July 2023

ဆောမြို့အနီးတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ PDF ရဲဘော်တွေရဲ့ ခန္ဓာကိုယ်တွေ အပိုင်းပိုင်းခုတ်ခံထားရ

ဆော – ဇူလိုင်(၂၂) မကွေးတိုင်း၊ဆောမြို့အနီးမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ PDF ရဲဘော်တွေရဲ့ ခန္ဓာကိုယ်တွေကို စစ်ကောင်စီတပ်သားတွေက အပိုင်းပိုင်းခုတ်ဖြတ်သွားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ(၁၅) ရက်နေ့က ရင်းကဲကျေးရွာတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ပ.က.ဖ ရဲဘော်(၃) ဦးနဲ့ PDF ရဲဘော်(၂) ဦးရဲ့ ရုပ်အလောင်းတွေကို အခုလိုလုပ်ခံခဲ့ရတာပါ။ “ခွေးက ခွေးလိုပဲကျင့်ကြံတဲ့သဘောပါ။ တိုက်ပွဲ…

“သူ(မင်းအောင်လှိုင်)က ကသက်တမ်းခြောက်လထပ်တိုးမယ်။ အခုနည်းအတိုင်းပဲ လက်နက်နဲ့ပဲဖြေရှင်းမှာ။ လက်နက်နဲ့ပဲ တိုက်ခိုက်ပြီးတော့ ဖြေရှင်းမှာ”

စစ်အုပ်စု သက်တမ်းထပ်ထိုးထားတဲ့ အရေးပေါ်ကာလဟာ လာမယ့်ဇူလိုင် ၃၁ ရက်နေ့မှာ ကုန်ဆုံးတော့မှာ ဖြစ်ပြီး စစ်ကောင်စီက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူကျင်းပသွားဖို့ ပြင်ဆင်ထား ပါတယ်။ အရေးပေါ်ကာလ ကုန်ဆုံးကာနီးပါးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က နိုင်ငံတ ဝန်းမှာ လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် အပြည့်အဝဆောင်ရွက်နိုင်ဖို့ အလေးထားရမယ့် လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ပြောဆိုလာတာပါ။…

ကျုံဒိုးမှာ စစ်တပ်လက်နက်ကြီးကျလို့ ကလေးငယ် ၂ ဦး ထိမှန်ဒဏ်ရာရ

ကျုံဒိုး၊ ဇူလိုင်(၂၂) ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် တပ်မဟာ (၆)၊ ကျုံဒိုးမြို့ နယ်၊ ကျောက်အိုင်အုပ်စု၊ ရွှေဝါချောင်ကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ဇူလိုင် ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မုဒုံမြို့နယ်ခုနှစ်ခွေတောင်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီအမှတ် (၃၁၃) အမြောက်တပ်ဟာ ဇူလိုင်…

ကျိုက်ထိုမှာ စစ်တပ်ဖမ်းဆီးထားတဲ့ ရွှေတွင်းလုပ်သား ၅၀ နီးပါး တစ်ပတ်ကြာတဲ့အထိ ပြန်မလွတ်သေး

ကျိုက်ထို၊ ဇူလိုင်(၂၂) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ ရွှေတွင်းလုပ်သားတွေနဲ့ မိသား စုဝင် ၅၀ နီးပါးဟာ တစ်ပတ်ကြာတဲ့အထိ ပြန်မလွတ်လာသေးဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာ ဆီအုန်းခြံအနောက်ဘက်မှာရှိတဲ့ ကိုအောင်နိုင်ရဲ့ ရွှေတူးဖော်ရေးလုပ်ငန်းကို ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့မှာ တပ်အင်အား ၆၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့…

စစ်အာဏာသိမ်း (၉၀၁)ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၈၁၉ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင်(၂၂) AAPP ရဲ့ ဇူလိုင်(၂၁)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၀၁)ရက်အတွင်း ပြည်သူ (၃၈၁၉)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၃၉၈၀ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၈၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး…

