July 2023

အာဏာသိမ်းစစ်တပ်ဂဠုန်ဦးစောလို အာဏာလောဘဇောတိုက်နေတယ်လို့ မွန်ပြည်ဖက်ဒရယ် ကောင်စီပြော

မော်လမြိုင်၊ ဇူလိုင်(၂၀) အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံအာဏာကို ဂဠုန်ဦးစောလို အာဏာလောဘဇောနဲ့ လက်နက်အားကိုးပြီး အာဏာလုယူ ဗိုလ်ကျစိုးမိုးနေတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက (၇၆) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့တဲ့သဝဏ်လွှာမှာ ဖော်ပြပါတယ်။ ပြည်သူတွေအပေါ် စစ်ကောင်စီတပ်ရဲ့အကြမ်းဖက်ညှင်းဆဲသတ်ဖြတ်မှုဟာ အခုချိန်မှာတော့ အကျည်းတန်ဆုံးအခြေအနေသို့ ဆိုက်ရောက်နေခဲ့ပြီလို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက ဆိုပါတယ်။ ၁၉၄၇ ခုနှစ်ဇူလိုင်လ(၁၉) ရက်နေ့မှာ အာဏာကိုဖြတ်လမ်းကရယူလိုတဲ့ ဂဠုန်ဦးစောနဲ့လူတစ်စူရဲ့ အကြမ်းဖက်လုပ်ရပ်ကြောင့် ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ…

KNU ဖာပွန်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးများပြားနေ

ဖာပွန်၊ ဇူလိုင်(၂၀) ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်ဖွဲ့တို့အကြား လဝက်အတွင်း တိုက်ပွဲပေါင်း(၁၆၀)ကျော်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က (၅၀)နီးပါး သေဆုံးခဲ့တယ်လို့ KNU တပ်မဟာ(၅)ဌာနချုပ်က ဇူလိုင် ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ KNU ဖာပွန်ခရိုင်ထဲမှာ ဇူလိုင်(၁)ရက်နေ့ကနေ (၁၅)ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၅) တပ်ဖွဲ့တို့အကြား တိုက်ပွဲပေါင်း(၁၆၅)ကြိမ်ဖြစ်ပွားခဲ့ပြီး…

စစ်အာဏာသိမ်း (၈၉၉)ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၈၁၀ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင်(၂၀) AAPP ရဲ့ ဇူလိုင်(၁၉)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၈၉၉)ရက်အတွင်း ပြည်သူ (၃၈၁၀)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၃၉၆၂ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၈၄) ဦး ဖြစ်ပါတယ်။အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

ကော့ကရိတ်မှာ လက်နက်ကြီးကျလို့ အရပ်သား ၇ ဦး ထိမှန်ဒဏ်ရာရ

ကော့ကရိတ်၊ ဇူလိုင်(၂၀) စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ်ကို လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် အရပ်သားပြည်သူ ၇ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇူလိုင် ၁၉ ရက်နေ့ မနက် ၇ နာရီဝန်းကျင်က ကော့ကရိတ်အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ(၉၇) ၊ ခရိုင်ရဲတပ်ဖွဲ့ရုံးရဲဝင်းနဲ့ ခနိမ့်မူး အမှတ် ၃…

မွန်ပြည်နယ်ရေကြီးမှုကြောင့် ကလေးငယ် ၃ ဦး သေဆုံး ၃ ဦးပျောက်ဆုံးနေ၊ ထောင်ချီရေဘေးသင့်

မော်လမြိုင်၊ ဇူလိုင်(၂၀) မွန်ပြည်နယ်တဝှမ်း ရေကြီးရေလျှံမှုကြောင့် ကလေးငယ် ၃ ဦးသေဆုံးပြီး ၃ ဦးပျောက်ဆုံးနေသလို ရေဘေးသင့်ပြည်သူထောင်ချီရှိနေတယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ဇူလိုင် ၁၈ ရက်နေ့ မနက်ပိုင်းကစပြီး မွန်ပြည်နယ်ရှိ ရေး၊ မုဒုံ၊ သံဖြူဇရပ်၊ ချောင်းဆုံ၊ မော်လမြိုင်နဲ့ ပေါင်မြို့နယ်တို့မှာ မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် ရေကြီးရေလျှံတာ၊ ကားလမ်းရေကျော်တာနဲ့ တောင်မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။…

ကျိုက်ထိုတိုက်ပွဲအတွင်း အရပ်သား ၃ ဦး ပစ်သတ်ခံရပြီး ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးနေရ

