွင်းက ကျေးရွာတွေနဲ့ ကားလမ်းမတွေမှာ လုံခြုံရေးကင်းလှည့်တာတွေ ရှိလာတယ်လို့ မွန်ဒေသခံတွေဆီက သိရပါတယ်။ ဇူလိုင် ဒုတိယပတ်ကစပြီး မုဒုံမြို့နယ်တောင်ပိုင်းက ကျေးရွာတချို့နဲ့ ညောင်ကုန်းကျေးရွာ အနီးတဝိုက် မုဒုံ-သံဖြူဇရပ် ကားလမ်းမတစ်လျှောက်မှာ စစ်ယူနီဖောင်းဝတ်စုံအပြည့်နဲ့ လုံခြုံရေးကင်းလှည့်တာတွေ လုပ်ဆောင်နေတာပါ။ ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လှုပ်ရှားမှုအားကောင်းတဲ့ ရေးမြို့နယ်ခေါဇာမြို့ဘက်ခြမ်းမှာ လွန်ခဲ့တဲ့သုံးလလောက်ကတည်းက…

လုံခြုံရေးတင်းကျပ်ထားတဲ့ မော်လမြိုင်မြို့မှာ လူသတ်လုယက်မှုတွေ ခပ်စိပ်စိပ်ဖြစ်လာ

မော်လမြိုင်၊ ဇူလိုင်(၁၆) လုံခြုံရေးအထူးတင်းကျပ်ထားတဲ့ မွန်ပြည်နယ်ရဲ့ မြို့တော် မော်လမြိင်မြို့မှာ စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်ကျော်ကာလအတွင်း လူသတ်လုယက်မှုတွေ ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့က မော်လမြိုင်မြို့ တောင်ရိုးတန်းရှိ လူမနေတဲ့အဆောက်အဦးအနီးမှာ အ မျိုးသားတစ်ဦးကိုသတ်ကာ ဆိုင်ကယ်နဲ့ ဖုန်းအပါအဝင် ပစ္စည်းတချို့ လုယက်သွားတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် ဇူလိုင် ၁၀…

လောင်းလုံးမှာ စစ်တပ်လက်နက်ကြီးပစ်ခတ်နေလို့ ဒေသခံ ၃၀၀၀ ကျော် ပြေးနေရ

လောင်းလုံး၊ ဇူလိုင်(၁၆) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ နာခံတောကျေးရွာတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ ကျေးရွာတွေထဲ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ပြည်သူလူထူ ၃၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့ နေ့လည်ပိုင်းမှာ နာခံတောကျေးရွာ တောင်ပေါ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးနဲ့ သွားရောက်တိုက်ခိုက်ရာကနေ စစ်ကောင်စီဘက်က ကျေးရွာတွေထဲ…

ဆောမြို့နယ် ရင်းကဲရွာကို စစ်ကောင်စီတပ် မီးလောင်ဗုံးနဲ့ပစ်ခတ်ပြီး ရွာလုံးကျွတ်မီးရှို့နေ

ဆော – ဇူလိုင်(၁၅) မကွေးတိုင်း၊ဆောမြို့နယ် လောင်းရှည်ဒေသ ရင်းကဲရွာကို စစ်ကောင်စီတပ်က မီးလောင်ဗုံး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ရွာလုံးကျွတ်မီးရှို့နေတာကြောင့် ပြည်သူတွေထွက်ပြေး နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ(၁၄) ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ရင်းကဲကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး ကျေးရွာကိုမီးရှို့ဖျက်ဆီး ခဲ့တဲ့အတွက် အသက်(၁၂) နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးပြီး အိမ်(၃၀၀)…

စစ်တပ်ရဲ့ လိင်အကြမ်းဖက်မှုတွေရပ်တန့်အောင် ချက်ချင်းလုပ်ဆောင်ဖို့ ဦးကျော်မိုးထွန်း တိုက်တွန်း

ဝါရှင်တန် – ဇူလိုင်(၁၅) မြန်မာနိုင်ငံက အမျိုးသမီးတွေအပေါ်မှာ စစ်ကောင်စီတပ်ကျူးလွန်နေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်အောင် လုပ်ဆောင်ပေးဖို့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ(၁၃) ရက်နေ့က ပြုလုပ်တဲ့ အမျိုးသမီး၊ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး Open Debateပြုလုပ်ချိန်မှာ အခုလို ပြောခဲ့တာပါ။ စစ်တပ်ဟာ…

ဘော်လခဲမြို့ထဲ စစ်တပ်ဝင်ရောက်တပ်စွဲထားတာကြောင့် ပြည်သူ (၅၀၀) ကျော်ပိတ်မိ၊ မြို့ပြင်ထွက်သူတွေ ပစ်သတ်ခံနေရ

ဘော်လခဲ – ဇူလိုင်(၁၅) ကယားပြည်နယ်၊ဘော်လခဲခရိုင်၊ရွာသစ်မြို့ထဲကို စစ်တပ်ဝင်ရောက်တပ်စွဲပြီးနောက် ဒေသခံတွေကို မြို့ပြင်ပေးမထွက်တော့တဲ့အတွက် ပြည်သူ(၅၀၀) ကျော်ပိတ်မိနေပြီး အပြင်ထွက်ဖို့ ကြိုးပမ်းသူတွေကို ပစ်ခတ်သတ်ဖြတ်ထားတာ (၆)ဦးအထိရှိနေပြီလို့ ကရင်နီအစိုးရအဖွဲ့က သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လကုန်လောက်က စစ်ကောင်စီတပ်ဟာ ရွာသစ်မြို့အရှေ့ဘက်က မဝင်ရောက်ဘဲ မြို့ကိုဝိုင်းပြီး ဘက်ပေါင်းစုံက ဝင်ရောက်ခဲ့တဲ့အတွက်ပြည်သူတွေပိတ်မိနေတာပါ။ လက်ရှိမှာတော့ ပိတ်မိနေတဲ့ အရပ်သားတွေဟာ မြို့ကိုဝင်ထွက်ခွင့်ရဖို့ စစ်တပ်ရဲ့ ခွင့်ပြုချက်တောင်းခံနေရပြီး…

ရေးအခြေစိုက်စစ်ဌာနချုပ်နဲ့ တပ်ရင်းတွေ မောင်းသူမဲ့လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

ရေး – ဇူလိုင်(၁၅) မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ တပ်ရင်းတချို့ကို မောင်းသူမဲ့လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစု တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့က စစ်ကောင်စီရဲ့ စ.က.ခ(၁၉) အပါအဝင် ရေး-ထားဝယ်ကားလမ်းရှိ ခြေလျင်တပ်ရင်း ခလရ(၆၁) နဲ့ အမှတ် (၃၁၆) အမြောက်တပ်တို့ကို တော်လှန်ရေးအင်အားစုတွေက…