မွန်ပြည်နယ်ရဲ့ သဘာဝဘေးဖြစ်စဉ်အပေါ် စစ်ကောင်စီကူညီပေးမှု မရှိသလောက်နည်းပါးခဲ့

မော်လမြိုင်၊ ဇူလိုင်(၂၂) မွန်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုနဲ့ သဘာဝဘေး ဖြစ်စဉ်တွေအပေါ် စစ်ကောင်စီရဲ့ ကူညီဆောင်ရွက်ပေးမှု မရှိသလောက် နည်းပါးခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ မွန်ပြည်နယ်ရဲ့ မြို့နယ်တွေဖြစ်တဲ့ မော်လမြိုင်၊ ချောင်းဆုံ၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရော၊…

တိုက်ပွဲတွေကြောင့် တနင်္သာရီတိုင်းမှာ စစ်ရှောင်တွေထပ်တိုးလာ

တနင်္သာရီ၊ ဇူလိုင်(၂၂) တနင်္သာရီတိုင်းဒေသကြီးထဲမှာ ပြီးခဲ့တဲ့ဇူလိုင်ဒုတိယအပတ်ကစပြီး တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားလာတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်အရေအတွက် ထပ်တိုးလာတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တနင်္သာရီတိုင်းရဲ့ မြို့နယ်တွေဖြစ်တဲ့ တနင်္သာရီ၊ ရေဖြူ၊လောင်းလုံးနဲ့ သရက်ချောင်းမြို့နယ်တို့ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲတွေနေ့စဉ်ရက်ဆက် ဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၅၀၀၀ ကျော်ဟာ နီးစပ်ရာတောတောင်တွေနဲ့ ဘေးလွတ်ရာ နေရာတွေကို…

မွန်ပြည်နယ်ရေကြီးရေလျှံမှုမှာ ၄ ဦး သေဆုံး၂ ဦး ဒဏ်ရာရ

မော်လမြိုင်၊ ဇူလိုင်(၂၂) မွန်ပြည်နယ်တဝှမ်း ရေကြီးရေလျှံမှုဖြစ်စဉ်အတွင်း ကလေးငယ်တွေအပါအဝင် ၄ ဦး ရေနစ်သေဆုံးပြီး ဒဏ်ရာရသူ ၂ ဦး ရှိတယ်လို့ သံလွင်တိုင်းမ်က ကောက်ယူထားတဲ့စာရင်းတွေအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်နေ့ မနက်ပိုင်းကတည်းက မိုးအဆက်မပြတ် ရွာသွန်းခဲ့တဲ့အတွက် မွန်ပြည်နယ်ရဲ့ မော်လမြိုင်၊ ရေး၊ ပေါင်၊ ချောင်းဆုံ၊ မုဒုံ၊သံဖြူဇရပ်နဲ့ကျိုက်မရောမြို့နယ်တို့မှာ ရေကြီးရေလျှံတာနဲ့ တောင်မြေပြိုမှုတွေ…

ညောင်လေးပင်ခရိုင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးတယ်လို့ KNU ပြော

ညောင်လေးပင်၊ ဇူလိုင်(၂၂) ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့တစ်ပတ်က ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့တယ်လို့ KNU ဗဟိုက ဇူလိုင် ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ KNU ရွှေကျင်မြို့နယ်ထဲမှာ စစ်ကောင်စီ ပျူစောထီးပူးပေါင်းတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်…

ဆိုးလ်မြေအောက်ရထားဘူတာရုံတစ်ခုအနီး ဓားဖြင့်ထိုးမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိ

ဆိုးလ်၊ ဇူလိုင်(၂၂) တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ရှိ မြေအောက်ရထားဘူတာရုံတစ်ခုအနီးမှာ ဇူလိုင်လ (၂၁) ရက်နေ့က အမျိုးသားတစ်ဦး ဓားဖြင့်ရမ်းကားမှုကြောင့် လူတစ်ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ ဆိုးလ်အနောက်တောင်ပိုင်းရှိ ဆယ်လင်မ်မြေအောက်ရထားဘူတာရုံအနီးမှာ ဖြစ်ပွားခဲ့ ခြင်းဖြစ်ပြီး သံသယရှိသူကို အခင်းဖြစ်နေရာမှာပဲ ရဲတပ်ဖွဲ့ဝင်တွေက ထိန်းသိမ်းနိုင်ခဲ့ ကြောင်း သိရပါတယ်။ “သံသယရှိသူဟာ အသက် (၃၀)…