ကျိုက်ထို၊ ဇူလိုင်(၂၀) ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ ကျိုက်ထိုမြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၃ ဦးကို ပစ်သတ်ခဲ့ပြီး ဒေသခံ ၃၀၀၀ ကျော်လည်း ထွက်ပြေးနေရတယ်လို့ KNU သထုံခရိုင်က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့ကစပြီး တပ်အင်အား ၁၅၀ နီးပါးပါတဲ့ စစ်ကောင်စီ စစ်ကြောင်းက KNU…

တနင်္သာရီမြို့နယ်ထဲမှာ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဖြစ်ပွားလာ

တနင်္သာရီ၊ ဇူလိုင်(၂၀) စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား နေ့စဉ်ရက်ဆက် တိုက်ပွဲတွေ ဖြစ်ပွားလာတယ်လို့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းက ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့ကစပြီး တနင်္သာရီမြို့နယ်ထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် နေ့စဉ်ရက်ဆက် တိုက်ပွဲတွေ ဖြစ်ပွားလာတာပါ။ ဇူလိုင်…

ဆန္ဒပြမှုတွေဟာ တရားစီရင်ရေး ပြန်လည်ပြင်ဆင်မှုအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း အစ္စရေး ဝန်ကြီးပြော

ဂျေရုဆလင်၊ ဇူလိုင်(၂၀) နိုင်ငံတွင်းဆန္ဒပြမှုတွေဟာ ကြီးကြီးမားမား ပိုမိုဖြစ်ပွားလာပါက အစ္စရေးအစိုးရဟာ တရားစီရင် ရေးကဏ္ဍကို ပြန်လည်ပြင်ဆင်ဖို့ သူ့ရဲ့ သဘောထားကွဲလွဲမှုကို ပြန်လည်စဉ်းစားနိုင်ဖွယ်ရှိတယ် လို့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးက ဇူလိုင်လ (၁၉) ရက်နေ့က ပြောကြားခဲ့ပါတယ်။ လာမယ့် ဇူလိုင်လ (၂၃)နဲ့ (၂၄) ရက်နေ့တို့မှာ အတည်ပြုဖို့ တရားရုံးချုပ်ရဲ့ အခွင့်အာဏာတွေကို ကန့်သတ် မယ့် အပြိုင်အဆိုင်…

သမ္မတဟောင်းဒူတာတေးရဲ့ မူးယစ်ဆေးဝါး စစ်ပွဲကိစ္စ ICC ကတိုက်ရိုက်စစ်ဆေးဖို့ ဆုံးဖြတ် ချက်ကို ဖိလစ်ပိုင်အစိုးရ ပိတ်ဆို့ဖို့ ကြိုးစား

မနီလာ – ဇူလိုင်(၂၀) ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးရဲ့ မူးယစ်ဆေးဝါးစစ်ပွဲအတွင်း ထောင်နဲ့ချီတဲ့လူတွေ သတ်ဖြတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ပိတ်ဆို့တားဆီးဖို့ ဖိလစ်ပိုင်အစိုးရ ရဲ့ ကြိုးပမ်းမှုကို နိုင်ငံတကာတရားရုံး ICC ရဲ့ အယူခံတရားသူကြီးတွေက ပယ်ချခဲ့ပါတယ်။ မစ္စတာဒူတာတေး အုပ်ချုပ်မှုအောက်မှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေ အတွက် ဖြစ်နိုင်ချေရှိတဲ့ အမှုအခင်းတွေကို တရားဝင်စုံစမ်းစစ်ဆေးဖို့ ICC…

ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ တရုတ်ကာကွယ်ရေးဝန်ကြီးနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟောင်း ပေကျင်းမှာတွေ့ဆုံ

ပေကျင်း – ဇူလိုင်(၂၀) အမေရိကန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့မှု ခံထားရတဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်ဖူနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟန်ရီကစ်စမ်ဂျာဟာ ပြီးခဲ့တဲ့ ဇူလိုင်လ(၁၈) ရက်နေ့က ပေကျင်းမှာ တွေ့ဆုံခဲ့တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။ ဟန်ရီကစ်စမ်ဂျဟာ ပုဂ္ဂလိက ပြည်သူတစ်ဦးအဖြစ် လီနဲ့ တွေ့ဆုံခဲ့တာဖြစ်တယ်လို့ နိုင်ငံခြားရေး ဌာန ပြောရေးဆိုခွင့်ရှိသူ မတ်သရူး မီလာက ပြောခဲ့တာပါ။ ဒါ့အပြင်သူဟာ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ…